“အိန္ဒိယဟာ အရင် စစ်အစိုးရအပေါ် တစ်ခုတည်းပဲ အာရုံစိုက်ပြီး ချဉ်းကပ်တဲ့ မူမျိုးနဲ့ ကွဲပြားခြားနားပြီး နိုင်ငံရေးအဖွဲ့များနဲ့ လက်နက်ကိုင်အဖွဲ့များပါ ပါဝင်တဲ့ “ဘက်ပေါင်းစုံမှ ချိတ်ဆက်ဆောင်ရွက်မှု” မဟာဗျူဟာကို ပြောင်းလဲသင့်ပါတယ်”
Red News Agency
မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးနေတဲ့ ပြည်တွင်း၊ ပြည်ပ အခြေအနေတွေကြားထဲမှာပဲ အိန္ဒိယရဲ့ မဟာဗျူဟာမြောက် စိတ်ဝင်စားမှုရှိတဲ့ မြေရှားဓာတ်သတ္တုနဲ့ အခြေခံအဆောက်အအုံ ကဏ္ဍများဟာ သိသာထင်ရှားတဲ့ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း အိန္ဒိယဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိပြီးတော့ ဒေသဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာတွေကို တည်ဆောက်ရန် လိုအပ်နေတယ်ဆိုတာ သေချာပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ မြေရှားဓာတ်သတ္တု တူးဖော်ရေးနဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံများအထိ ပါဝင်ဖို့ ကြိုးစားနေတဲ့ အိန္ဒိယရဲ့ မဟာဗျူဟာမြောက် စီမံကိန်းများဟာ မြန်မာ နိုင်ငံရဲ့ ပြည်တွင်း ပဋိပက္ခနဲ့ ရှုပ်ထွေးနေတဲ့ ပထဝီနိုင်ငံရေးတို့ကြောင့် ကြီးမားတဲ့ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရပါတယ်။ အိန္ဒိယဟာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးလို စီမံကိန်းများမှာ မြန်မာစစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်နေပေမယ့် ဒီချဉ်းကပ်မှုဟာ လုံလောက်နေတာမျိုးတော့ မဟုတ်ပါဘူး။
အိန္ဒိယရဲ့ “အရှေ့မျှော်ဝါဒ” (Act East Policy) မှာ အရှေ့တောင်အာရှကို ဆက်သွယ်ဖို့ဆိုရင် မြန်မာနိုင်ငံဟာ အရေးပါတဲ့ ကုန်းတွင်း တံတားတစ်ခုဖြစ်နေပြီးတော့ တရုတ်ရဲ့သြဇာအာဏာကို ဟန့်တားဖို့အတွက် မဟာဗျူဟာမြောက်တဲ့ သော့ချက်တခုဖြစ်နေတယ်။ တစ်ကယ်တော့ အခုနှစ်ပိုင်းအတွင်း အိန္ဒိယစိတ်ဝင်စားတဲ့ ကိစ္စတွေထဲမှာ မြေရှားသတ္တုဟာ ထင်ရှားနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီမြေရှားသတ္တုနဲ့ ပတ်သက်တဲ့ အဓိက အရေးကြီးလှတဲ့ နယ်မြေအများအပြားကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရခိုင်တပ်မတော် (AA) နဲ့ လက်နက်ကိုင် ခုခံတော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထားတာကြောင့် အိန္ဒိယ နယူးဒေလီရဲ့အစိုးရဟာ စစ်အစိုးရကို အားထားသလောက် ဗျူဟာမြောက် တာဝန်မကျေသလို ဖြစ်နေပါတယ်။
အဲဒီမြေရှားသတ္တု အများဆုံးပိုင်ဆိုင်ထားတဲ့ နယ်မြေတွေကို မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အစိုးရက ပိုင်ဆိုင်မှု မရှိပါဘူး။ အိန္ဒိယဟာ စစ်အစိုးရကို ထောက်ခံမှုရှိပေမယ့်လည်း စစ်အစိုးရရဲ့ ထိန်းချုပ်မှုလျော့နည်းလာတာတွေက စီမံကိန်းများရဲ့ လုံခြုံရေးအတွက် စိတ်မချရတဲ့ အခြေအနေတွေ ဖြစ်နေတာပါ။
မြန်မာနိုင်ငံရှိ အိန္ဒိယရဲ့ အကျိုးစီးပွားများ- မြေရှားသတ္တု ရည်မှန်းချက်များနှင့် အခြေခံအဆောက်အအုံ တိုးချဲ့ရေးက ဘာတွေလဲ မြန်မာနိုင်ငံမှာ အိန္ဒိယရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွါးများဟာ အဓိကနယ်ပယ်နှစ်ခုကို အာရုံစိုက်ထားတယ်။ အရေးပါလှတဲ့ တွင်းထွက်အရင်းအမြစ်များ နဲ့ ဒေသတွင်း ဆက်သွယ်ရေး တို့ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် စက်တင်ဘာလထဲမှာ အိန္ဒိယဟာ ဒေသတွင်းက မြေရှားသတ္တုနမူနာများ စုဆောင်း