Author: RNA Editor

  • ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် အညာဒေသအခြေစိုက် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပါဝင်ခဲ့

    ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် အညာဒေသအခြေစိုက် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပါဝင်ခဲ့

    RNA_ဧပြီ(၉)၊၂၀၂၅ခုနှစ်။

    ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့်အတူ အညာဒေသအခြေစိုက်တပ်များဖြစ်သော 96 Soldiers PDF၊ BNRA၊ စစ်ကိုင်းဖယ်ဒရယ်တပ်ပေါင်းစု၊ YDF၊ ကလေးခရိုင် ပကဖနှင့် ဒရုန်းတပ်ဖွဲ့၊ Myingyan Black Tiger (MBT) စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

    ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ပူးပေါင်းပါဝင်ခဲ့သော 96 Soldiers PDF ရဲဘော်များ

    ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့ စတင်ဖော်ဆောင်ခဲ့ပြီး (၅) လအကြာ ၂၀၂၅ ခုနှစ် ဧပြီလ (၉) ရက်နေ့တွင် ဖလမ်းမြို့နယ်တစ်ခုလုံးအတွင်း စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ကြောင်း ချင်းညီနောင် သတင်း မှတ်တမ်းနှင့်ပြန်ကြားရေးအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။

    (more…)

  • မြင်းခြံမြို့အဝင်ဂိတ်နှင့် စစ်ကူလာသောယာဉ် တိုက်ခိုက်ခံရပြီး (၁၄) ဦးသေဆုံး

    မြင်းခြံမြို့အဝင်ဂိတ်နှင့် စစ်ကူလာသောယာဉ် တိုက်ခိုက်ခံရပြီး (၁၄) ဦးသေဆုံး

    RNA_ဧပြီ(၉)၊၂၀၂၅ခုနှစ်။
     
    မန္တလေးတိုင်း၊ မြင်းခြံမြို့အတွင်းသို့ အရှေ့တောင်ဘက်မှဝင်ရသော နေရာတွင် စစ်ကောင်စီတပ် ဂိတ်ချပြီး အရောက်သောက်နေစဉ် ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က တိုက်ခိုက်ခံရပြီး စစ်ကူလာသောယာဉ်ပါ ဖြတ်တောက်တိုက်ခိုက်ခံခဲ့ရသည့်အတွက် စစ်ကောင်စီလက်အောက်ခံ (၁၄) ဦးသေဆုံးသည်ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပြထားသည်။

    (more…)

  • အင်းတော်မြို့မှ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

    အင်းတော်မြို့မှ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

    RNA_ဧပြီ(၈)၊၂၀၂၅ခုနှစ်။

    အင်းတော်မြို့ကို တော်လှန်ရေးတပ်ပေါင်းစုများ (၈) လကျော်ကြာတိုက်ခိုက် ဝန်းရံပိုက်ဆို့ထားသည့်အတွက် အင်းတော်မြို့ကို နောက်ဆုံးအချိန်ထိ ဂျပန်လှိုဏ်ဂူတွင် တပ်စွဲကာ ခုခံနေရသော် စစ်ကောင်စီအဖွဲ့သည် ဧပြီလ ၇ ရက်နေ့ညပိုင်းက ဆုတ်ခွါထွက်ပြေးသွားသည့်အတွက် တော်လှန်ရေးအင်အားစုများက မြို့ကိုသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

    NUG၊ MOD၊ အမှတ် (၁) စစ်ဒေသ၏ အစီအစဥ်ဖြင့် အင်းတော် မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၇) ရက် ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်များ အနေဖြင့် စစ်ကူမရရှိခြင်း၊ မြေပြင်မှ လက်နက်ရိက္ခာထောက်ပို့ဆောင်ရွက်နိုင်မှုမရှိခြင်း၊ ထိခိုက်သေဆုံး များပြားခြင်းတို့ကြောင့် နောက်ဆုံးအခြေပြုရာ ဂျပန်လှိုဏ်ဂူမှ တပ်မမှူးဦးဆောင်သော အဖွဲ့သည် ဧပြီလ ၇ ရက် ည ၉ နာရီခန့်တွင် စခန်းစွန့်လွှတ်ဆုတ်ခွာသွားခြင်းဖြစ်သည်ဟု MOD ကထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကိုစစ်နှင်တူအောင်တိုက်ရမည်ဖြစ်ပြီး ရှီရှောင်တိုက်ပွဲတွေ လုပ်မရတော့ဟု တပ်ရင်းမှူးပြော

    စစ်ကိုစစ်နှင်တူအောင်တိုက်ရမည်ဖြစ်ပြီး ရှီရှောင်တိုက်ပွဲတွေ လုပ်မရတော့ဟု တပ်ရင်းမှူးပြော

