Author: RNA Editor
-

စစ်ကိုင်းတိုင်းအတွက် တပ်မဟာ အသစ်ဖွဲ့စည်းမည့် မန္တလေး PDF အပတ်စဉ် (၁၅) သင်တန်းဆင်းပွဲကျင်းပ
RNA_ဇန်နဝါရီ(၁၀)၊၂၀၂၅ခုနှစ်။ရှမ်းမြောက်နှင့် မန္တလေးတိုင်းအတွင်း တိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းအတွက် တပ်မဟာသစ်တစ်ခုဖွဲ့စည်းမည်ဟု ပြောကြားပြီးနောက် ယနေ့ အပတ်စဉ် (၁၅) အခြေခံစစ်ပညာသင်တန်း ဆင်းပွဲ မှတ်တမ်းကို ယနေ့ အသိပေးထားသည်။[embedyt] https://www.youtube.com/watch?v=GOLAWpRdRBY[/embedyt]#RedNewsAgency -

အမျိုးသားရေးခေါင်းပေါင်း နှင့် စစ်ခေါင်းဆောင်၏ မအောင်မြင်သည့် နှစ်တနှစ်
“မျိုးချစ်စိတ်နိုင်ငံချစ်စိတ်ဆိုတဲ့စကား အသုံးနှုန်းကတော့ တပ်ထဲမှာ အမြဲပြောလေ့ရှိပါတယ်။ တကယ်က နိုင်ငံနဲ့လူမျိုးကိုချစ်တယ် ဆိုတာကတော့ ခုအချိန်မှာ စကားအဖြစ်ပဲရှိတာလေ”
ရေးသားသူ-စိုးဦး
“အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့် ဆောင်ပုဒ်ကို ကိုင်ဆွဲကာ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် “ဇာတိမာန်” သီချင်းသံများသည် အခြေခံပညာအထက်တန်းကျောင်း အများအပြား၌ ဆူဆူညံညံထွက်ပေါ်လာခဲ့သည်။
ထိုအခမ်းအနားများကို စစ်ကောင်စီစိုးမိုးထားရာ ပဲခူးတိုင်းနှင့် မြို့ကြီးအချို့ရှိ အခြေခံပညာအထက်ကျောင်းများတွင်ပြုလုပ်ခဲ့ပြီး စစ်ယူနီဖောင်းဝတ်များနှင့် အုပ်ချုပ်ရေးအကြီးပိုင်းများက ကမကထ လုပ်ကာ ပါဝင်ကျင်းပခဲ့သည်။
“တကျော့ပြန် အမျိုးသားရေးဝါဒ နှင့် စာသင်ကျောင်းများ”
အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားများကို မြို့နယ်၊ ခရိုင်အဆင့် အုပ်ချုပ်ရေးမှူးများ ဦးဆောင်ကာ အခြေခံပညာကျောင်းအထက်တန်း ကျောင်းများတွင် ကျင်းပပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သဝဏ်လွှာမိန့်ခွန်းကို အုပ်ချုပ်ရေးမှူးများက ဖတ်ကြားပြသည်။ တချို့မြို့များတွင်တော့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးများကိုယ်တိုင် စစ်ယူနီဖောင်းဖြင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။
“စာသင်ကျောင်းတွေမှာ သတင်းမီဒီယာကောင်စီနဲ့ YMBA (၂ဖွဲ့) ကနေ ဝါဒဖြန့်ချိမှုတွေကို ဦးဆောင်လုပ်တယ်။ စာသင်ကျောင်းတွေသာမကပဲ မြို့နယ် ပြန်ကြားရေးရုံးတွေမှာလည်း ပြုလုပ်လေ့ရှိတယ်။ သူတို့ဝါဒဖြန့်ချိမှုရဲ့ ဦးတည်အုပ်စုဟာ ကျောင်းသူ ကျောင်းသား လူငယ်အစိုးရဝန်ထမ်း ရဟန်းသံဃာ စစ်မှုထမ်းဟောင်းတွေဖြစ်တယ်။ အဓိက ဟောပြောတဲ့ ခေါင်းစဉ်တွေက အမျိုးသားရေး အသိရှိဖို့ ၊ သတင်းတုသတင်းမှားများကို မယုံကြည်ဖို့ စတာတွေ ဖြစ်တယ်။” ဟု ပြည်တွင်းအခြေစိုက် သုတေသနအဖွဲ့အစည်းမှ အမည်မဖော်လိုသူ ကအဖွဲ့အစည်း၏ လေ့လာတွေ့ရှိချက်ကို ပြောသည်။
-

