Author: RNA Editor

  • ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူးရဲဘော်ဆံရှည်ကျဆုံး

    ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူးရဲဘော်ဆံရှည်ကျဆုံး

    RNA_ဧပြီ(၃)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်းအခြေစိုက်၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ရဲဘော်ဆံရှည််််သည် မတ်လ ၃၁ ရက် နံနက် ၆ နာရီတွင် စစ်ကောင်စီတပ် စခန်းသိမ်းတိုက်ပွဲအတွင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။

    #RedNewsAgency #REDNEWS #RNA

  • လူရွှင်တော်ကြီး (စတား) ဦးကျော်မိုး၏ ဈာပန

    လူရွှင်တော်ကြီး (စတား) ဦးကျော်မိုး၏ ဈာပန

    RNA_ဧပြီ(၃)၊၂၀၂၅ခုနှစ်။
     
    ကိုတိုင်းကျော်၊ ကိုပြည်ကျော်တို့၏ မွေးသဖခင်ဖြစ်သည့် ဟား (၅) ​ကောင်အဖွဲ့၏ ဖခင်လူရွှင်​တော်ကြီး (စတား) ဦး​ကျော်မိုး (အသက် ၇၅ နှစ်)သည် ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကွယ်လွန်သွားခဲ့သည့်အတွက် ဝပ်အလန်ဘုန်းကြီး​ကျောင်းဇရပ်၌ ဈာပနအခမ်းအနားကျင်းပပြီးနောက် ယနေ့ (ဧပြီလ ၃ ရက်) နေ့လယ်က မဲဆောက်မြို့ရှိ ဝပ်မုတ်ကထန်သုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။
     
    #RedNewsAgency #REDNEWS #RNA
  • ရှေးဟောင်းတိုက်ကျောင်း ပြိုကျမှုအတွင်း ယဉ်ကျေးလိမ္မာ သင်တန်းသူ/သား ကလေးငယ် (၁၃) ဦး အသက်ဆုံးရှုံးခဲ့ရ

    ရှေးဟောင်းတိုက်ကျောင်း ပြိုကျမှုအတွင်း ယဉ်ကျေးလိမ္မာ သင်တန်းသူ/သား ကလေးငယ် (၁၃) ဦး အသက်ဆုံးရှုံးခဲ့ရ

    RNA_ဧပြီ(၁)၊၂၀၂၅ခုနှစ်။

    မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ်၊ ရှေးဟောင်းတိုက်ကျောင်း ငလျင်ကြောင့် ပြိုကျပျက်စီးမှုအတွင်း ပိတ်မိပြီး ယဉ်ကျေးလိမ္မာ သင်တန်းသူ/သား ကလေးငယ် (၁၃) ဦး အသက်ဆုံးရှုံးခဲ့ရပါသည်ဟု ဧပြီလ ၁ ရက်နေ့မှာ အရှင်အာစိဏ္ဏက အသိပေးထားသည်။
    (more…)

  • လက်မှုပစ္စည်းမျိုးစုံရောင်းချမှုမှ ရရှိသောငွေအားလုံးကို ငလျင်ဒဏ်ခံရသူများအတွက် လှူဒါန်းမည် 

    လက်မှုပစ္စည်းမျိုးစုံရောင်းချမှုမှ ရရှိသောငွေအားလုံးကို ငလျင်ဒဏ်ခံရသူများအတွက် လှူဒါန်းမည် 

    RNA_ဧပြီ()၊၂၀၂၅ခုနှစ်။

    ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးများ၊ CDM အမျိုးသမီးလေးများစသည့် အမျိုးသမီးများ စုဖွဲ့ထားသော Resilient Women’s Creative Network အဖွဲ့ဝင်များ၏ ကိုယ်တိုင်ထုတ်လုပ်ထားသည့် လက်မှုပစ္စည်းထုတ်ကုန်မျိုးစုံအရောင်းပြပွဲမှ ရောင်းရသမျှငွေအားလုံးကို မြန်မာနိုင်ငံအတွင်းက ငလျင်ဒဏ်ခံရသူများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ 

