RNA Editor

523 Posts
တညောင်ဓာတ်အားခွဲရုံတိုက်ပွဲတွင် ကျဆုံးခဲ့ရသော တပ်ခွဲမှူးရဲဘော်ဆံရှည်၏ ဈာပန

တညောင်ဓာတ်အားခွဲရုံတိုက်ပွဲတွင် ကျဆုံးခဲ့ရသော တပ်ခွဲမှူးရဲဘော်ဆံရှည်၏ ဈာပန

RNA_ဧပြီ(၇)၊၂၀၂၅ခုနှစ်။   မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ဓာတ်အားခွဲရုံတိုက်ပွဲတွင် ပေါက်တောင်ပိုင်းကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့မှ တစ်ခွဲမှူး တစ်ဦးဖြစ်သူ ရဲဘော်ဆံရှည်၏ ဈာပနအခမ်းအနား အမိန့်ပြန်တမ်းကို ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီ၏ တညောင်ဓာတ်အားခွဲရုံတိုက်ပွဲတွင် ထရန်စဖော်မာ အလုံး ၈၀ ကျော်ဖျက်ဆီးနိုင်သည့်အပြင် အရာရှိ (၂) ဦးအပါအဝင် (၃၀) ကျော်သေဆုံး

စစ်ကောင်စီ၏ တညောင်ဓာတ်အားခွဲရုံတိုက်ပွဲတွင် ထရန်စဖော်မာ အလုံး ၈၀ ကျော်ဖျက်ဆီးနိုင်သည့်အပြင် အရာရှိ (၂) ဦးအပါအဝင် (၃၀) ကျော်သေဆုံး

RNA_ဧပြီ(၇)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တညောင်ဓာတ်အားခွဲရုံ တိုက်ပွဲတွင် ကပစများကို ဓာတ်အားပေးနေသော ထရန်စဖော်မာ အလုံး ၈၀ ကျော် ဖျက်ဆီးနိုင်ခဲ့သည့်အပြင် စစ်ကောင်စီတပ်မှ အရာရှိ (၂) ဦးအပါအဝင် (၃၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။ တညောင်ဓာတ်အားခွဲရုံသည် စစ်ကောင်စီ လေတပ်အတွက် လေယာဥ်ဗုံးသီးများထုတ်လုပ်ရာ ကပစ ၂၁၊ လေကြောင်းကာကွယ်ရေးလက်နက်များ ထုတ်လုပ်ရာ ကပစ ၂၀ နှင့် ကပစ ၂၅ နှင့် ဆိပ်ဖြူမြို့ အမှတ် (၉) လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှု စစ်ဆင်ရေးဌာနချုပ်သို့ အဓိက ဓာတ်အားပေးနေကြောင်း၊ ဓာတ်အားခွဲရုံတိုက်ပွဲကို မတ်လ ၃၁ ရက်နေ့က ၄ နာရီကျော်ကြာ တိုက်ခိုက်ခဲ့ရသည်ဟု ဗမာ့တပ်တော်(BAMAR ARMY)…
Read More
သလ္လာဝတီစစ်ကြောင်းမှ ရဲဘော်အောင်ဖြိုးဝေ(ခ) ဗလကြီး(ခ)နတ်ဆိုး ရှေ့တန်းစစ်မျက်နှာမှာ ကျဆုံး

သလ္လာဝတီစစ်ကြောင်းမှ ရဲဘော်အောင်ဖြိုးဝေ(ခ) ဗလကြီး(ခ)နတ်ဆိုး ရှေ့တန်းစစ်မျက်နှာမှာ ကျဆုံး

RNA_ဧပြီ(၇)၊၂၀၂၅ခုနှစ်။ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF၊ စစ်ဒေသ (၃) သလ္လာဝတီစစ်ကြောင်းမှ ရဲဘော်အောင်ဖြိုးဝေ (ခ) ဗလကြီး (ခ)နတ်ဆိုးသည် ရှေ့တန်းစစ်မျက်နှာတစ်နေရာ၌ ဧပြီလ ၄ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်အား ရဲရင့်စွာ တော်လှန်တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။ (more…)
Read More
ညောင်ကျိုးဗျူဟာကို သိမ်းပိုက်ပြီးနောက် အပစ်ရပ်ထားသည့်အတွက် ထွက်ပြေးနေသောစစ်ကောင်စီတပ်ကို မတိုက်ခိုက်

ညောင်ကျိုးဗျူဟာကို သိမ်းပိုက်ပြီးနောက် အပစ်ရပ်ထားသည့်အတွက် ထွက်ပြေးနေသောစစ်ကောင်စီတပ်ကို မတိုက်ခိုက်