သယ်ယူရေးအတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စတင်ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါကတော့ မြေရှားသတ္တုများကို ပြည်တွင်းဓာတ်ခွဲခန်းများမှာ စမ်းသပ်ခဲ့ပါတယ်။ အိန္ဒိယ သတ္တုတွင်းဝန်ကြီးဌာနကလည်း အစိုးရပိုင်နဲ့ ပုဂ္ဂလိကလုပ်ငန်းများ နှစ်ခုလုံးကို မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ မြေရှားသတ္တုရိုင်းများ တူးဖော်ခြင်းနဲ့ သယ်ယူပို့ဆောင်ရေးတို့ကို စူးစမ်းရှာဖွေဖို့ ညွှန်ကြားထားတယ်။ ဒီဆွေးနွေးမှုတွေမှာ ပါဝင်တဲ့ ကုမ္ပဏီတွေကတော့ အစိုးရပိုင် အိန္ဒိယ မြေရှားသတ္တုကုမ္ပဏီလီမိတက် (IREL) နဲ့ ပုဂ္ဂလိကပိုင် Mid-West Advanced Materials တို့ဖြစ်ကြတယ်။
ဒီလုပ်ဆောင်ချက်ဟာဆိုရင် တရုတ်နိုင်ငံက ကမ္ဘာ့မြေရှားသတ္တု သန့်စင်ထုတ်လုပ်မှုရဲ့ ၉၀% နီးပါးကို ထိန်းချုပ်ထားချိန်မှာ ဖြစ်ပေါ်လာတာ ဖြစ်ပြီးတော့ အိန္ဒိယဟာ တခြားသော အစားထိုးထောက်ပံ့ရေး ရင်းမြစ်များကို အရေးတကြီး ရှာဖွေဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ အိန္ဒိယဟာ သူတို့ရဲ့ ဒေသတွင်း ဆက်သွယ်ရေး မဟာဗျူဟာကိုလည်း အရှိန်မြှင့်တင်နေတာ တွေ့ရှိရပါတယ်။ အိန္ဒိယ-မြန်မာ-ထိုင်း (IMT) သုံးနိုင်ငံ အဝေးပြေး လမ်းမကြီးဟာ အရှေ့မျှော်ဝါဒရဲ့ အဓိကအစိတ်အပိုင်းဖြစ်တယ်။ အစီအစဉ်ဆွဲထားတဲ့ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးဟာ ကီလိုမီတာ ၁,၃၆၀ ရှည်လျားပါတယ်။ အိန္ဒိယနိုင်ငံ မိုရက် (Moreh)ကနေ မြန်မာနိုင်ငံကိုဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက် (Mae Sot) ကို ဆက်သွယ်ပေးမှာ ဖြစ်တယ်။ အိန္ဒိယဟာ ဒီအဝေးပြေးလမ်းမကြီးကို လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံများအထိ ထပ်မံတိုးချဲ့ဖို့ စီစဉ်ထားတာ ဖြစ်ပြီးတော့ စုစုပေါင်း အရှည်က ခန့်မှန်းခြေအားဖြင့် ကီလိုမီတာ ၃,၂၀၀ အထိ ရှိလာမှာ ဖြစ်တယ်။
တရုတ်နိုင်ငံရဲ့ ခါးပတ်လမ်းနဲ့ လမ်းကြောင်းစီမံကိန်း (Belt and Road Initiative) ဟာ မြောက်-တောင် စီးပွားရေးစင်္ကြံ (North-South Economic Corridor ) ကို အားကြိုးမာန်တက် တိုးတက်အောင် လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ အဲဒီကိစ္စကလည်း အိန္ဒိယရဲ့ စိုးရိမ်ပူပန်မှုများကို မြှင့်တင်ပေးနေပါတယ်။ ဒီအခြေအနေက မြန်မာနိုင်ငံမှာ အိန္ဒိယရဲ့ အရေးကြီးတဲ့ အခြေခံ အဆောက်အအုံ စီမံကိန်းများကို အရှိန်မြှင့်တင်ဖို့ အရေးတကြီး လိုအပ်ချက် ဖြစ်လာနေပါတယ်။
လုံခြုံရေးအန္တရာယ်များနဲ့ အကောင်အထည်ဖော်ချိန် လက်တွေ့ စိန်ခေါ်မှု
မြန်မာနိုင်ငံမှာ အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ဆောင်ရွက်မှုတွေဟာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် လုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်နဲ့ လုပ်ငန်းအကောင်အထည်ဖော်မှု စွမ်းဆောင်ရည်တွေနဲ့ ပတ်သတ်နေပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွါးနေတဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများဟာ အိန္ဒိယ မျှော်မှန်းထားတဲ့ စီမံကိန်းတိုးတက်မှုကို ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဟာ ကမ္ဘာမှာ အလွန်အဖိုးတန်တဲ့ မြေရှားသတ္တု အများအပြားကို ထုတ်လုပ်ပေးနေတဲ့ မြန်မာနိုင်ငံ ကချင်ပြည်နယ်အတွင်းက သတ္တုတွင်းနယ်မြေတွေကို ထိန်းချုပ်ထားပါတယ်။ ဒါပေမယ့် အဲ့ဒီဒေသဟာ တောင်တန်းဒေသဖြစ်ပြီး ခရီးလမ်းကြမ်းတန်းမှုနဲ့ အခြေခံအဆောက်အအုံများ မဖွံ့ဖြိုးသေးတာကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ကချင်ပြည်နယ်ဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူ ဆွီဒင်စာရေးဆရာ ဘာတေးလင့်တနာ က ခက်ခဲကြမ်းတမ်းတဲ့ တောင်ပေါ်ဒေသဖြစ်တဲ့အပြင် ရှေးကျတဲ့ ထောက်ပံ့ပို့ဆောင်ရေးများပဲ ရှိပြီး တရုတ်ရဲ့ မျက်စိအောက်မှာရှိတဲ့ မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုက မြေရှားသတ္တုများ ရရှိရန် စဉ်းစားခြင်းဟာ “လုံးဝ အရူးထခြင်း” ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ “သူတို့ (အိန္ဒိယ) က ဒီသတ္တုတွင်းတွေက မြေရှားသတ္တုတွေကို အိန္ဒိယကို သယ်ချင်တယ်ဆိုရင်၊ ဒီသတ္တုတွင်းတွေကလည်း တရုတ်နယ်စပ်မှာချည်းပဲ။ လမ်းကြောင်းက တခုပဲရှိတာ။ တရုတ်တွေက ဝင်ရောက်ပြီး တားဆီးမှာ သေချာတယ်” လို့ ပြောထားပါတယ်။
၂၀၀၂ ခုနှစ်မှာ စတင်အဆိုပြုခဲ့တဲ့ အိန္ဒိယ-မြန်မာ-ထိုင်း (IMT) အဝေးပြေးလမ်းမကြီး စီမံကိန်းဟာ တိုးတက်မှု နှေးကွေးနေခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဒီကနေ ၂၀၂၅ အထိ အဝေးပြေးလမ်းမကြီး တစ်ခုလုံးရဲ့ ၇၀% ခန့်ပဲ ပြီးစီးသေးတယ်။ မြန်မာနိုင်ငံအတွင်းက ပဋိပက္ခများဟာ စီမံကိန်းကို အကြိမ်ကြိမ် နှောင့်နှေးစေခဲ့ပါတယ်။ အိန္ဒိယနဲ့ ထိုင်းနိုင်ငံဘက်က အပိုင်းတွေက ၂၀၂၃ ခုနှစ်မှာ ပြီးစီးခဲ့ပေမယ့် မြန်မာဘက်က တိုးတက်မှု အစီရင်ခံစာတွေကတော့ အမြဲတမ်း နောက်ကျနေခဲ့တာဖြစ်ပါတယ်။
အဲဒါတွေအပြင် အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဒေသအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ကိုလည်း လျစ်လျူရှုလို့ မရပါဘူး။ ဒီဒေသက ရှုပ်ထွေးတဲ့ လူမျိုးစုဖွဲ့စည်းပုံတွေရှိနေတာဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့ပေါင်း ၁၀၀ ခန့်ရှိကာ အချိန်အကြာကြီး နယ်မြေမတည်ငြိမ်မှု တွေကို ခံစားခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ မြန်မာနိုင်ငံရဲ့ ကူကီး (Kuki) စစ်သွေးကြွလို့ သံသယရှိသူ ၉၀၀ ခန့် ဝင်ရောက်လာနိုင်တယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းများအရ အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်း မဏိပူရ ပြည်နယ်အတွက် အထူးသတိပေးချက် ထုတ်ပြန်ထားခဲ့ရတယ်။
တရုတ်-အိန္ဒိယ ပြိုင်ဆိုင်မှုနှင့် အိန္ဒိယ၏ မဟာဗျူဟာမြောက် ပထဝီနိုင်ငံရေး ရှုပ်ထွေးမှု ကန့်သတ်ချက်
မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေးဟာ အလွန်ရှုပ်ထွေးနေပြီး တရုတ်-အိန္ဒိယ ပြိုင်ဆိုင်မှုနဲ့ အိန္ဒိယရဲ့ မဟာဗျူဟာမြောက် အကန့်အသတ်များက နယူးဒေလီအတွက် ကြီးမားတဲ့ စိန်ခေါ်မှုများကို ဖြစ်ပေါ်စေတယ်။ ဘာ့ကြောင့်လဲဆိုရင် ၂၀၂၁ ခုနှစ်မှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ လွတ်လပ်ရေးရပြီးနောက်ပိုင်းကတည်းက ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးဟာ ပိုတောက်လောင်လာလို့ပဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နယ်မြေဒေသတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေမှာ ပြောင်းလွယ်ပြင်လွယ်ရှိမှုကို သိသာစွာပြသခဲ့တာကတော့ “သုံး ညီနောင် မဟာမိတ်အဖွဲ့” နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်တာတွေကို ဆက်ထိန်းထားတယ်။ အဲဒါအပြင် ရှမ်းမြောက်က တော်လှန်ရေးအင်အားစုတွေအပေါ်မှာလည်း တစ်စုံတစ်ရာ ထိန်းချုပ်ထားတယ်ဆိုတာမျိုးတွေကို နည်းမျိုးစုံနဲ့ ပြသထားတာဖြစ်ပါတယ်။ ဒါပေမယ့် အိန္ဒိယကတော့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေနဲ့ ပတ်သတ်ရင် အဲ့ဒီလို လိုက်လျောညီထွေရှိမှုက လျော့နည်းပါတယ်။
