စစ်ကောင်စီ၏ စစ်မှုထမ်းများထဲတွင် စိတ်ရောဂါဝေဒနာရှင်များပါရှိနေ

RNA_ဇူလိုင်(၁၄)၊၂၀၂၅ခုနှစ်။
 
စစ်ကောင်စီ၏ အဓမ္မစစ်မှုထမ်းများခေါ်ဆောင်ရာတွင် စိတ်ရောဂါဝေဒနာရှင်၊ မသန်စွမ်းများကိုပါ စစ်မှုထမ်းခိုင်းနေသည်ဟု အဓမ္မစစ်မှုထမ်းအဖြစ်မှ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ထံ အလင်းဝင်လာသူ ကိုသိန်းထွန်းအောင်က ပြောပြထားသည်။

 
စစ်ကောင်စီ၏ စစ်မှုထမ်းခေါ်ဆောင်မှု အခြေအနေများနှင့် စစ်ကောင်စီတပ်တွင်းအခြေအနေများစသည်တို့ကို ကိုသိန်းထွန်းအောင်က ပြေပြထားကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်းခမ်းမှ နောင်ချိုထိုးစစ်တွင် စစ်ကောင်စီတပ်သားအများအပြား လက်နက်အပြည့်အစုံဖြင့် ဇွန်လအတွင်းက (DPLA)ထံ အလင်းဝင်မှုများရှိသည်ဟု DPLA ကထုတ်ပြန်ထားသည်။
 
#RedNewsAgency #REDNEWS #RNA
By RNA Editor