Author: RNA Editor

  • ဆက်ကြေးကောက်သည်ဟု PLA အပေါ်သုံးနှုန်းပြောဆိုခြင်းသည် ရန်သူ၏ အသုံးအနှုန်းမျိုးသာဖြစ်သည်ဟု ဒေါ်နီနီကျော်ပြော

    ဆက်ကြေးကောက်သည်ဟု PLA အပေါ်သုံးနှုန်းပြောဆိုခြင်းသည် ရန်သူ၏ အသုံးအနှုန်းမျိုးသာဖြစ်သည်ဟု ဒေါ်နီနီကျော်ပြော

    RNA_ဇူလိုင်(၁၈)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာအနီးတစ်ဝိုက်အပါအဝင် တစ်အခြားသေဒေသများတွင်ပါ ပြည်သူများထံမှ ဆက်ကြေးကောက်ခြင်းမရှိသည့်အပြင် PLA ကို ဆက်ကြေးကောက်သည်ဟု သုံးနှုန်းခြင်းသည် နိုင်ငံရေးအရ မရိုးသားခြင်းနှင့် ရန်သူ၏ အသုံးအနှုန်းမျိုးသာဖြစ်သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA အထွေထွေအတွင်းရေးမှူး ဒေါ်နီနီကျော်က ပြောသည်။

    PLA အနေဖြင့် ပုလဲမြို့နယ်အတွင်း ပြည်သူများထံမှ အဓမ္မဆက်ကြေးကောက်ခြင်းမရှိသည့်အပြင် ရှမ်းမြောက်အပါအဝင် PLA တပ်ဖွဲ့များရှိသည့် မည့်သည့်နေရာတွင်မှ ဆက်ကြေးကောက်ခြင်းမရှိကြောင်း၊ ယခု PLA ဆက်ကြေးကောက်သည်ဟု ပြောဆို ရေးသားနေကြခြင်း စစ်ကောင်စီအကြိုက် ရန်သူ့အသုံးအနှုန်းသာဖြစ်သည်ဟု ဒေါ်နီနီကျော်က ပြောထားသည်။

    (more…)

  • ဖားကန့် အထက ကျောင်းအရှေ့ဘက် လက်နက်ကြီးကျပေါက်ကွဲ ဒဏ်ရာရရှိသူများရှိ

    ဖားကန့် အထက ကျောင်းအရှေ့ဘက် လက်နက်ကြီးကျပေါက်ကွဲ ဒဏ်ရာရရှိသူများရှိ

    RNA_ဇူလိုင်(၁၈)၊၂၀၂၅ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အထကကျောင်းအရှေ့ဘက် ယနေ့ ညနေ (၄) နာရီခန့်က လက်နက်ကြီးကျပေါက်ကွဲခဲ့သည့်အတွက် လမ်းသွားလမ်းလာနှင့် စျေးရောင်းချသူတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    အထက ကျောင်းအရှေ့ဘက် ပေါက်ကွဲမှုဖြစ်သောနေရာတွင် ရေခဲမုန့်ရောင်းချသူ အမျိုးသမီးတစ်ဦး၊ CR7 အားကစားပစ္စည်းဆိုင်မှ အမျိုးသမီးနှစ်ဦး၊ ဆိုင်ကယ်မောင်းနှင်လာသည့် လမ်းသွာလာ အမျိုးသားနှစ်ဦးတို့အပါအဝင် (၅) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးစိုးရိမ်ရသည်ဟု ဒေသခံထံမှ သိရသည်။

    (more…)

  • အသက် (၁၅) နှစ်အရွယ် နှင့် ရဲအရာခံဗိုလ်အပါအဝင် စစ်သုံ့ပန်း (၄) ဦးကို PLA ပြန်လွှတ်ပေး

    အသက် (၁၅) နှစ်အရွယ် နှင့် ရဲအရာခံဗိုလ်အပါအဝင် စစ်သုံ့ပန်း (၄) ဦးကို PLA ပြန်လွှတ်ပေး

    RNA_ဇူလိုင်( ၁၈)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်ကောင်စီလက်အောက်ခံ အသက် (၁၅) နှစ်အရွယ် တပ်သားနှင့် ရဲအရာခံဗိုလ်အပါအဝင် စစ်သုံ့ပန်း (၄)ဦးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLAမှ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

    စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများမှာ ခမရ ၃၆ မှ တပ်သားရဲကျော်ကျော်၊ ခမရ ၂၅၅ မှ တပ်သား နေထက်လင်း၊ ရဲအရာခံဗိုလ် ရှိန်းကိုကိုကျော် နှင့် ခလရ ၅၀ မှ တပ်သားထွန်းမြေ့အေးတို့ကို လမ်းစားရိတ်အနေဖြင့် တစ်ဦးလျှင် တစ်သိန်းကျပ်ပေးကာ ဇူလိုင် (၁၁) ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း (၅) ဦးထဲမှ တပ်သားစိုးတာသည် ရောဂါဖြင့် ကွယ်လွန်သွားကြောင်း PLA ကထုတ်ပြန်ထားသည်။

    (more…)

  • လူမှုစောင့်ရှောက်ရေးအဖွဲ့ (SAW) ကို ဂျပန်အစိုးရမှ ကျောင်းကား (၂) စီးထောက်ပံ့

    လူမှုစောင့်ရှောက်ရေးအဖွဲ့ (SAW) ကို ဂျပန်အစိုးရမှ ကျောင်းကား (၂) စီးထောက်ပံ့

    RNA_ဇူလိုင်(၁၈)၊၂၀၂၅ခုနှစ်။

    ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့အခြေစိုက် ကလေးသူငယ်များနှင့် အမျိုးသမီးများအတွက် လူမှုစောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော Social Action for Children and Women (SAW) အဖွဲ့ကို ဂျပန်အစိုးရမှ ကျောင်းကား (၂) စီးထောက်ပံ့သည့် ပေးအပ်ပွဲအခမ်းအနားကို ယနေ့ (ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းက ပြုလုပ်ခဲ့သည်ဟု SAW အဖွဲ့ ဒါရိုက်တာ ဒေါ်အေးအေးမာက ပြောပြထားသည်။

    [embedyt] https://www.youtube.com/watch?v=rWA_S7np3U0[/embedyt]

    #RedNewsAgency #REDNEWS #RNA #maesot #saw

  • စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပကဖ ရဲဘော်ဇနှီးမောင်နှံနှင့် CDM ကျောင်းဆရာမတို့ ကွယ်လွန်

    စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် ပကဖ ရဲဘော်ဇနှီးမောင်နှံနှင့် CDM ကျောင်းဆရာမတို့ ကွယ်လွန်

    RNA_ဇူလိုင်(၁၇)၊၂၀၂၅ခုနှစ်။
    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကမ္ဘဲ့ကျေးရွာအတွင်း စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး နေအိမ်တစ်လုံးမီးလောင်နေသည့်အတွက် မီးသတ်နေစဉ် လက်နက်ကြီးထပ်မံပစ်ခတ်သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြို(ပ.က.ဖ)မှ ရဲဘော်ကောက်ကြီး (ခ) မောင်ရန်နိုင် (အသက်၂၀ နှစ်)နှင့် ဇနီးဖြစ်သူ မသဇင်ဝေ ( အသက်၂၄နှစ်)တို့အပြင် CDMကျောင်းဆရာမ မနွေဦးမေ (အသက် ၃၁ နှစ်)၊ ကမ္ဘဲ့ကျေးရွာတွင်နေထိုင်သူ မောင်ရှင်းလင်းကို ( အသက်၁၇နှစ်) တို့ ကွယ်လွန်ခဲ့ရသည်ဟု သိရသည်။

    (more…)

  • တော်လှန်ရေးတစ်ကယ်လုပ်မည်ဆိုပါက စစ်မှန်သောတော်လှန်ရေးဖြစ်ရန်လိုအပ်ဟု KNDO စစ်ဦးစီးချုပ်ပြော

    တော်လှန်ရေးတစ်ကယ်လုပ်မည်ဆိုပါက စစ်မှန်သောတော်လှန်ရေးဖြစ်ရန်လိုအပ်ဟု KNDO စစ်ဦးစီးချုပ်ပြော

    RNA_ဇူလိုင်(၁၆)၊၂၀၂၅ခုနှစ်။

    တော်လှန်ရေးကို အမှန်တစ်ကယ်လုပ်မည်ဆိုပါက စစ်မှန်သောတော်လှန်ရေးဖြစ်ရန် လိုအပ်သည်ဟု KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေမှ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့တွင် ပြောကြားလိုက်သည်။

    တော်လှန်ရေးကို အမှန်တကယ်လုပ်မယ်ဆိုမည်ဆိုပါက စစ်မှန်သော တော်လှန်ရေးဖြစ်ရန်လိုအပ်ကြောင်း၊ ကရင်ပြည်ရရှိရေးအတွက် ရန်ကူပြိုကျသွားရန် ရှင်းလင်းသော ရည်မှန်းချက် တိတိကျကျရှိရန်လုပ်အပ်ကြောင်း၊ ရည်မှန်းချက် မရှိပါက ခရီးတစ်ဝက်၌ စိတ်ဓာတ်ကျ၍ လက်လျော့သွားမည့်အပြင် အခြားသူများကိုပါ စိတ်ဓာတ်ကျရန် ပုတ်ခတ်ပြောဆိုမှုပြုလုပ်မည်ဖြစ်သည့်အတွက် တော်လှန်ရေးမကြာသင့်ဘဲ ကြာနေသည်ဟု KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေကပြောကြားထားသည်။

    (more…)

  • CNN အပါအဝင် Fox News, NBC, ABC စသည့် အမေရိကန်အခြေစိုက်သတင်းဌာနများကို မဟုတ်မမှန်အသုံးချပြီး စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်နေ

    CNN အပါအဝင် Fox News, NBC, ABC စသည့် အမေရိကန်အခြေစိုက်သတင်းဌာနများကို မဟုတ်မမှန်အသုံးချပြီး စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်နေ

    Red News / Fact Check

    အမေရိကန်သမ္မတ ထရမ့်၏ ဇူလိုင် ၇ က ပေးပို့လာသော မြန်မာနိုင်ငံမှ သွင်းကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံမည့် အကြောင်းကြားစာအား စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဇူလိုင် ၁၀ တွင် အကြောင်းပြန်စာပေးပို့ခဲ့ခြင်းနှင့်ပတ်သက်၍ CNN အပါအဝင် Fox News, NBC, ABC စသည့် အမေရိကန်အခြေစိုက်သတင်းဌာနကြီးများက စစ်ခေါင်းဆောင်နှင့် ၎င်း၏အခွန်လျှော့ကောက်ရန် ပြန်လည်အကြောင်းကြားစာကို လွန်စွာနှစ်သက်သဘောကျနေကြောင်း စစ်တပ်လော်ဘီများက ဇူလိုင် ၁၂ တွင် စတင်ဝါဒဖြန့်ထားကြသည်။

    စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်မှုများ

    CNN သတင်းဌာန၏ ဇူလိုင် ၁၂ ဖော်ပြချက်အရ စစ်ကောင်စီ၏ ပြန်စာသည် အရှေ့တောင်အာရှနိုင်ငံများထဲတွင် အကောင်းဆုံး အကြောင်းပြန်ကြားချက် သဝဏ်လွှာဖြစ်ပြီး ထရမ့်က လွန်စွာသဘောကျနှစ်ခြိုက်နေကြောင်း၊ Fox News သတင်းဌာနကလည်း မဲခိုးမှုကို ကျော်လွှားနိုင်သော၊ မဟုတ်မခံ ပြတ်ပြတ်သားသားနှိမ်နင်းနိုင်သော ဗိုလ်ချုပ်ကြီးအဖြစ် ချီးမွမ်းနေကြောင်း၊ အကြောင်းပြန်စာအား သဘောကျလွန်း၍  အမေရိကန်သတင်းဌာနကြီးများမှ တစ်နာရီခြားတစ်ခါ တစ်တိုင်းပြည်လုံးကို တီဗီမှ ထုတ်လွှင့်ပြသနေကြောင်း၊ အမေရိကန်ပြည်ထောင်စုတွင် အုံးအုံးကျက်ကျက် ဟိုးလေးတကျော်ကျော် ဖြစ်နေကြောင်း၊ ထိုအကြောင်းများကြောင့် ထရမ့်အစိုးရက မြန်မာနိုင်ငံအပေါ် အခွန် ၂၀% နှင့်အောက်သာ ကောက်ခံသွားတော့မည်ဖြစ်ကြောင်း စသဖြင့် ရေးသားထားသောပို့စ့်ကို ဇွန် ၁၂ ညပိုင်းတွင် “နိုင်စိုးနှင့် အမျိုးများ”အမည်ခံ စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်က “ရွှေလမ်း ငွေလမ်းပေါက်ပါပြီ”ခေါင်းစဉ်ဖြင့် စတင်ဝါဒဖြန့်ဖော်ပြလာသည်။

    (more…)

  • စစ်ကောင်စီ၏ စစ်မှုထမ်းများထဲတွင် စိတ်ရောဂါဝေဒနာရှင်များပါရှိနေ

    စစ်ကောင်စီ၏ စစ်မှုထမ်းများထဲတွင် စိတ်ရောဂါဝေဒနာရှင်များပါရှိနေ

    RNA_ဇူလိုင်(၁၄)၊၂၀၂၅ခုနှစ်။
     
    စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းများခေါ်ဆောင်ရာတွင် စိတ်ရောဂါဝေဒနာရှင်၊ မသန်စွမ်းများကိုပါ စစ်မှုထမ်းခိုင်းနေသည်ဟု အဓမ္မစစ်မှုထမ်းအဖြစ်မှ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ထံ အလင်းဝင်လာသူ ကိုသိန်းထွန်းအောင်က ပြောပြထားသည်။

    (more…)

  • အရပ်သားပြည်သူများသေဆုံးမှုကို PDF များသေဆုံးသည်ဟုဆိုကာ စစ်တပ်လော်ဘီများ ပုံစံအမျိုးမျိုးဖြင့် ဝါဒဖြန့်

    အရပ်သားပြည်သူများသေဆုံးမှုကို PDF များသေဆုံးသည်ဟုဆိုကာ စစ်တပ်လော်ဘီများ ပုံစံအမျိုးမျိုးဖြင့် ဝါဒဖြန့်

    Red News / Fact Check

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာရှိ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းအား စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် ၃ ဦးအပါအဝင် စစ်ဘေးရှောင် အရပ်သားပြည်သူ ၃၀ ဝန်းကျင် သေဆုံးခဲ့ပြီး အယောက် ၅၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ခြင်းကို စစ်ကောင်စီလော်ဘီများက PDF များထိခိုက်သေဆုံးခြင်းသာဖြစ်သည်ဟု သတင်းမှန်ကို ဖုံးကွယ်လိမ်ညာနိုင်ရန် အင်တိုက်အားတိုက် ဝါဒဖြန့်ထားကြသည်။

    စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်မှုများ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များက အဆိုပါဖြစ်စဉ်အတွင်းမှ ဘုန်းကြီးကျောင်းကို PDF များ စခန်းချခိုအောင်းရာနေရာအဖြစ်လည်းကောင်း၊ လင်းတလူကျေးရွာကို PDF များစုဖွဲ့နေသော ရွာအဖြစ်လည်းကောင်း၊ သေဆုံးသူများကို PDF များအဖြစ်လည်းကောင်း၊ တာဝန်သိပြည်သူတစ်ဦး၏ နေရာနှင့်တကွ သတင်းပေးချက်အရ အတိအကျတိုက်ခိုက်ချေမှုန်းခဲ့ခြင်းအဖြစ်လည်းကောင်း စသဖြင့် ပုံစံအမျိုးမျိုးဖြင့် ပုံဖျက်ဝါဒဖြန့်ခဲ့ကြသည်။

    (more…)

  • ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

    ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

    RNA_ဇူလိုင်(၁၃)၊၂၀၂၅ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ဥကရစ်ထ စခန်းကို KNLA၊ PDF ဗျူဟာ (၃၂) တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင် ၁၂ ရက်နေ့ ညနေပိုင်းက သိမ်းပိုက်ရရှိမှုအတွင်း လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိသည်ဟု Cobra Column စစ်ကြောင်း(၁)၊ တပ်ခွဲ-၂ (PKYY)ကထုတ်ပြန်ထားသည်။

     

    Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
    #RedNewsAgency #REDNEWS #RNA