အိန္ဒိယအစိုးရက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရခိုင်တပ်မတော် (AA) စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) များနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာမျိုးကို အစီရင်ခံစာများက ဖော်ပြနေပေမယ့် အိန္ဒိယရဲ့ အဓိက အာရုံစိုက်မှုကတော့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေး လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ အိန္ဒိယ-မြန်မာ နယ်စပ်တလျောက်က ဩဇာလွှမ်းမိုးမှုရှိနေတဲ့ မြန်မာ့လက်နက်ကိုင်အဖွဲ့တွေကိုတော့ ချိတ်ဆက်မှုမှာ မရှိသလောက်ဖြစ်ပြီးတော့ ဒေသတွင်းမှာလည်း ရှုပ်ထွေးမှုဖြစ်နေပါတယ်။
အိန္ဒိယ ပညာရှင် အန်ရှူမန် ချိုဒရီက တရုတ်နိုင်ငံဟာ မြေရှားသတ္တု ရရှိမှုကို သေချာစေဖို့ မြန်မာနိုင်ငံနဲ့ ဆက်သွယ်နေပါက “တရုတ်က မြေရှားသတ္တု ရရှိရေးအတွက် KIA နဲ့ ဆက်သွယ်နေတယ်ဆိုရင် အိန္ဒိယက ဘာကြောင့် နောက်ချန်နေရမှာလဲ”လို့လည်း ထောက်ပြထားပါတယ်။ သူဆက်လက်ပြီးတော့ ပြောထားတာကတော့ “ဒီပြိုင်ဆိုင်မှုက KIA နဲ့ အိန္ဒိယတို့ ထိတွေ့ဆက်ဆံရေးအတွက် မူဘောင်ကိုလည်း ဖြစ်ပေါ်စေတယ်”လို့ မှတ်ချက်ပြုထားပါတယ်။
ဘက်ပေါင်းစုံမှ ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် ဒေသတွင်း လမ်းကြောင်းသစ်များ ရှာဖွေခြင်း
ဒီလိုရှုပ်ထွေးနေတဲ့ လုံခြုံရေးပတ်ဝန်းကျင်ကို ရင်ဆိုင်နေရချိန်မှာ အိန္ဒိယဟာ သူ့ရဲ့ မဟာဗျူဟာမြောက် စီမံကိန်းများကို ကာကွယ်ရန်နဲ့ စီမံကိန်းများ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့အတွက် မြန်မာအခြေစိုက် လုံခြုံရေးအဖွဲ့အစည်းများအပါအဝင် ဖြစ်နိုင်ခြေရှိတဲ့ လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှု ပုံစံသစ်တွေကို အရေးတကြီး ရှာဖွေဖို့ လိုအပ်နေပါတယ်။
အိန္ဒိယဟာ အရင် စစ်အစိုးရအပေါ် တစ်ခုတည်းပဲ အာရုံစိုက်ပြီး ချဉ်းကပ်တဲ့ မူမျိုးနဲ့ ကွဲပြားခြားနားပြီး နိုင်ငံရေးအဖွဲ့များနဲ့ လက်နက်ကိုင်အဖွဲ့များပါ ပါဝင်တဲ့ “ဘက်ပေါင်းစုံမှ ချိတ်ဆက်ဆောင်ရွက်မှု” မဟာဗျူဟာကို ပြောင်းလဲသင့်ပါတယ်။ အိန္ဒိယ ကမ္ဘာ့ရေးရာကောင်စီ (Indian Council of World Affairs) ဟာ မြန်မာနိုင်ငံရဲ့ ချင်း၊ ရခိုင်၊ ကချင်ပြည်နယ်တွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAOs) တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အဖွဲ့အစည်းများစွာကို နယူးဒေလီမှာ ကျင်းပမယ့် ဆွေးနွေးပွဲတစ်ခုကို ဖိတ်ကြားခဲ့တယ်ဆိုပြီးတော့လည်း သတင်းတွေမှာ ဖော်ပြခဲ့ဖူးပါတယ်။

ဒေသတွင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ပုံစံသစ်အဖြစ် ဘာတွေလုပ်နေလဲ
