RNA_ဧပြီ(၈)၊၂၀၂၅ခုနှစ်။
တော်လှန်ရေးအောင်မြင်ရန်နှင့် လိုချင်သည့်ပန်းတိုင်ရောက်ရန်အတွက် ရှေ့လျှောက် စစ်ကိုစစ်နှင့် တူအောင်တိုက်ရမည်ဖြစ်ပြီး ရှီရှောင်တိုက်ပွဲများ လုပ်မရတော့ဟု ဧပြီလ ၆ ရက်နေ့က မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော ရဲဘော်များအားဂုဏ်ပြုမှတ်တမ်းပေးအပ်ခြင်းနှင့် သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်ရင်းမှူးက ပြောကြားထားသည်။
“အရေးကြီးဆုံးက အမိန့်နာခံမှုမရှိပဲနဲ့ ကျွန်တော်တို့ ရှေ့ဆက်််််ပြီးတိုက်ပွဲဝင်လို့ မရပါဘူး။ ဘာ့ကြောင့်မို့လဲ ခင်ဗျားတို့ကိုယ်တိုင်လည်း မြေပြင်မှာ လက်နက်ကိုင်တိုက်ပွဲတွေကြုံခဲ့ပြီးပြီ။ အဆင့်ဆင့်အမိန့်နာခံမှု ရှိကို ရှိရလိမ့်မယ်။ ကျွန်တော်တို့ ဒီကရှေ့လျှောက်ကျွန်တော်တို့လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ စစ်ကို စစ်နဲ့တူတောင် တိုက်ရလိမ့်မယ် ရှီရှောင်တိုက်ပွဲတွေ လုပ်လို့မရတော့ဘူး။ ကျွန်တော်တို့ရည်မှန်းထားတဲ့ ရည်ရွယ်ချက်တွေ အပြည့်အဝ ပန်းတိုင်းတစ်ခု မရောက်ရောက်အောင် သွားရလိမ့်မယ်” ဟု တပ်ရင်းမှူး (မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ)က ပြောကြားထားသည်။
မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ ရဲဘော်များသည် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် မဟာမိတ်များနှင့် ပူးပေါင်းကာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က မင်းတပ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင်အမှတ် ၃ တပ်ရင်းမှ ပြင်းထန် ဒဏ်ရာရရဲဘော် (၃) ဦး၊ ကိုယ်အင်္ဂါပြတ်တောက်ခံရ ရဲဘော် (၂) ဦး၊ ထိခိုက်ခဏ်ရာရရဲဘော် (၉) ဦးရှိိိိိိိိခဲ့ပြီး ကျဆုံးရဲဘော် (၇) ဦးရှိခဲ့သည်။
#RedNewsAgency #RNA #RedNews