    Resilient Women’s Creative Network အဖွဲ့ဝင်များ၏ လက်မှုပစ္စည်းထုတ်ကုန်များကို Blue Pond Cafe မှာလည်း ဝယ်ယူရရှိသလို ယနေ့ (ဧပြီလ ၁ ရက်) ညနေပိုင်းတွင်လည်း Memories of Maesot မှာပြသရောင်းချသွားမည်ဖြစ်ကြောင်း၊ ပြပွဲနှင့်ရောင်းချမှုများကို မဲဆောက်ရှိ မြန်မာအများစုရှိသော နေရာများတွင် () ရက်တိုင်ပြုလုပ်သွားမည်ဟု မဇာလီက ပြောပြထားသည်။

    #RedNewsAgecny #RNA #RedNews

  • ၉၁ နာရီကြာ ပိတ်မိနေသော အသက် ၆၃ နှစ်အရွယ်အမျိုးသမီးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်

    ၉၁ နာရီကြာ ပိတ်မိနေသော အသက် ၆၃ နှစ်အရွယ်အမျိုးသမီးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်

    RNA_ဧပြီ(၁)၊၂၀၂၅ခုနှစ်။
    နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တိုက်အမှတ် ၃၃၆၉ တွင် ငလျင်စတင်လှုပ်ခတ်ပြီး ၉၁ နာရီအကြာ ပိတ်မိနေသော အသက် (၆၃) နှစ်အရွယ် အမျိုးသမီးကြီးအား ဧပြီလ ၁ ရက်နေ့ နံနက် ၇ နာရီ ၅၈ မိနစ်တွင် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်အဖွဲ့က အသိပေးထားသည်။

    (more…)

  • စစ်ကိုင်း ဗလီ ၃ လုံးပြိုကျမှုအတွင်း အစ္စလာမ်ဘာသာဝင် ၂၄၀ ခန့် သေဆုံးနိုင်

    စစ်ကိုင်း ဗလီ ၃ လုံးပြိုကျမှုအတွင်း အစ္စလာမ်ဘာသာဝင် ၂၄၀ ခန့် သေဆုံးနိုင်

    RNA_မတ်(၃၁)၊၂၀၂၅ခုနှစ်။
    စစ်ကိုင်းမြို့ရှိ ဗလီ ၃ လုံး ငလျင်လှုပ်ခဲ့သည့်နေ့က ပြိုကျမှုအတွင်း အစ္စလာမ်ဘာသာဝင် ၂၄၀ ခန့် သေဆုံးနိုင်ပြီး စစ်ကိုင်းမြို့တွင် အလောင်း ၃၀၀ ကျော် ရှာဖွေတွေ့ရှိထားပြီဟု ရှာဖွေကယ်ဆယ်ရေးလုပ်သူများနှင့် ဒေသခံများထံမှ သိရသည်။
    အစ္စလာမ်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ် သောကြာ (ဂျူမူအာဟ်) စုပေါင်းဝတ်ပြုနေကြချိန် မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း မြေငလျင်လှုပ်ခတ်ခဲ့သည့်အတွက် စစ်ကိုင်းမြို့မှ မြို့မဗလီ၊ မြို့တော်ဗလီနှင့် မိုယ်းကျဂျာမေ့အ်ဗလီတို့ ပြိုကျခဲ့ရသည့်အတွက် ဝတ်ပြုဆုတောင်းနေကြသည့် အစ္စလာမ်ဘာသာဝင်များ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
    ရာသီဥတုပူပြင်းနေသည့်အတွက် စစ်ကိုင်းမြို့ ငလျင်ဘေးကြောင့် ပြိုကျပျက်စီးနေသည့် အဆောက်အဦများအတွင်းမှ အပုတ်နံ့များပါ ထွက်နေပြီဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြသော်လည်း ပိတ်မိနေသူများမှာ ၇၂ နာရီကျော်ပြီဖြစ်သည့်အတွက် မသေဆုံးသင့်သော်လည်း သေဆုံးသူများရှိနိုင်သည်ဟု ဒေသခံများထံမှ သိရသည်။
    မန္တလေးဘက်မှ စစ်ကိုင်းဘက် ကူညီကယ်ဆယ်ရေးသွားသူများကို စစ်ကိုင်းတံတားရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်မှ အစစ်အဆေးကြမ်းပြီး ကယ်ဆယ်ရေးလုပ်မည့်သူများ ခွင့်ပြုချက်ပါမှ (အစီအမံဖြင့် ညွန်ကြားသည့်နေရာများသာ) သွားရမည်ဟု ပြောကြားမှုများရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကူညီကယ်ဆယ်ရေးသမားတစ်ဦးက ပြောပြထားသည်။
    #RedNewsAgency #RNA #RedNews
  • ဗလီအဆောက်အဦ ပြိုကျပြီး သေဆုံးသူ (၂)ဦးအတွက် NUG တာဝန်ရှိသူများက (၂) သိန်းကျပ်လှူဒါန်း

