ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် Myingyan Black Tiger ရဲဘော် (၇) ဦးကျဆုံးခဲ့

RNA_ဧပြီ(၁၀)၊၂၀၂၅ခုနှစ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် အညာဒေသအခြေစိုက် Myingyan Black Tiger ရဲဘော် (၇) ဦးကျဆုံးခဲ့ရပြီး ရဲဘော် (၃) ဦးခြေလက်အင်္ဂါဆုံးရှုံးခဲ့ရကာ ဒဏ်ရာရရဲဘော် (၃၀) ခန့်ရှိသည်ဟု တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက Red News Agency ကို ပြောသည်။

 

ဖလမ်းမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော်၏ လက်နက်ခဲယမ်းနှင့်စစ်ရေး အကူအညီများနှင့်အတူ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအခြေစိုက် မဟာမိတ်များဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့တွင် စတင်ဖော်ဆောင်ခဲ့ပြီး (၅) လအကြာ ၂၀၂၅ ခုနှစ် ဧပြီလ (၉) ရက်နေ့တွင် ဖလမ်းမြို့နယ်တစ်ခုလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor