စစ်ကောင်စီ၏ ၁၈ မိုင်ကုန်းစခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း (၄) ဦးဖမ်းဆီးရမိ

RNA_ဧပြီ(၁၅)၊၂၀၂၅ခုနှစ်။

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်အတွင်းရှိ စေတုတ္တရာနှင့် စလင်းမြို့နယ် ဆက်သွယ်ထားသော လမ်းပိုင်း၏ မိုင်တိုင် (၁၈) တွင်ရှိသော စစ်ကောင်စီ၏ (၁၈) မိုင်ကုန်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း (၄) ဦးနှင့်အတူ လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။

 

မကွေးတိုင်း၊ မြိုင်မြို့နယ် တပ်ရင်းတပ်ဖွဲ့များနှင့် မင်းဘူးခရိုင်တပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းပြီး ဧပြီလ ၁ ရက်နေ့က သိမ်းပိုက်ခဲ့သော ၁၈ မိုင်ကုန်းစခန်းမှ စစ်သုံ့ပန်း ၄ ဦးနှင့်အတူ MA 1 ၂ လက်၊ MA3 ၂ လက်၊ M79 ၁ လက်နှင့် ခဲယမ်းများ သိမ်းပိုက်ရရှိခဲံသည်ဟု Myaing Villages Revolution Front ကထုတ်ပြန်ထားသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor