ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် အညာဒေသအခြေစိုက် မဟာမိတ်တပ်ဖွဲ့များပူးပေါင်းပါဝင်ခဲ့

Written by

in

RNA_ဧပြီ(၉)၊၂၀၂၅ခုနှစ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့်အတူ အညာဒေသအခြေစိုက်တပ်များဖြစ်သော 96 Soldiers PDF၊ BNRA၊ စစ်ကိုင်းဖယ်ဒရယ်တပ်ပေါင်းစု၊ YDF၊ ကလေးခရိုင် ပကဖနှင့် ဒရုန်းတပ်ဖွဲ့၊ Myingyan Black Tiger (MBT) စသည့် မဟာမိတ်အဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ပူးပေါင်းပါဝင်ခဲ့သော 96 Soldiers PDF ရဲဘော်များ

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့ စတင်ဖော်ဆောင်ခဲ့ပြီး (၅) လအကြာ ၂၀၂၅ ခုနှစ် ဧပြီလ (၉) ရက်နေ့တွင် ဖလမ်းမြို့နယ်တစ်ခုလုံးအတွင်း စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ဖော်ဆောင်နိုင်ခဲ့ကြောင်း ချင်းညီနောင် သတင်း မှတ်တမ်းနှင့်ပြန်ကြားရေးအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။

 

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော်မှ ခဲယမ်းစစ်လက်နက်များအပြင် စစ်ရေးဆိုင်ရာအကြံဉာဏ်များ ပံ့ပိုးကူညီမှုနှင့် ပြည်သူများ၏ တစိုက်မတ်မတ် ထောက်ပို့ပါဝင်မှုများကို မှတ်တမ်းတင်ဂုဏ်ပြုပြီး၊ စစ်ဆင်ရေးအတွင်း အသက်ပေးသွားကြသည့် အာဇာနည်သူရဲကောင်းများ၊ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ကြရသ်ည့ ရဲဘော်များနှင့် အောင်ပွဲရသည်အထိ ရွပ်ရွပ်ချွံချွံ ချီတက်တိုက်ပွဲဝင်ခဲ့ကြသော တပ်မှူး တပ်သား အားလုံးကို လေးစားဂုဏ်ပြုကြောင်း၊ ချင်းညီနောင်အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတွင် မဟာမိတ်များနှင့်အတူ ဆက်လိုက်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency #REDNEWS #RNA