    RNA_ဧပြီ(၈)၊၂၀၂၅ခုနှစ်။

    တော်လှန်ရေးအောင်မြင်ရန်နှင့် လိုချင်သည့်ပန်းတိုင်ရောက်ရန်အတွက် ရှေ့လျှောက် စစ်ကိုစစ်နှင့် တူအောင်တိုက်ရမည်ဖြစ်ပြီး ရှီရှောင်တိုက်ပွဲများ လုပ်မရတော့ဟု ဧပြီလ ၆ ရက်နေ့က မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော ရဲဘော်များအားဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းနှင့် သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်ရင်းမှူးက ပြောကြားထားသည်။

    “အရေးကြီးဆုံးက အမိန့်နာခံမှုမရှိပဲနဲ့ ကျွန်တော်တို့ ရှေ့ဆက်််််ပြီးတိုက်ပွဲဝင်လို့ မရပါဘူး။ ဘာ့ကြောင့်မို့လဲ ခင်ဗျားတို့ကိုယ်တိုင်လည်း မြေပြင်မှာ လက်နက်ကိုင်တိုက်ပွဲတွေကြုံခဲ့ပြီးပြီ။ အဆင့်ဆင့်အမိန့်နာခံမှု ရှိကို ရှိရလိမ့်မယ်။ ကျွန်တော်တို့ ဒီကရှေ့လျှောက်ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ စစ်ကို စစ်နဲ့တူတောင် တိုက်ရလိမ့်မယ် ရှီရှောင်တိုက်ပွဲတွေ လုပ်လို့မရတော့ဘူး။ ကျွန်တော်တို့ရည်မှန်းထားတဲ့ ရည်ရွယ်ချက်တွေ အပြည့်အဝ ပန်းတိုင်းတစ်ခု မရောက်ရောက်အောင် သွားရလိမ့်မယ်” ဟု တပ်ရင်းမှူး (မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ)က ပြောကြားထားသည်။

    (more…)

  • တညောင်ဓာတ်အားခွဲရုံတိုက်ပွဲတွင် ကျဆုံးခဲ့ရသော တပ်ခွဲမှူးရဲဘော်ဆံရှည်၏ ဈာပန

    တညောင်ဓာတ်အားခွဲရုံတိုက်ပွဲတွင် ကျဆုံးခဲ့ရသော တပ်ခွဲမှူးရဲဘော်ဆံရှည်၏ ဈာပန

    RNA_ဧပြီ(၇)၊၂၀၂၅ခုနှစ်။
     
    မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ဓာတ်အားခွဲရုံတိုက်ပွဲတွင် ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့မှ တစ်ခွဲမှူး တစ်ဦးဖြစ်သူ ရဲဘော်ဆံရှည်၏ ဈာပနအခမ်းအနား အမိန့်ပြန်တမ်းကို ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီ၏ တညောင်ဓာတ်အားခွဲရုံတိုက်ပွဲတွင် ထရန်စဖော်မာ အလုံး ၈၀ ကျော်ဖျက်ဆီးနိုင်သည့်အပြင် အရာရှိ (၂) ဦးအပါအဝင် (၃၀) ကျော်သေဆုံး

    စစ်ကောင်စီ၏ တညောင်ဓာတ်အားခွဲရုံတိုက်ပွဲတွင် ထရန်စဖော်မာ အလုံး ၈၀ ကျော်ဖျက်ဆီးနိုင်သည့်အပြင် အရာရှိ (၂) ဦးအပါအဝင် (၃၀) ကျော်သေဆုံး

    RNA_ဧပြီ(၇)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တညောင်ဓာတ်အားခွဲရုံ တိုက်ပွဲတွင် ကပစများကို ဓာတ်အားပေးနေသော ထရန်စဖော်မာ အလုံး ၈၀ ကျော် ဖျက်ဆီးနိုင်ခဲ့သည့်အပြင် စစ်ကောင်စီတပ်မှ အရာရှိ (၂) ဦးအပါအဝင် (၃၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

    တညောင်ဓာတ်အားခွဲရုံသည် စစ်ကောင်စီ လေတပ်အတွက် လေယာဥ်ဗုံးသီးများထုတ်လုပ်ရာ ကပစ ၂၁၊ လေကြောင်းကာကွယ်ရေးလက်နက်များ ထုတ်လုပ်ရာ ကပစ ၂၀ နှင့် ကပစ ၂၅ နှင့် ဆိပ်ဖြူမြို့ အမှတ် (၉) လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှု စစ်ဆင်ရေးဌာနချုပ်သို့ အဓိက ဓာတ်အားပေးနေကြောင်း၊ ဓာတ်အားခွဲရုံတိုက်ပွဲကို မတ်လ ၃၁ ရက်နေ့က ၄ နာရီကျော်ကြာ တိုက်ခိုက်ခဲ့ရသည်ဟု ဗမာ့တပ်တော်(BAMAR ARMY) နှင့် ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

    (more…)

