RNA_ဇူလိုင်(၁၇)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကမ္ဘဲ့ကျေးရွာအတွင်း စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး နေအိမ်တစ်လုံးမီးလောင်နေသည့်အတွက် မီးသတ်နေစဉ် လက်နက်ကြီးထပ်မံပစ်ခတ်သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြို(ပ.က.ဖ)မှ ရဲဘော်ကောက်ကြီး (ခ) မောင်ရန်နိုင် (အသက်၂၀ နှစ်)နှင့် ဇနီးဖြစ်သူ မသဇင်ဝေ ( အသက်၂၄နှစ်)တို့အပြင် CDMကျောင်းဆရာမ မနွေဦးမေ (အသက် ၃၁ နှစ်)၊ ကမ္ဘဲ့ကျေးရွာတွင်နေထိုင်သူ မောင်ရှင်းလင်းကို ( အသက်၁၇နှစ်) တို့ ကွယ်လွန်ခဲ့ရသည်ဟု သိရသည်။
ရေစကြိုမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၅၈ မှ ဇူလိုင်လ (၁၅) ရက်နေ့ ည ၁၀ နာရီခန့်က ၈၀ မမဖြင့် ပစ်ခတ်သည့်အတွက် ကမ္ဘဲ့ ကျေးရွာပြည်သူ့နေအိမ်ပေါ်သို့ကျရောက်ပေါက်ကာ မီးလောင်နေသည့်အတွက် မီးသတ်နေစဉ် ထပ်မံ ၈၀ မမဖြင့် ပတ်ခတ်သည့်အတွက် ရဲဘော်ဇနီးမောင်နှံ၊ CDM ဆရာမ၊ မောင်ရှင်းလင်းကိုတို့ ကွယ်လွန်ခဲ့ရခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြို (ပ.က.ဖ)ကယနေ့ ထုတ်ပြန်ထားသည်။