ကဗျာဆရာ

ကဗျာဆရာ ဦးမြင့်ဆန်းကို ပျူစောထီးဟု မှားယွင်းသတ်ဖြတ်ခဲ့မှုအပေါ် နောင်တစ်ချိန်မှာ တရားစွဲဆိုမည်ဆိုပါက တာဝန်ယူမည်ဟု ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ပြော

ကဗျာဆရာ ဦးမြင့်ဆန်းကို ပျူစောထီးဟု မှားယွင်းသတ်ဖြတ်ခဲ့မှုအပေါ် နောင်တစ်ချိန်မှာ တရားစွဲဆိုမည်ဆိုပါက တာဝန်ယူမည်ဟု ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ပြော

RNA_စက်တင်ဘာ(၂၂)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မလဲသာရွာနေ ကဗျာဆရာ ဦးမြင့်ဆန်းကို ပျူစောထီးခေါင်းဆောင်ဟုမှားယွင်းသတ်ဖြတ်မိသည့်အပေါ် မိသားစုကို ဝန်ချတောင်းပန်ထားသည့်အပြင် နောင်တစ်ချိန်မှာ တရားစွဲဆိုမည်ဆိုပါကလည်း တာဝန်ယူမည်ဟု ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ZERO- ရဲ့ - သမိုင်းမှတ်တမ်း ( ၄ )အတွက် ရေးတင်ထားသည့် ယနေ့ (စက်တင်ဘာ ၂၂ ရက်) Facebook Post တွင် ပြောကြားထားသည်။ "စစ်ကိုင်းနယ်မြေအတွင်းအင်အားဖြည့်ရှင်းလင်းရေး အကူဆောင်ရွက်ရင်း စာရေးဆရာ/ကဗျာဆရာကြီးတစ်ဦးအား မှားယွင်းစွာကျူးလွန်ခဲ့ပါတယ် ( အကျယ်တဝံ့ရှင်းမပြတော့ပါဘူး၊ နယ်မြေခံတွေအားလုံးသိထားတဲ့ ဖြစ်စဉ်တစ်ခုမို့ပါ ကျနော်က ဓါးခုတ်ရာလက်လျှိုဖြစ်ခဲ့ရခြင်းပါ၊ နယ်မြေခံရဲ့ဆုံးဖြတ်ချက်နှင့်ပါဝင်လုပ်ဆောင်ခဲ့သောဖြစ်စဉ်ပါ၊ဘယ်သူ ဘယ်ဝါကျနော်ညီတွေမသိခဲ့ပါဘူး) ၊သေချာစီစစ်ပြီး - နစ်နာခဲ့သောမိသားစုဝင်များအားနယ်မြေတာဝန်ခံ/ရပ်မိရပ်ဘများနှင့်အတူ တောင်းပန်ခြင်း ဝမ်းနည်းစကားပြောကြားရင်း၊အားပေးနှစ်သိမ့်ရင်း --- ခုဖြစ်စဉ်အတွက်နောင်တချိန်တိုင်းပြည်အေးချမ်းတဲ့ကာလမှာ…
Read More
ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

RNA_မေ(၁၁)၊၂၀၂၅ခုနှစ်။ ရခိုင်အမျိုးသား ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော (ကဗျာဆရာ-မောင်ခိုင်အောင်) ကွယ်လွန်သွားသည့်အတွက် အောက်မေ့ဖွယ်အခမ်းအနားကို ယနေ့ မဲဆောက်မြို့တစ်နေရာတွင် ကျင်းပခဲ့ရာ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ ရခိုင်အမျိုးသားများ၊ ဦးဦးလှစောကို လေးစားရသူများအပါအဝင် (၁၅၀) ကျော် တက်ရောက် အောက်မေ့ ဂုဏ်ပြုခဲ့ကြသည်။ ဦးဦးလှစော (အသက် ၇၂ နှစ်)သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ULA/AA နိုင်ငံရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေချိန် လည်ချောင်းကင်ဆာဖြင့် ၂၀၂၅ ခုနှစ် မေလ ၅ ရက် ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ဦးဦးလှစောသည် ၁၉၆၉ ကျွန်းဆွယ်အရေးအခင်းမှ စတင်၍ ကျောင်းသားလူငယ် မြေအောက်လှုပ်ရှားမှုတွင်…
Read More
တောင်းယူလို့တော့မရဘူး တိုက်ယူမှရတော့မယ် တောခိုဖို့ အချိန်တန်ပြီ

တောင်းယူလို့တော့မရဘူး တိုက်ယူမှရတော့မယ် တောခိုဖို့ အချိန်တန်ပြီ

RNA_ဇူလိုင်(၉)၊၂၀၂၃ ခုနှစ်။ “ကျွန်တော်အတွေ့အကြုံအရ သိလိုက်ရတယ် တောင်းယူလို့တော့မရတော့ဘူး တိုက်ယူမှရတော့မယ် ကျွန်တော် ကိုယ့်ကိုယ်ကို တောခိုသင့်တဲ့အချိန်တန်ပြီပေါ့” ဟုစသဖြင့်  "ပြည်သူ့ဘက်သား ရင်တွင်းစကား" အစီအစဥ်မှာ CDM စစ်သား ကဗျာဆရာဂနိုက်၏ ရင်တွင်းစကားများ၊ အတွေ့အကြုံများနှင့် ခံယူချက်စသည်တို့ကို ပြောကြားထားသည်။ Red News Agency
Read More
စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန

စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန

RNA_ဇူလိုင်၁၄၊၂၀၂၂ ခုနှစ်။ စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေ တသက်တာဆုရှင် ဆရာကြီးမောင်သာနိုး၏ ဈာပနအခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် ရေဝေးသုဿာန်မှာ ယနေ့ နေ့လည် ၂ နာရီက ပြုလုပ်ခဲ့သည်။ အမျိုးသားစာပေတသက်တာဆုရှင် အသက် (၉၁) နှစ်ရှိ ဆရာကြီးမောင်သာနိုးသည် ရန်ကုန်မြို့ SSC ဆေးရုံမှာ ဇူလိုင် ၁၂ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ကွန်လွန်ခဲ့ပြီး၊ ဆရာကြီး မောင်သာနိုးကို အဖဦးခင်မောင်ကလေး၊ အမိဒေါ်စံမြင့်တို့က ၁၉၃၂ ခုနှစ် မေလ ၆ ရက်နေ့မှာ စစ်ကိုင်းမြို့မှာ မွေးဖွားခဲ့သည်။ ဆရာကြီး မောင်သာနိုးသည် ၂၀၁၆ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်ခံခဲ့ရကြောင်း၊…
Read More