ဦးမြင့်ဆန်း

ကဗျာဆရာ ဦးမြင့်ဆန်းကို ပျူစောထီးဟု မှားယွင်းသတ်ဖြတ်ခဲ့မှုအပေါ် နောင်တစ်ချိန်မှာ တရားစွဲဆိုမည်ဆိုပါက တာဝန်ယူမည်ဟု ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ပြော

ကဗျာဆရာ ဦးမြင့်ဆန်းကို ပျူစောထီးဟု မှားယွင်းသတ်ဖြတ်ခဲ့မှုအပေါ် နောင်တစ်ချိန်မှာ တရားစွဲဆိုမည်ဆိုပါက တာဝန်ယူမည်ဟု ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ပြော

RNA_စက်တင်ဘာ(၂၂)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မလဲသာရွာနေ ကဗျာဆရာ ဦးမြင့်ဆန်းကို ပျူစောထီးခေါင်းဆောင်ဟုမှားယွင်းသတ်ဖြတ်မိသည့်အပေါ် မိသားစုကို ဝန်ချတောင်းပန်ထားသည့်အပြင် နောင်တစ်ချိန်မှာ တရားစွဲဆိုမည်ဆိုပါကလည်း တာဝန်ယူမည်ဟု ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ZERO- ရဲ့ - သမိုင်းမှတ်တမ်း ( ၄ )အတွက် ရေးတင်ထားသည့် ယနေ့ (စက်တင်ဘာ ၂၂ ရက်) Facebook Post တွင် ပြောကြားထားသည်။ "စစ်ကိုင်းနယ်မြေအတွင်းအင်အားဖြည့်ရှင်းလင်းရေး အကူဆောင်ရွက်ရင်း စာရေးဆရာ/ကဗျာဆရာကြီးတစ်ဦးအား မှားယွင်းစွာကျူးလွန်ခဲ့ပါတယ် ( အကျယ်တဝံ့ရှင်းမပြတော့ပါဘူး၊ နယ်မြေခံတွေအားလုံးသိထားတဲ့ ဖြစ်စဉ်တစ်ခုမို့ပါ ကျနော်က ဓါးခုတ်ရာလက်လျှိုဖြစ်ခဲ့ရခြင်းပါ၊ နယ်မြေခံရဲ့ဆုံးဖြတ်ချက်နှင့်ပါဝင်လုပ်ဆောင်ခဲ့သောဖြစ်စဉ်ပါ၊ဘယ်သူ ဘယ်ဝါကျနော်ညီတွေမသိခဲ့ပါဘူး) ၊သေချာစီစစ်ပြီး - နစ်နာခဲ့သောမိသားစုဝင်များအားနယ်မြေတာဝန်ခံ/ရပ်မိရပ်ဘများနှင့်အတူ တောင်းပန်ခြင်း ဝမ်းနည်းစကားပြောကြားရင်း၊အားပေးနှစ်သိမ့်ရင်း --- ခုဖြစ်စဉ်အတွက်နောင်တချိန်တိုင်းပြည်အေးချမ်းတဲ့ကာလမှာ…
Read More