ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် Myingyan Black Tiger ရဲဘော် (၇) ဦးကျဆုံးခဲ့


RNA_ဧပြီ(၁၀)၊၂၀၂၅ခုနှစ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် အညာဒေသအခြေစိုက် Myingyan Black Tiger ရဲဘော် (၇) ဦးကျဆုံးခဲ့ရပြီး ရဲဘော် (၃) ဦးခြေလက်အင်္ဂါဆုံးရှုံးခဲ့ရကာ ဒဏ်ရာရရဲဘော် (၃၀) ခန့်ရှိသည်ဟု တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက Red News Agency ကို ပြောသည်။

[embedyt] https://www.youtube.com/watch?v=ucYWDDvOGuQ[/embedyt]

 

ဖလမ်းမြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော်၏ လက်နက်ခဲယမ်းနှင့်စစ်ရေး အကူအညီများနှင့်အတူ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအခြေစိုက် မဟာမိတ်များဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့တွင် စတင်ဖော်ဆောင်ခဲ့ပြီး (၅) လအကြာ ၂၀၂၅ ခုနှစ် ဧပြီလ (၉) ရက်နေ့တွင် ဖလမ်းမြို့နယ်တစ်ခုလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor