RNA_စက်တင်ဘာ(၂၂)၊၂၀၂၅ခုနှစ်။
ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(ဒိုင်ရ်) CDF-Daai ကျစ်လစ်ခိုင်မာပြီး အင်အားကောင်းမွန်လာစေရေးအတွက် စစ်သင်တန်း၊ လက်နက်ခဲယမ်း၊ ရိက္ခာထောက်ပံ့ခြင်းနှင့် ရှေ့တန်းစစ်မြေပြင် အတွေ့အကြုံများရရှိရန် လက်တွဲခေါ်ဆောင်ခြင်းတို့ဖြင့် ကူညီပေးသော အာရက္ခတပ်တော် -AA အာလဖာ (၃) စစ်သေသကို အထူးကျေးဇူးတင်ကြောင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲသော မဟာမိတ်ဆက်ဆံရေး ဆက်လက်တည်ဆောက်သွားမည်ဟု CDF-Daai က ထုတ်ပြန်ထားသည်။
ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(ဒိုင်ရ်) CDF-Daai သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာရေး၊ ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ဒိုင်ရ်ဒေသအတွင်းရှိပြည်သူများကို အကြမ်းဖက်စစ်ကော်စီရန်မှ ကာကွယ်ရေးနိုင်ရေးတို့အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့သည်မှာ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့က (၄) နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ CDF-Daai ဖြစ်ပေါ်လာစေရေးအတွက် ပထမဆုံးအပတ်စဉ် (၁) နှင့် (၂) တို့ကို စစ်ပညာသင်ကြားပေးခဲ့သော CDF-Mindat ကိုအထူးကျေးဇူးတင်ရှိကြောင်းနှင့် AA တို့ကို အထူးကျေးဇူးတင်ရှိကြောင်း စသည်တို့ကို (၄) နှစ်ပြည့်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့ (၄) မြို့နယ်အတွင်း ပြန့်ကျဲနေထိုင်သော ဒိုင်ရ်မျိုးနွယ်စုများကို စုစည်း၍ ဒိုင်ရ်ဒေသန္တရကောင်စီ (Daai Regional Council) ကို ဖွဲ့စည်းပြီး ဒိုင်ရ်လူထု ခေတ်အဆက်ဆက်ကြိုးပမ်းလာခဲ့သော အုပ်ချုပ်ရေးယူနစ်တစ်ခုအတွင်း စုစည်းနိုင်ရေး အိမ်မက်ကို အကောင်အထထည်ဖော်ဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိခဲ့ပြီဖြစ်ကြောင်း၊ ဒိုင်ရ် ဒေသအားလုံး အုပ်ချုပ်ရေးယူနစ်တစ်ခုအောက်တွင် စုစည်းမှုအောင်မြင်သည်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး ချင်းအမျိုးသား တည်ဆောက်ရေး၊ ချင်ပြည်တည်ဆောက်ရေးတို့တွင်လည်း ချင်းတော်လှန်ရေးအင်အားစုများနှင့်အတူ လက်တွဲ ဆောင်ရွက်သွားမည်ဟု ပြောကြားထားသည်။
#RedNewsAgency #RNA #REDNEWS