တညောင်ဓာတ်အားခွဲရုံတိုက်ပွဲတွင် ကျဆုံးခဲ့ရသော တပ်ခွဲမှူးရဲဘော်ဆံရှည်၏ ဈာပန

RNA_ဧပြီ(၇)၊၂၀၂၅ခုနှစ်။
 
မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ဓာတ်အားခွဲရုံတိုက်ပွဲတွင် ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့မှ တစ်ခွဲမှူး တစ်ဦးဖြစ်သူ ရဲဘော်ဆံရှည်၏ ဈာပနအခမ်းအနား အမိန့်ပြန်တမ်းကို ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တညောင်ဓာတ်အားခွဲရုံကို ဒေသတွင်း မဟာမိတ်တပ်ဖွဲ့များစုပေါင်းပြီး မတ်လ ၃၁ ရက်နေ့က ၄ နာရီကျော်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထရန်စဖော်မာ အလုံး ၈၀ ပျက်စီးမှုနှင့်အတူ စစ်ကောင်စီတပ်မှ အရာရှိ (၂) ဦးအပါအဝင် (၃၀) ကျော်သေဆုံးခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထဲမှ ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့မှ ရဲဘော်ဆံရှည် ကျဆုံးခဲ့ရသည်။
By RNA Editor