တော်လှန်ရေးတစ်ကယ်လုပ်မည်ဆိုပါက စစ်မှန်သောတော်လှန်ရေးဖြစ်ရန်လိုအပ်ဟု KNDO စစ်ဦးစီးချုပ်ပြော

RNA_ဇူလိုင်(၁၆)၊၂၀၂၅ခုနှစ်။

တော်လှန်ရေးကို အမှန်တစ်ကယ်လုပ်မည်ဆိုပါက စစ်မှန်သောတော်လှန်ရေးဖြစ်ရန် လိုအပ်သည်ဟု KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေမှ (၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့တွင် ပြောကြားလိုက်သည်။

တော်လှန်ရေးကို အမှန်တကယ်လုပ်မယ်ဆိုမည်ဆိုပါက စစ်မှန်သော တော်လှန်ရေးဖြစ်ရန်လိုအပ်ကြောင်း၊ ကရင်ပြည်ရရှိရေးအတွက် ရန်ကူပြိုကျသွားရန် ရှင်းလင်းသော ရည်မှန်းချက် တိတိကျကျရှိရန်လုပ်အပ်ကြောင်း၊ ရည်မှန်းချက် မရှိပါက ခရီးတစ်ဝက်၌ စိတ်ဓာတ်ကျ၍ လက်လျော့သွားမည့်အပြင် အခြားသူများကိုပါ စိတ်ဓာတ်ကျရန် ပုတ်ခတ်ပြောဆိုမှုပြုလုပ်မည်ဖြစ်သည့်အတွက် တော်လှန်ရေးမကြာသင့်ဘဲ ကြာနေသည်ဟု KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေကပြောကြားထားသည်။

ကေအဲန်ယူ၏ မျှော်မှန်းချက်ဖြစ်သည့် လွတ်လပ်သော ကရင်ပြည်တည်ထောင်ရန်နှင့် ကရင့်ကံကြမ္မာကရင်ဖန်တီး နိုင်ရန်အတွက် ပန်းတိုင်ကို မရောက်ရှိသေးသည့်အတွက် KNDO သည် ဆက်လက်၍ အခိုင်အမာရပ်တည်နေမည်ဖြစ်ကြောင်း၊ ကရင်အမျိုးသားရည်မှန်းချက်ပန်းတိုင် ရောက်ရှိသည့် အချိန်၌လည်း ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန် တာဝန်များကျန်ရှိနေဦးမည်ဖြစ်ပြီး၊ ကရင်အမျိုးသား ရည်မှန်းချက်ပန်းတိုင်ရောက်ရှိရန်မှာ ကေအဲန်ယူ တစ်ခုတည်း၏ တာဝန်သာမက ပြည်တွင်း၊ပြည်ပ နေထိုင်ကြသော ကရင်လူမျိုးများအားလုံးတွင် တာဝန်ရှိပါသည်ဟု ဗိုလ်မှူးချုပ်စောရှီးလေထည့်သွင်းပြောကြားထားသည်ဟု ယနေ့ KNU ကထုတ်ပြန်ထားသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA

By RNA Editor