Tag: ကဗျာဆရာ
-

ကဗျာဆရာ ဦးမြင့်ဆန်းကို ပျူစောထီးဟု မှားယွင်းသတ်ဖြတ်ခဲ့မှုအပေါ် နောင်တစ်ချိန်မှာ တရားစွဲဆိုမည်ဆိုပါက တာဝန်ယူမည်ဟု ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ပြော
RNA_စက်တင်ဘာ(၂၂)၊၂၀၂၅ခုနှစ်။စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မလဲသာရွာနေ ကဗျာဆရာ ဦးမြင့်ဆန်းကို ပျူစောထီးခေါင်းဆောင်ဟုမှားယွင်းသတ်ဖြတ်မိသည့်အပေါ် မိသားစုကို ဝန်ချတောင်းပန်ထားသည့်အပြင် နောင်တစ်ချိန်မှာ တရားစွဲဆိုမည်ဆိုပါကလည်း တာဝန်ယူမည်ဟု ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ZERO- ရဲ့ – သမိုင်းမှတ်တမ်း ( ၄ )အတွက် ရေးတင်ထားသည့် ယနေ့ (စက်တင်ဘာ ၂၂ ရက်) Facebook Post တွင် ပြောကြားထားသည်။“စစ်ကိုင်းနယ်မြေအတွင်းအင်အားဖြည့်ရှင်းလင်းရေး အကူဆောင်ရွက်ရင်း စာရေးဆရာ/ကဗျာဆရာကြီးတစ်ဦးအား မှားယွင်းစွာကျူးလွန်ခဲ့ပါတယ် ( အကျယ်တဝံ့ရှင်းမပြတော့ပါဘူး၊ နယ်မြေခံတွေအားလုံးသိထားတဲ့ ဖြစ်စဉ်တစ်ခုမို့ပါ ကျနော်က ဓါးခုတ်ရာလက်လျှိုဖြစ်ခဲ့ရခြင်းပါ၊ နယ်မြေခံရဲ့ဆုံးဖြတ်ချက်နှင့်ပါဝင်လုပ်ဆောင်ခဲ့သောဖြစ်စဉ်ပါ၊ဘယ်သူ ဘယ်ဝါကျနော်ညီတွေမသိခဲ့ပါဘူး) ၊သေချာစီစစ်ပြီး – နစ်နာခဲ့သောမိသားစုဝင်များအားနယ်မြေတာဝန်ခံ/ရပ်မိရပ်ဘများနှင့်အတူ တောင်းပန်ခြင်း ဝမ်းနည်းစကားပြောကြားရင်း၊အားပေးနှစ်သိမ့်ရင်း — ခုဖြစ်စဉ်အတွက်နောင်တချိန်တိုင်းပြည်အေးချမ်းတဲ့ကာလမှာ တရားစွဲဆိုမည်ဆိုလည်း ကျနော့်အဖွဲ့အတွက်တာဝန်ယူပြီး ထိုက်သင့်တဲ့အပစ်ပေးအရေးယူမူ့ခံယူနိုင်တဲ့အကြောင်း ၎င်းဖြစ်စဉ်အားတာဝန်ခံ၊တာဝန်ယူခဲ့ပါတယ်၊ တောင်းပန်မူ့အတွက်မိသားစုလည်းလိုက်လှဲစွာကြိုဆိုခဲ့ပါတယ်” ဟု ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက လူမှုကွန်ရက်မှာ ပြောကြားထားသည်။ဦးမြင့်ဆန်း (အသက် ၆၅ နှစ်)သည် အကြမ်းဖက်စစ်တပ်ရန်ကြောင့် မလဲသာရွာမှ ၂ မိုင်ခန့်ကွာဝေးသည့် ကျေးရွာ တစ်ရွာတွင် တိမ်းရှောင်နေစဉ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့က သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ဦးမြင့်ဆန်းသည် မြင့်ဆန်း (မလဲသာ) ကလောင်ဖြင့် ကဗျာများရေးသားပြီး မလဲသာ စာကြည့်တိုက်တည်ထောင်သူ၊ သစ်ပင်စိုက်လှုပ်ရှားမှု၊ အမှိုက်ကင်းစင်ရေးလှုပ်ရှားမှုစသည့် လူမှုရေးလုပ်ငန်းများကြောင့် ရပ်ရွာလေးစားခံရသူဖြစ်ကြောင်း သိရသည်။ဦးမြင့်ဆန်းသည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး မဖြစ်ခင်က ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးအတွက် အရပ်ဘက်အဖွဲ့အစည်းများတက်ကြွလှုပ်ရှားသူဖြစ်သည်ဟုလည်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့က စစ်ကိုင်းတိုင်းအတွင်းရှိ အဖွဲ့အစည်း ၁၆ ဖွဲ့က သတင်းထုတ်ပြန်ကာ မှားယွင်းသတ်ဖြတ်မိပါက ကျူးလွန်ရာတွင် ပါဝင်ခဲ့သူ လူပုဂ္ဂိုလ်/အဖွဲ့အစည်းအားလုံးက ဦးမြင့်ဆန်း၏ ကျန်ရစ်သူမိသားစုကို ကျေနပ်သည်အထိ ဝန်ချတောင်းပန်ရန် တောင်းဆိုထားသည်။မှားယွင်းသတ်ဖြတ်ခဲ့သည်ဟု ဝန်ခံထားသော ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီး ရေးသားထားသည့် စာတွင်လည်း “MOD ရဲ့အထက်တာဝန်ရှိသူကိုလည်းထိုဖြစ်စဉ်တင်ပြပေးခဲ့ပါတယ် ( မှားရင် မှားတဲ့အကြောင်း ခုလိုလက်နက်ကိုင်အဖွဲ့အနေနဲ့တောင်းပန်မူ့ဟာ သတ္တိတစ်ခုလိုကျနော်ယူဆပါတယ်)၊ ကျန်ရစ်သူမိသားစုဟာ ခုချိန်မိတ်ဆွေရင်းပမာဆက်ဆံရေးရှိနေခဲ့ပါတယ်၊ ကျေးဇူးလည်းတင်ရှိရပါတယ်” ဟုပါရှိသည်။စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလအစပိုင်းနှင့် ၂၀၂၂ ခုနှစ် လက်နက်ကိုင်တပ်ဖွဲ့များအားကောင်းစအချိန်တွင် ပုဂ္ဂိုလ်ရေးအရ မကျေနပ်ပါက လက်နက်ကိုင်တစ်ချို့သည် ဒလန်ဟုစွပ်စွဲသတ်ဖြတ်မှုများ၊ မှားယွင်းသတ်ဖြတ်မှုများနှင့် တော်လှန်ရေးနှင့်မဆိုင်သည့် လူသတ်မှုများဖြစ်ပွားခဲ့သည်။ မှားယွင်းသတ်ဖြတ်မှုနှင့် ပုဂ္ဂိုလ်ရေးအရ မကျေနပ်သည့်အတွက် ဒလန်စွပ်စွဲသတ်ဖြတ်မှုများကို ဒေသတွင်းတော်လှန်ရေးအင်အားစုအချင်းချင်းသိသော်လည်း တရားဝင်ပြောကြား ထုတ်ဖော်ခြင်းများ မရှိသလောက်ဖြစ်သည်။#RedNewsAgency #RNA #REDNEWS -

ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော အောက်မေ့ဖွယ် အခမ်းအနားကျင်းပ
RNA_မေ(၁၁)၊၂၀၂၅ခုနှစ်။
ရခိုင်အမျိုးသား ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော (ကဗျာဆရာ-မောင်ခိုင်အောင်) ကွယ်လွန်သွားသည့်အတွက် အောက်မေ့ဖွယ်အခမ်းအနားကို ယနေ့ မဲဆောက်မြို့တစ်နေရာတွင် ကျင်းပခဲ့ရာ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ ရခိုင်အမျိုးသားများ၊ ဦးဦးလှစောကို လေးစားရသူများအပါအဝင် (၁၅၀) ကျော် တက်ရောက် အောက်မေ့ ဂုဏ်ပြုခဲ့ကြသည်။
ဦးဦးလှစော (အသက် ၇၂ နှစ်)သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ULA/AA နိုင်ငံရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေချိန် လည်ချောင်းကင်ဆာဖြင့် ၂၀၂၅ ခုနှစ် မေလ ၅ ရက် ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ဦးဦးလှစောသည် ၁၉၆၉ ကျွန်းဆွယ်အရေးအခင်းမှ စတင်၍ ကျောင်းသားလူငယ် မြေအောက်လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး၊ ၇၄/၇၅/၇၆ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်ဒဏ်နှစ်ရှည်ကျခံခဲ့ရကြောင်း၊ ထောင်မှထွက်ပြီး ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံတွင်လည်း ထပ်မံဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံရသူဖြစ်သည်။
-

တောင်းယူလို့တော့မရဘူး တိုက်ယူမှရတော့မယ် တောခိုဖို့ အချိန်တန်ပြီ
RNA_ဇူလိုင်(၉)၊၂၀၂၃ ခုနှစ်။
“ကျွန်တော်အတွေ့အကြုံအရ သိလိုက်ရတယ် တောင်းယူလို့တော့မရတော့ဘူး တိုက်ယူမှရတော့မယ် ကျွန်တော် ကိုယ့်ကိုယ်ကို တောခိုသင့်တဲ့အချိန်တန်ပြီပေါ့” ဟုစသဖြင့် “ပြည်သူ့ဘက်သား ရင်တွင်းစကား” အစီအစဥ်မှာ CDM စစ်သား ကဗျာဆရာဂနိုက်၏ ရင်တွင်းစကားများ၊ အတွေ့အကြုံများနှင့် ခံယူချက်စသည်တို့ကို ပြောကြားထားသည်။
[embedyt] https://www.youtube.com/watch?v=TfE02xq382Y[/embedyt]
Red News Agency
-

စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန
RNA_ဇူလိုင်၁၄၊၂၀၂၂ ခုနှစ်။
စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေ တသက်တာဆုရှင် ဆရာကြီးမောင်သာနိုး၏ ဈာပနအခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် ရေဝေးသုဿာန်မှာ ယနေ့ နေ့လည် ၂ နာရီက ပြုလုပ်ခဲ့သည်။
စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန အမျိုးသားစာပေတသက်တာဆုရှင် အသက် (၉၁) နှစ်ရှိ ဆရာကြီးမောင်သာနိုးသည် ရန်ကုန်မြို့ SSC ဆေးရုံမှာ ဇူလိုင် ၁၂ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်တွင် ကွန်လွန်ခဲ့ပြီး၊ ဆရာကြီး မောင်သာနိုးကို အဖဦးခင်မောင်ကလေး၊ အမိဒေါ်စံမြင့်တို့က ၁၉၃၂ ခုနှစ် မေလ ၆ ရက်နေ့မှာ စစ်ကိုင်းမြို့မှာ မွေးဖွားခဲ့သည်။
စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန ဆရာကြီး မောင်သာနိုးသည် ၂၀၁၆ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆု ချီးမြှင့်ခံခဲ့ရကြောင်း၊ ဆရာကြီးရေးသားခဲ့သည့် ထင်းရှူးပင်ရိပ် ကဗျာဘာသာပြန်စာအုပ်၊ တော်မှော်ရုံလမ်း၊ ဗမာစာ ဗမာစကား၊ အာရှတိုက်၏ အလင်းရောင်၊ မဟာကဗျာ ဂန္ထဝင် နိုင်ငံခြား ကဗျာရှည် လေးပုဒ်၊ အိုမာခိုက်ယမ်ရဲ့ ရှုဘိုက်ယတ်၊ ဟိုက္ကူကဗျာ ခရီးသည် စသည့်စာအုပ်များစွာ ထင်ရှားပြီး ကဗျာဆရာများနှင့် စာရေးဆရာများအပေါ် ဩဇာကြီးများသည့် ပညာရှင်တဦးဖြစ်သည်။
စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန စာရေးဆရာ၊ ကဗျာဆရာ၊ အမျိုးသားစာပေတသက်တာဆုရှင် ဆရာကြီး မောင်သာနိုး ဈာပန Red News Agency