    ဗလီအဆောက်အဦ ပြိုကျပြီး သေဆုံးသူ (၂)ဦးအတွက် NUG တာဝန်ရှိသူများက (၂) သိန်းကျပ်လှူဒါန်း

    RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်းအတွင်းရှိ ဗလီတခုတွင် ဝတ်ပြုဆုတောင်းနေချိန် ငလျင်လှုပ်ခတ်မှုကြောင့် ဗလီအဆောက်အဦ ပြိုကျပြီး (၂) ဦးသေဆုံးခဲ့သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ မြို့နယ် ပအဖတာဝန်ခံနှင့်အတူ တာဝန်ရှိသူများက (၂) သိန်းကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
    (more…)

  • ငလျင်ကြောင့် သေဆုံးသူ တစ်သောင်းမှတစ်သိန်းကြားရှိနိုင်ဟု အမေရိကန်ခန့်မှန်း

    ငလျင်ကြောင့် သေဆုံးသူ တစ်သောင်းမှတစ်သိန်းကြားရှိနိုင်ဟု အမေရိကန်ခန့်မှန်း

    RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။

    မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အင်အား ၇.၇ ပမာဏရှိ အလွန်အင်အားပြင်း ငလျင် (Major Earthquake) လှုပ်ခတ်ခဲ့သည့်အတွက် အမေရိကန်အစိုးရ ဘူမိဗေဒ စစ်တမ်း (USGS) ထုတ်ပြန်ချက်အရ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေ ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ကြားရှိနိုင်သည်ဟု သိရသည်။

    အဆိုပါ ငလျင်သည် မြေအောက်အနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ဇောက်တိမ်အမျိုးအစား ငလျင်ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့တွင် သက်ရောက်မှုများ ရှိခဲ့ကြောင်း၊ ပထမကြိမ်ငလျင်လှုပ်ခတ်ပြီး ၁၂ မိနစ်ခန့်အကြာ စစ်ကိုင်းမြို့၏ တောင်ဖက် ၁၈ ကီလိုမီတာခန့်အကွာ အင်းဝဒေသ၊ တံတားဦးလေဆိပ်အနီးတွင် ဗဟိုပြု၍ အင်အား ၆.၄ ဖြင့် အသင့်အတင့် အင်အားပြင်းသည့် ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါသည်ဟု NUG က ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ကျပင်းမြောက်ရွာသား (၄) ဦးကို နှိပ်စက်သတ်ဖြတ်

    စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ကျပင်းမြောက်ရွာသား (၄) ဦးကို နှိပ်စက်သတ်ဖြတ်

    RNA_မတ်(၂၄)၊၂၀၂၅ခုနှစ်။
    မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျပင်းအုပ်စု၊ ကျပင်းမြောက်ရွာမှ ကျေးရွာသား (၄) ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
    စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ ၁၀ ရက်နေ့က ကျပင်းမြောက်ရွာသို့ ဝင်ရောက်လာပြီး အရပ်သား (၇) ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများထဲမှ အသက် ၇၀ ဝန်းကျင်ရှိ ဦးဗိုလ်ရွှေနှင့် ဦးမြင့်ဆွေကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ ကျပင်းတောင်ရွာမှ ကိုသန်းမြတ်စိုးသည် ထွက်ပြေးလွှတ်မြောက်ခဲ့သော်လည်း ကျန် (၄) ဦးသည် ရက်ရက် စက်စက် အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။
  • စစ်ရာဇဝတ်မှု ကျူးလွန်ထားသော လေကြောင်းတိုက်ခိုက်မှု မြင်ကွင်း

    စစ်ရာဇဝတ်မှု ကျူးလွန်ထားသော လေကြောင်းတိုက်ခိုက်မှု မြင်ကွင်း

    RNA_မတ်(၂၄)၊၂၀၂၅ခုနှစ်။

    အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းအတွင်းမှ ဆေးရုံတစ်ခုကို လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ရာဇဝတ်မှု မှတ်တမ်း မြင်ကွင်းကို CDM ကထိက ဆရာမဒေါ်ရတီအုန်းက ပြောပြထားသည်။

    #RedNewsAgency #RedNews #RNA