မြိုင်မြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၅) ဦးထက်မနည်းသေဆုံး
RNA_ဇန်နဝါရီ(၈)၊ ၂၀၂၅ ခုနှစ်။မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း ဒီဇင်ဘာ (၇) ရက်နေ့က တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားမှုအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၅) ဦးထက်မနည်းသေဆုံးနိုင်ကြောင်း မြိုင် ပကဖ ထံမှ သိရသည်။ပခုက္ကူ -မြစ်ခြေလမ်းခွဲ အရှေ့ဖက် ကောင်းစက်ဝိုင်ဆီဆိုင်အနီးတွင် ယမန့်နေ့ နံနက် ၉ နာရီခန့်က အောင်သာပျူရွာမှ ပခုက္ကူ တပ်မ ၁၀၁ သို့ အစည်းအဝေးသွားသော အင်အား (၁၁) ဦးပါ ယာဉ်ကို အသင့်စောင်းဆိုင်းပြီး တိုက်ခိုက်ရာ အောင်သာရွာပျူ ဒုခေါင်းဆာင် နိုင်ဝင်းနှင့် ၁၀၁ စစ်ခွေးပျူသင်တန်းဆရာအပါအဝင် (၈) ဦးသေဆုံးပြီး ယာဉ်တိမ်းမှောက်သွားသော်လည်း စစ်ကူများရောက်လာခြင်းနှင့် တပ်မ ၁၀၁ မှ ကရိန်းကားဖြင့် သယ်ဆောင်သွားသည့်အတွက် ဆုတ်ပေးခဲ့ရသည်ဟု သိရသည်။ -

မဲချောင်းစခန်းကုန်နှင့် စစ်ဆေးရေးဂိတ် တိုက်ပွဲတွင် စကစတပ်သား (၅) ဦးထက်မနည်းသေဆုံးပြီး ရဲဘော် (၃) ဦးကျဆုံး
RNA_ဇန်နဝါရီ(၈)၊၂၀၂၄ခုနှစ်။တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မဲချောင်း (ရှစ်မိုင်) စခန်းကုန်းနှင့် စစ်ဆေးရေးဂိတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၅) ဦးထက်မနည်းသေဆုံး လက်နက်ခဲယမ်းများနှင့် ဂိတ်ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း တော်လှန်ရေးရဲဘော် (၃) ဦးကျဆုံးခဲ့ကြောင်း သိရသည်။ -

ဆောမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံများ အလင်းဝင်သူများနှင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုများရှိ
RNA_ဇန်နဝါရီ(၈)၊၂၀၂၅ ခုနှစ်။
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ဇန်နဝါရီလ ပထမပတ်အတွင်း စစ်ကောင်စီလက်အောက်ခံ (၆) ဦး အလင်းဝင်ခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦးအား အရှင်ဖမ်းဆီးရမိခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။
ဆောမြို့မရဲစခန်းမှ လောင်းရှည်တိုက်နယ် ရဲစခန်းသို့ ထွက်လာသော စစ်ကြောင်းမှ စစ်ကောင်စီအဖွဲ့ဝင် (၅) ဦးသည် ဇန်နဝါရီလ (၆) ရက်တွင် MA-1 (၁) လက်၊ MA-3 (၁) လက်၊ MA ကျည် (၄၃၂) တောင့်၊ လက်ပစ်ဗုံး (၃) လုံး၊ MA ကျည်အိမ် (၉) ခုဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅) ထံသို့ အလင်းဝင်ရောက်ခဲ့ပြီး၊ ဇန်နဝါရီလ (၂) ရက်ကလည်း ဆောမြို့မရဲစခန်းမှ ရဲတပ်သား (၁) ဦးလည်း ဂန့်ဂေါခရိုင် တပ်ရင်း-၂ ထံသို့ G-3 (၁) လက်၊ 7.62 ကျည် (၅၀) တောင့်၊ ကျည်အိမ် (၂) ခုဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
-

ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၄၇) ဦးသေဆုံး၊ (၆) ဖမ်းဆီးရမိ၊ (၁၇) ဦးပျောက်ဆုံးနေ
RNA_ဇန်နဝါရီ(၈)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြား၌ တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်ခံရသော အင်အား (၇၀) ဦးပါ စစ်ကောင်စီတပ်စစ်ကြောင်းမှာ (၄၇) ဦးသေဆုံးပြီး (၆) ဦးဖမ်းဆီးရမိကာ (၁၇) ဦးပျောက်ဆုံးနေသေးသည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။
လယ်ကိုင်းရွာမှ ထွက်လာသော စစ်ကောင်စီလက်အောက်ခံ မျိုးမင်းသူ (စစ်ကြောင်းမှူး)၊ ဗက နေမျိုးဦး (တပ်ခွဲမှူး) နှင့် ဒု-ရဲမှူး ဇင်ကိုကိုထုတ်နုတ်တပ်ဖွဲ့ {စခတ-၈၊ တထပ-၂၊ ခလရ-၄၂၊ ခမရ-၁၁၊ ခမရ-၁၂၊ စစ်ကိုင်းလှုပ်ရှား ရဲတပ်ဖွဲ့ခွဲ (၃/၁၀)} ပူးပေါင်းထားသော စစ်ကြောင်းအား ဇန်နဝါရီလ (၅) ရက်နေ့တွင် ဒေသတွင်းတော်လှန်ရေး အင်အားစုများက တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး၊ လက်နက် (၄၆) လက်နှင့်အတူ ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု သိရသည်။
-

၂၀၂၅ ခုနှစ်သည် NUGအတွက် ပြုပြင်ပြောင်းလဲရေး စတင်ရမည့်နှစ်ဟု ယာယီသမ္မတပြော
RNA_ဇန်နဝါရီ(၇)၊၂၀၂၅ခုနှစ်။
၂၀၂၅ ခုနှစ်သည် အမျိုးသားညီညွတ်ရေးအစိုးရအတွက် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရေးများ စတင်ရမည့်နှစ်ဖြစ်သည်ဟု ယနေ့ပြုလုပ်သော အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁/၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။
“အမျိုးသားညီညွတ်ရေးအစိုးရအတွက် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲရေးတွေ စတင်ရမယ့် နှစ် ဖြစ်တယ်လို့ ပြောချင်ပါတယ်။ ဒါပေမယ့် ဒါဟာ နည်းနာပိုင်းအရ – ပုံသဏ္ဍာန်ပိုင်းအရ ထိရောက်တဲ့ ရလဒ်တွေထွက်အောင် အပြောင်းအလဲလုပ်ခြင်းသာ ဖြစ်ကြောင်း နားလည်စေလိုပါတယ်။ ကျွန်တော်တို့ အားလုံးရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး” နဲ့ “စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး” ဆိုတဲ့ ဦးတည်ချက်ကတော့ ဘယ်တော့မှ ပျောက်ပျက်မှာ မဟုတ်ဘူး ဆိုတာ ထပ်လောင်းပြောကြားချင်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။
-

စစ်ကောင်စီတပ် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေသည့်အတွက် ရွှေစက်တော်ဘုရားအနီး မသွားကြရန် မေတ္တာရပ်ခံ
RNA_ဇန်နဝါရီ(၇)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်အတွင်းနှင့် ပွင့်ဖြူမြို့နယ်၊ ငဖဲမြို့နယ် အစပ်ရှိ ရွှေစက်တော်ဘုရားအနီးတွင် စစ်ကောင်စီတပ်မှ အင်အားဖြည့် ကြိုတင်ခံစစ်ပြင်နေပြီး ခရီးသွားပြည်သူများကို ပေါ်တာဆွဲ အဓမ္မတပ်သားသစ်များ စုဆောင်းနေသည့်အတွက် ပြည်သူများ ရွှေစက်တော်ဘုရားအနီး မသွားလာကြရန် မင်းဘူးခရိုင် အမှတ် (၆) တပ်ရင်းက ယနေ့ မေတ္တာရပ်ခံထားသည်။
မန်းရွှေစက်တော်ဘုရားအနီး ကျေးရွာများဖြစ်သေသာ ပုဒေါင်းရွာ၊ ဥယျာဉ်ရွာ၊ လောက်ပုလဲရွာ၊ ကိုင်းမကြီးရွာ၊ တင်ပြင်ခွေရွာ၊ အိုးမြင်မဲရွာ၊ အိုင်းမရွာ၊ လက်ပံတောရွာ၊ မဲချောင်ရွာ၊ ကသက်ရွာ နှင့် ဘုရားရွာတို့တွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူများ ပစ္စည်းများကို လုယက်ခြင်းနှင့် ပြည်သူများကို ဖမ်းဆီးခြင်းများ၊ လူသားဒိုင်းအဖြစ် ပြုလုပ်ခံရသော ဒေသခံများကို မိုင်းကွင်းဖြတ်ခိုင်းခြင်းများ ပြုလုပ်နေသည်ဟု သိရသည်။
-

တော်လှန်ရေး အင်အားစုများက အင်အား (၇၇) ဦးပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ချေမှုန်းပြီး လက်နက် (၄၄) လက်သိမ်းဆည်းရမိ
RNA_ဇန်နဝါရီ(၆)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြား၌ လယ်ကိုင်းရွာမှ ထွက်လာသော စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးမျိုးမင်းသူ ဦးစီး စခတ-၈ အင်အား (၇၇) ဦးပါ စစ်ကြောင်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဇန်နဝါရီလ (၅) ရက်နေ့က တိုက်ခိုက်ချေမှုန်းရာ လက်နက် (၄၄) လက်သိမ်းဆည်းရမိကြောင်း သိရသည်။
အင်အား (၇၇) ဦးပါ စစ်ကောင်စီတပ် စစ်ကြောင်းအား အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားချက်ဖြင့် ရွှေဘိုခရိုင် တပ်ရင်း (၁၊ ၂၊ ၅၊ ၁၅၊ ၂၃)၊ ဝက်လက်မြို့နယ် ပကဖ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားပြီး၊ စစ်ကောင်စီတပ် စစ်ကြောင်း တခုလုံးအား ရှင်းလင်းနိုင်ခဲ့ကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သူများက ပြောကြားထားသည်။
-

စလင်းမြို့အနီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်
RNA_ဇန်နဝါရီ(၆)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့အနီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ လုံခြုံရေး စစ်ဆေးမှုပြုလုပ်ခဲ့သည့်အတွက် အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်သည့် အနေအထားဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်း သတင်းတာဝန်ခံ ကိုအောင်ဆန်းက ပြောသည်။
မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – စလင်း (ပကဖ)) မှ ပြည်သူ လူထုသွားလာရေး အဆင်ပြေစေရန် စလင်းမြို့အနီး သွားရောက်ပြီး စလင်း - ဆင်ဖြူကျွန်းကားလမ်းပိုင်းအား အသုံးပြုနေသော ခရီးသွားပြည်သူများအား ဇန်နဝါရီလ (၅) ရက်နေ့က စစ်ရေးလုံခြုံရေးအရ စစ်ဆေးမှူများ ပြုလုပ်ခဲ့ကြသည်။