RNA_ဧပြီ(၁၀)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲကို (၈) လကျော်ကြာဆင်နွှဲပြီး အောင်မြင်ခဲ့သော မြို့သိမ်းတိုက်ပွဲတွင် ပခုက္ကူခရိုင်အမှတ် (၁၀) တပ်ရင်းရဲဘော်များ၏ အညာမြေအိမ်ပြန်ခရီးတွင် ရဲဘော် (၄) ဦးကျဆုံးနေခဲ့သည့်အတွက် အိမ်ပြန်ခရီးဟာ လူမစုံတော့ပေမဲ့ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု သိရသည်။
“တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရသော အာဇာနည်ရဲဘော် (၄) ဦးအား အလေးပြုအပ်ပါသည်။ အမြဲအောက်မေ့တမ်းတ၍လည်းရှိနေပါ့မည်။ အိမ်ပြန်ခရီးတွေဟာလူမစုံတော့ပေမယ့် ဆက်လက်ပြီး စစ်အာဏာရှင်ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးတရပ်ပေါ်ထွန်းပြီးသည်အထိ ပခုက္ကူခရိုင်အမှတ်(၁၀)တပ်ရင်းအနေဖြင့် နိုင်ငံ့တာဝန်များကို ပခုံးပေါ်အမြဲထမ်းတင်ထားပါ့မည်” ဟု ယနေ့ ထုတ်ပြန် ပြောကြားထားသည်။
အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ပခုက္ကူခရိုင် အမှတ် (၁၀)တပ်ရင်းမှ ရဲဘော် AK နှင့် ရဲဘော် UK တို့သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က ကျဆုံးခဲ့ရကြောင်း၊ ရဲဘော် ကြက်ဆင်သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကျဆုံးခဲ့ရပြီး၊ ရဲဘော် ယုန်လေးသည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကျဆုံးခဲ့ရသည်ဟု သိရသည်။
“အောင်ပန်းဝေစေ ရှင်မတောင်မြေ “ကျည်ကာကမ်ပိန်းကို ပခုက္ကူခရိုင် အမှတ် (၁၀)တပ်ရင်းမှပြုလုပ်နေပြီး နယ်မြေသိမ်းတိုက်ပွဲများ၊ မြို့သိမ်းတိုက်ပွဲများ ဆက်လက်ဆင်နွှဲနိုင်ရန် ပြင်ဆင်မှုများပြုလုပ်နေသည်ဟု အသိပေးထားသည်။
#RedNewsAgency #RNA #RedNews