  • သလ္လာဝတီစစ်ကြောင်းမှ ရဲဘော်အောင်ဖြိုးဝေ(ခ) ဗလကြီး(ခ)နတ်ဆိုး ရှေ့တန်းစစ်မျက်နှာမှာ ကျဆုံး

    သလ္လာဝတီစစ်ကြောင်းမှ ရဲဘော်အောင်ဖြိုးဝေ(ခ) ဗလကြီး(ခ)နတ်ဆိုး ရှေ့တန်းစစ်မျက်နှာမှာ ကျဆုံး

    RNA_ဧပြီ(၇)၊၂၀၂၅ခုနှစ်။
    ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး – BLDF၊ စစ်ဒေသ (၃) သလ္လာဝတီစစ်ကြောင်းမှ ရဲဘော်အောင်ဖြိုးဝေ (ခ) ဗလကြီး (ခ)နတ်ဆိုးသည် ရှေ့တန်းစစ်မျက်နှာတစ်နေရာ၌ ဧပြီလ ၄ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်အား ရဲရင့်စွာ တော်လှန်တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။

    (more…)

  • ညောင်ကျိုးဗျူဟာကို သိမ်းပိုက်ပြီးနောက် အပစ်ရပ်ထားသည့်အတွက် ထွက်ပြေးနေသောစစ်ကောင်စီတပ်ကို မတိုက်ခိုက်

    ညောင်ကျိုးဗျူဟာကို သိမ်းပိုက်ပြီးနောက် အပစ်ရပ်ထားသည့်အတွက် ထွက်ပြေးနေသောစစ်ကောင်စီတပ်ကို မတိုက်ခိုက်

    RNA_ဧပြီ(၆)၊၂၀၂၅ခုနှစ်။
    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ၊ စစ်ကောင်စီ၏ ညောင်ကျိုးဗျူဟာစခန်းကုန်းအား အာရက္ခတပ်တော်မှ အလုံးစုံသိမ်းပိုက်ရရှိနိုင်ခဲ့ပြီးနောက် အပစ်ရပ်ထားသည့်အတွက် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေး နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင်တိုက်ခိုက်ရန် အခွင့်အရေးရသော်လည်း အပစ်ရပ်ထားသည့်အတွက် မတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော်-AA ကထုတ်ပြန်ထားသည်။
    ညောင်ကျိုးဗျူဟာစခန်းကုန်းအား အာရက္ခတပ်တော်မှ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၁၆) ရက်ကြာ ဧပြီလ (၂) ရက်နေ့တွင် အလုံးစုံသိမ်းပိုက်ရရှိနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီသည် အပစ်ရပ်သည်ဟု ကြေညာထားသော်လည်း ကြေညာသည့်နေ့မှစပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု သိရသည်။
    စစ်ကောင်စီသည် အပစ်ရပ်သည်ဟု ကြေညာထားသော်လည်း မန္တလေးတိုင်း၊ ကွေးတိုင်း၊ ကရင်နီအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့မှုများပြုလုပ်ခဲ့သည့်အပြင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ကြည်း၊ရေ၊လေ တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စစ်တွေမြို့နယ်များတွင်လည်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း AA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
  • ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပျက်စီးနေသည့် မြင်ကွင်း

    ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပျက်စီးနေသည့် မြင်ကွင်း

    RNA_ဧပြီ(၅)၊၂၀၂၅ခုနှစ်။

    မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းက ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော မယ်နုအုတ်ကျောင်း အပါအဝင် စေတီပုထိုး ၂၀၀ ကျော် ပြိုကျပျက်စီးခဲ့ရသည့်အခြေအနေများနှင့်ပတ်သက်ပြီး ဧပြီလ (၃) ရက်နေ့က မြင်တွေ့ရသည့် မြင်ကွင်းဖြစ်သည်။

    (more…)

  • သတင်းအမှောင်ချခံထားရသည့် နေပြည်တော်

    RNA_ဧပြီ(၅)၊၂၀၂၅ခုနှစ်။

    ငလျင်ဘေးဒဏ်ကြောင့် နေပြည်တော်တွင် သေဆုံးအလောင်းများကြောင့် အပုပ်နံ့များထွက်နေခြင်း၊ ဝန်ထမ်းအိမ်ယာများပျက်စီးခြင်း၊ ငလျင်လှုပ်ခတ်သည့်အနေ့က အလောင်းများကို ဖြစ်လိုအစဖျောက်ခြင်း၊ အိမ်ယာများမှ ဝန်ထမ်းများဖယ်ပေးရသော်လည်း အကူအညီမရခြင်းစသည့် နေပြည်တော်က သတင်းအမှောင်ချထားမှုများနှင့်ပတ်သက်ပြီး စုံစမ်းသိရှိရသမျှကို ရုပ်သံများနှင့်တကွ တင်ပြလိုက်ပါသည်။

    #RedNewsAgency #REDNEWS #RNA #MyanmarEarthquake #earthquake #Earthquake2025