အဲ့ဒီလို ဒေသအလိုက် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ ပုံစံတခုကတော့ AGS Myanmar လိုမျိုး ကုမ္ပဏီများ ပါဝင်နိုင်တာပဲဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ AGS ဟာ မြန်မာနိုင်ငံအတွင်းမှာ လုပ်ငန်းလည်ပတ်နေပြီး နိုင်ငံတကာ ဖောက်သည်တွေရဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်ဖြစ်ခဲ့ပါတယ်။ အရင်က ATALIAN Global Services လို့လူသိများတဲ့ AGS Myanmar ဟာ သူတို့ရဲ့ အဓိက ဝန်ဆောင်မှုဖြစ်တဲ့ လုံခြုံရေးဝန်ဆောင်မှုတွေအပြင်၊ အဆောက်အအုံ ပံ့ပိုးမှု ဝန်ဆောင်မှုတွေနဲ့ နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းရေးအတွက် ဝန်ဆောင်မှုတွေစတဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ပံ့ပိုးမှုတွေကိုလည်း ဆောင်ရွက်ပေးနေတယ်။ ဒါကစဉ်းစားစရာ တစ်ခုဖြစ်ပါတယ်။
အဲဒီကုမ္ပဏီကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌဟောင်း အဒမ် ကတ်စတီလို (Adam Castillo) က တည်ထောင်ခဲ့ခြင်းဖြစ်တယ်။ သတင်းရင်းမြစ်များအရ စီးပွားရေး လော်ဘီသမားများက အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့် (Donald Trump) ကို KIA နဲ့ မြေရှားသတ္တု သဘောတူညီချက် လက်မှတ်ရေးထိုးဖို့နဲ့ မြန်မာနိုင်ငံက တင်ပို့တဲ့ မြေရှားသတ္တုအချို့ကို သန့်စင်ထုတ်လုပ်ဖို့ အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်ရန်အပြင် ဒီလုပ်ငန်းများအတွက် အထူး သံတမန်တစ်ဦး ခန့်အပ်ဖို့ကိုလည်း တိုက်တွန်းနေကြတယ်။ အဒမ် ကတ်စတီလိုက ဒီ လော်ဘီအဖွဲ့မှာ ပါဝင်နေတယ်လို့လည်း သိရပါတယ်။
AGS နဲ့ ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်တာက မြန်မာ့မြေရှားသတ္တုနဲ့ ပတ်သတ်ပြီး အိန္ဒိယနဲ့ အမေရိကန်တို့ရဲ့ မဟာဗျူဟာမြောက် အစီအစဉ်တွေကို ပေါင်းစပ်ပေးနိုင်ရုံသာမကပဲ ဒေသခံ လုံခြုံရေးကုမ္ပဏီတစ်ခုမှ တစ်ဆင့် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အိန္ဒိယရဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံ စီမံကိန်းများ ချောမွေ့စွာ တိုးတက်စေဖို့ ကူညီပေးနိုင်တယ်လို့ ယူဆရပါတယ်။ ဒါကတော့ တရုတ်နဲ့ အားပြိုင်မှုတွေထဲက အခွင့်အလမ်းတစ်ခု ဖြစ်နိုင်တဲ့အနေအထားပါ။
အလွှာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး အကောင်အထည်ဖော်မှုစနစ်
မြန်မာနိုင်ငံမှာရှိတဲ့ အိန္ဒိယရဲ့ မဟာဗျူဟာမြောက် စီမံကိန်းများ လုံခြုံစွာ တိုးတက်ဖို့အတွက် အလွှာပေါင်းစုံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင်ကို အကြံပြုထားကြတာတွေ့ရပါတယ်။ အဲဒါတွေကတော့ အိန္ဒိယ အစိုးရဟာ မြန်မာအစိုးရအပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှစ်ခုလုံးနဲ့ ပုံမှန် ဆွေးနွေးမှု ယန္တရားများကို ထူထောင်သင့်ပါတယ်။ ထောက်လှမ်းရေး အချက်အလက် မျှဝေခြင်းနဲ့ ပူးတွဲ နယ်ခြားစောင့်ရှောက်မှုများကို မြှင့်တင်သင့်တယ်။ ဒါဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို အသိအမှတ်ပြုရာရောက်သလို အကျိုးတွေကလည်း အများကြီးရရှိနိုင်ပါတယ်။
အိန္ဒိယဟာ မြန်မာနိုင်ငံမှာရှိတဲ့ အိန္ဒိယ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းလည်ပတ်မှုကို ကာကွယ်ဖို့အတွက် စစ်အစိုးရနဲ့ ပူးပေါင်းပြီး ပူးတွဲ လုံခြုံရေးကုမ္ပဏီတစ်ခု ထူထောင်ပြီး ကျွမ်းကျင် လုံခြုံရေးဝန်ထမ်းများကို လေ့ကျင့်ပေးကာ ရည်ရွယ်ချက်ရှိရှိ စီမံကိန်း လုံခြုံရေးအဖွဲ့များကို ဖွဲ့စည်းသင့်တယ်။ ဒီအဖွဲ့တွေက လုံခြုံရေးခြိမ်းခြောက်မှု အမျိုးမျိုးကို ထိရောက်စွာ တုံ့ပြန်နိုင်ဖို့နဲ့ ဒေသခံ ဘာသာစကား၊ ယဉ်ကျေးမှုအပြင် လူမှုရေးဖွဲ့စည်းပုံများကို ကျွမ်းဝင်သင့်တယ်။ ဒါကတော့ ဒုတိယအချက်ဖြစ်တယ်။
