မြင်းခြံမြို့အဝင်ဂိတ်နှင့် စစ်ကူလာသောယာဉ် တိုက်ခိုက်ခံရပြီး (၁၄) ဦးသေဆုံး

RNA_ဧပြီ(၉)၊၂၀၂၅ခုနှစ်။
 
မန္တလေးတိုင်း၊ မြင်းခြံမြို့အတွင်းသို့ အရှေ့တောင်ဘက်မှဝင်ရသော နေရာတွင် စစ်ကောင်စီတပ် ဂိတ်ချပြီး အရောက်သောက်နေစဉ် ဧပြီလ ၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က တိုက်ခိုက်ခံရပြီး စစ်ကူလာသောယာဉ်ပါ ဖြတ်တောက်တိုက်ခိုက်ခံခဲ့ရသည့်အတွက် စစ်ကောင်စီလက်အောက်ခံ (၁၄) ဦးသေဆုံးသည်ဟု Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပြထားသည်။

မြင်းခြံမြို့ အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီ၏ အထိုင်ဂိတ်အား Myingyan Black Tiger (MBT)တပ်ဖွဲ့၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့နှင့် BGFမှတို့ ပူးပေါင်းပြီး (၁) နာရီကျော်ကြာတိုက်ခိုက်ခဲ့ကြကြောင်း၊ ဂိတ်အားတိုက်ခိုက်စဉ် လက်နက်ရရှိရေးကို ဦးစားပေးလုပ်ဆောင်ခဲ့သော်လည်း စစ်ကူလာသည့်အတွက် လက်နက်ရရှိခြင်းမရှိကြောင်း၊ အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီလက်အောက်ခံ (၈) ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု ဗိုလ်မိုက်ခဲက ပြောသည်။
 
#RedNewsAgency #REDNEWS #RNA #PDF
By RNA Editor