နောက်တစ်ခုကတော့ အိန္ဒိယဟာ AI-စွမ်းအင်သုံး လုံခြုံရေးကင်မရာများနဲ့ ဒရုန်းများ စတဲ့ နည်းပညာတွေကို အသုံးပြုပြီး စမတ်ကျတဲ့ လုံခြုံရေးစနစ်များကို ဖြန့်ကျက်ချထား သင့်တယ်။ ပြီးတော့ ရန်လိုမှုတွေကို လျှော့ချနိုင်ဖို့နဲ့ စီမံကိန်း လုံခြုံရေးအတွက် ပြည်တွင်းက ထောက်ခံမှုတွေကို မြှင့်တင်နိုင်ဖို့အတွက် အလုပ်အကိုင် ဖန်တီးပေးခြင်းနဲ့ အသက်မွေးဝမ်းကျောင်း တွေကို တိုးတက်စေခြင်းစတဲ့ ဒေသခံလူမှုအသိုင်းအဝိုင်းတွေကို တက်ကြွစွာ ပါဝင်သင့်ပါတယ်။
အိန္ဒိယ လေ့လာသုံးသပ်သူများရဲ့ အဆိုအရ ကျွမ်းကျင်တဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု စနစ် မရှိရင် မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးတဲ့ နယ်မြေတွေမှာ အိန္ဒိယရဲ့ မဟာဗျူဟာမြောက် စီမံကိန်းများဟာ ချောချောမွေ့မွေ့ တိုးတက်ဖို့ အခက်အခဲ ရှိနေမှာဖြစ်တယ်။ လုံခြုံရေးဆိုင်ရာ အတားအဆီးတွေကို ကျော်လွှားဖို့နဲ့ အပြန်အလှန် အကျိုးခံစားခွင့်ကို ရရှိဖို့က မြန်မာနိုင်ငံမှာ အိန္ဒိယရဲ့ မဟာဗျူဟာမြောက် ခြေလှမ်းအတွက် အရေးပါတဲ့ အဓိကအချက်များ ဖြစ်တယ်။ ဒေသတွင်း အင်အားကြီးနိုင်ငံ တစ်နိုင်ငံအနေနဲ့ အိန္ဒိယဟာ သူ့ရဲ့ သြဇာအာဏာကို အသုံးချပြီး မြန်မာနိုင်ငံရဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်အပြင် ကချင်ပြည်နယ်တို့မှာ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအင်အားစုများ၊ အဖွဲ့အစည်းများနဲ့ တက်တက်ကြွကြွ ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်နေပြီး မြန်မာနိုင်ငံရေး မငြိမ်မသက်မှုများကနေ အိန္ဒိယရဲ့ မဟာဗျူဟာအပေါ် ဖြစ်ပေါ်စေမယ့် မတည်ငြိမ်မှု အန္တရာယ်များကို လျှော့ချသင့်ပါတယ်။
အဲဒါကြောင့် အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံကို ချဉ်းကပ်မယ်ဆိုရင်တော့ အာဏာသိမ်းစစ်တပ်ကို ပံ့ပိုးကူညီဆက်ဆံနေရုံနဲ့မရတော့ပါဘူး။ နယ်စပ်တစ်လျှောက် ထိန်းချုပ်ထားတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းမှသာ အောင်မြင်မှာဖြစ်ပါတယ်။ အခုဆိုရင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ဟာ ကချင်ပြည်နယ်နဲ့ တရုတ်အစပ်တွေကို မထိန်းချုပ်နိုင်သလို အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ နယ်စပ်တွေကိုလည်း မစိုးမိုးနိုင်တော့တဲ့ အခြေအနေဖြစ်တယ်ဆိုတာကို အိန္ဒိယအနေနဲ့ နားလည်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကနေ မဟာဗျူဟာမြောက် စီမံကိန်းတွေ ဖော်ဆောင်မယ်ဆိုရင်တော့ တော်လှန်ရေးအင်အားစုတွေကို ချန်ထားလို့ရတဲ့ အခြေအနေမဟုတ်တော့ဘူးဆိုတာကို တင်ပြလိုက်ရပါတယ်။
======================
India Seeks New Security Pathways for Strategic Projects in Myanmar
Amid Myanmar’s complex internal and external situation, India’s strategic interests in the rare earth and infrastructure sectors face significant challenges, necessitating the development of more flexible and localized security cooperation strategies.
India’s strategic projects in Myanmar, spanning rare earth mining and critical infrastructure, is facing significant challenges from the country’s internal conflict and complex geopolitics. While India continues cooperation with Myanmar’s military regime on projects like the India-Myanmar-Thailand (IMT) Trilateral Highway, this approach is proving insufficient.
Myanmar is a keystone of India’s “Act East Policy,” serving as a vital land bridge to Southeast Asia and a strategic counterweight to China’s influence. However, with large swathes of territory, including rare earth and key project areas, under the control of armed resistance groups like the Kachin Independence Army (KIA), Arakan Army (AA) and National Unity Government (NUG), New Delhi’s reliance on the regime is becoming a strategic liability. Despite Indian support for the military regime, the latter’s diminishing control makes it an unreliable partner for securing complex projects.
Indian Interests in Myanmar: Rare Earth Ambitions and Infrastructure Expansion
India’s strategic interests in Myanmar primarily focus on two key areas: critical mineral resources and regional connectivity. In September 2025, India initiated contact with the KIA to explore the collection and transportation of rare earth samples from the region, testing their heavy rare earth content in domestic laboratories.
The Indian Ministry of Mines has directed both state-owned and private enterprises to explore mining and transporting rare earth ores in northeastern Myanmar. Companies involved in these discussions include the state-owned Indian Rare Earths Limited (IREL) and the private firm Mid-West Advanced Materials.
This move comes as China controls nearly 90% of the global rare earth processing capacity. India urgently needs to find alternative supply sources. Meanwhile, India is also accelerating its regional connectivity strategy. The India-Myanmar-Thailand (IMT) Trilateral Highway is a core component of the Act East policy initiatives. This planned 1,360-kilometer highway will connect Moreh in India to Myanmar and Mae Sot in Thailand.
India further plans to extend this highway to Laos, Cambodia, and Vietnam, bringing its total length to approximately 3,200 kilometers. China’s Belt and Road Initiative is vigorously advancing the North-South Economic Corridor, heightening India’s anxieties. This adds urgency to accelerating the development of India’s crucial infrastructure projects in Myanmar.
Practical Challenges: Security Risks and Implementation Challenges
India’s strategic advancement in Myanmar faces multiple challenges, particularly regarding the security environment and implementation capabilities.
Ongoing domestic armed conflicts in Myanmar devastate project progress. KIA controls mining areas in Myanmar’s Kachin State, which produces a significant portion of the world’s heavy rare earths. However, the region’s rugged terrain and underdeveloped infrastructure pose substantial logistical challenges.
Swedish author Bertil Lintner, a leading expert on Kachin State, said the idea of the United States obtaining rare earths from Myanmar from under the nose of China seemed “totally crazy” given the unforgiving mountainous terrain and primitive logistics.
“If they want to transport the rare earths from these mines, which are all on the Chinese border, to India, there’s only one road,” Lintner said. “And the Chinese would certainly step in and stop it.”
The IMT Highway project, proposed in 2002, has seen slow progress. To date, only about 70% of the entire highway has been completed. Conflicts within Myanmar have repeatedly hindered the project. While the Indian and Thai sections were completed in 2023, progress reports from the Myanmar side have been consistently delayed.
Security concerns in India’s own northeastern region cannot be ignored. This area has complex ethnic demographics, hosting up to 100 armed groups, and has long experienced instability. India’s northeastern state of Manipur has been placed on high alert after intelligence reports of a potential influx of 900 suspected Kuki militants from Myanmar on September 2024.
Geopolitical Complexity: Sino-Indian Competition and India’s Strategic Limitations
The geopolitical environment in Myanmar is extremely complex, with Sino-Indian competition and India’s strategic limitations posing major challenges for New Delhi.
China has demonstrated considerable flexibility in its engagement with border areas adjacent to Myanmar, maintaining close cooperation with the “Three Brotherhood Alliance.” In contrast, India’s Myanmar policy lacks similar adaptability. Although reports suggest the Indian government is cooperating with NUG and Ethnic Armed Organizations (EAOs) like the KIA and AA, India’s primary focus on engagement with the military regime complicates its outreach to Myanmar armed groups that hold influence along the India-Myanmar border.
Indian scholar Angshuman Choudhury argues that if China is engaging Myanmar to secure rare earth supplies, “If China is liaising with the KIA to secure access to rare earths, why should India be left behind?” He further notes that “this competition also forms the framework for India’s engagement with the KIA.” Exploring New Pathways: Multi-faceted Engagement and Localized Security Confronted with this complex security environment, India urgently needs to explore new models of security cooperation, potentially involving Myanmar-based security firms, to protect its strategic projects and facilitate their rapid implementation.
India should shift from its past singular focus on the military regime towards a “multi-faceted engagement” strategy involving different political factions and armed groups. The Indian Council of World Affairs reportedly invited several organizations, including Ethnic Armed Organizations from Myanmar’s Chin, Rakhine, and Kachin states, as well as the NUG, to a seminar in New Delhi.
One potential model for such localized security cooperation could involve firms like AGS Myanmar. Established in 2013, AGS has been a trusted partner for international clients operating in Myanmar. Formerly known as ATALIAN Global Services, AGS Myanmar has expanded its services beyond core security, providing operational support in: security services, facility support services, and technical maintenance services.
The company was founded by Adam Castillo, the former president of the American Chamber of Commerce in Myanmar. According to informed sources, business lobbyists are urging US President Donald Trump to sign a rare earth agreement with KIA, cooperate with India on processing some heavy rare earths exported from Myanmar, and appoint a special envoy for these tasks. Adam Castillo is reportedly part of this lobbying group.
Engaging and cooperating with AGS could not only align Indian and US strategic deployments regarding Myanmar’s rare earths but also, through a localized security company, help ensure the smooth progress of India’s critical infrastructure projects in Myanmar.
Implementation Framework: A Multi-layered Cooperation System
To ensure the secure advancement of India’s strategic projects in Myanmar, a multi-layered security cooperation framework is recommended:
Government Level: India should establish regular dialogue mechanisms with both the central Myanmar government and Ethnic Armed Organizations, enhancing intelligence sharing and joint border patrols.
Operational Level: India should train professional security personnel and form dedicated project security teams through collaborating with the regime to establish a joint security company to protect Indian investments in Myanmar.
These teams should be familiar with local languages, culture, and social structures to effectively respond to various security threats.
Technical Level: India should deploy smart security systems utilizing technologies like AI-powered security cameras and drones.
Localization Level: India should actively involve local communities, creating employment and improving livelihoods to reduce hostility and foster an internal supportive environment for project security.
The absence of a professional security cooperation system will hinder India’s strategic projects from progressing smoothly in Myanmar’s complicated environment, according to Indian analysts.
Overcoming security obstacles and achieving mutual benefit will be crucial for India’s strategic footprint in Myanmar. As a major regional power, India needs to leverage its influence to proactively engage with emerging political actors and groups in Myanmar’s Sagaing Region, Chin Rakhine and Kachin State, mitigating the instability risks posed by Myanmar’s security turmoil to Indian strategy.
#RedNewsAgency #RNA #RedNews