RNA_ဧပြီ(၆)၊၂၀၂၅ခုနှစ်။ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ၊ စစ်ကောင်စီ၏ ညောင်ကျိုးဗျူဟာစခန်းကုန်းအား အာရက္ခတပ်တော်မှ အလုံးစုံသိမ်းပိုက်ရရှိနိုင်ခဲ့ပြီးနောက် အပစ်ရပ်ထားသည့်အတွက် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေး နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင်တိုက်ခိုက်ရန် အခွင့်အရေးရသော်လည်း အပစ်ရပ်ထားသည့်အတွက် မတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော်-AA ကထုတ်ပြန်ထားသည်။ ညောင်ကျိုးဗျူဟာစခန်းကုန်းအား အာရက္ခတပ်တော်မှ ၂၀၂၅ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး (၁၆) ရက်ကြာ ဧပြီလ (၂) ရက်နေ့တွင် အလုံးစုံသိမ်းပိုက်ရရှိနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီသည် အပစ်ရပ်သည်ဟု ကြေညာထားသော်လည်း ကြေညာသည့်နေ့မှစပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု သိရသည်။ စစ်ကောင်စီသည် အပစ်ရပ်သည်ဟု ကြေညာထားသော်လည်း မန္တလေးတိုင်း၊ ကွေးတိုင်း၊ ကရင်နီအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများ၊ မြေပြင်စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့မှုများပြုလုပ်ခဲ့သည့်အပြင်…
Read More
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပျက်စီးနေသည့် မြင်ကွင်း

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပျက်စီးနေသည့် မြင်ကွင်း

RNA_ဧပြီ(၅)၊၂၀၂၅ခုနှစ်။ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းက ယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော မယ်နုအုတ်ကျောင်း အပါအဝင် စေတီပုထိုး ၂၀၀ ကျော် ပြိုကျပျက်စီးခဲ့ရသည့်အခြေအနေများနှင့်ပတ်သက်ပြီး ဧပြီလ (၃) ရက်နေ့က မြင်တွေ့ရသည့် မြင်ကွင်းဖြစ်သည်။ (more…)
Read More

သတင်းအမှောင်ချခံထားရသည့် နေပြည်တော်

RNA_ဧပြီ(၅)၊၂၀၂၅ခုနှစ်။ ငလျင်ဘေးဒဏ်ကြောင့် နေပြည်တော်တွင် သေဆုံးအလောင်းများကြောင့် အပုပ်နံ့များထွက်နေခြင်း၊ ဝန်ထမ်းအိမ်ယာများပျက်စီးခြင်း၊ ငလျင်လှုပ်ခတ်သည့်အနေ့က အလောင်းများကို ဖြစ်လိုအစဖျောက်ခြင်း၊ အိမ်ယာများမှ ဝန်ထမ်းများဖယ်ပေးရသော်လည်း အကူအညီမရခြင်းစသည့် နေပြည်တော်က သတင်းအမှောင်ချထားမှုများနှင့်ပတ်သက်ပြီး စုံစမ်းသိရှိရသမျှကို ရုပ်သံများနှင့်တကွ တင်ပြလိုက်ပါသည်။ #RedNewsAgency #REDNEWS #RNA #MyanmarEarthquake #earthquake #Earthquake2025
Read More
ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူးရဲဘော်ဆံရှည်ကျဆုံး

ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူးရဲဘော်ဆံရှည်ကျဆုံး

RNA_ဧပြီ(၃)၊၂၀၂၅ခုနှစ်။ မကွေးတိုင်းအခြေစိုက်၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့မှ တပ်ခွဲမှူး ရဲဘော်ဆံရှည််််သည် မတ်လ ၃၁ ရက် နံနက် ၆ နာရီတွင် စစ်ကောင်စီတပ် စခန်းသိမ်းတိုက်ပွဲအတွင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။ #RedNewsAgency #REDNEWS #RNA
Read More
လူရွှင်တော်ကြီး (စတား) ဦးကျော်မိုး၏ ဈာပန

လူရွှင်တော်ကြီး (စတား) ဦးကျော်မိုး၏ ဈာပန

RNA_ဧပြီ(၃)၊၂၀၂၅ခုနှစ်။   ကိုတိုင်းကျော်၊ ကိုပြည်ကျော်တို့၏ မွေးသဖခင်ဖြစ်သည့် ဟား (၅) ​ကောင်အဖွဲ့၏ ဖခင်လူရွှင်​တော်ကြီး (စတား) ဦး​ကျော်မိုး (အသက် ၇၅ နှစ်)သည် ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကွယ်လွန်သွားခဲ့သည့်အတွက် ဝပ်အလန်ဘုန်းကြီး​ကျောင်းဇရပ်၌ ဈာပနအခမ်းအနားကျင်းပပြီးနောက် ယနေ့ (ဧပြီလ ၃ ရက်) နေ့လယ်က မဲဆောက်မြို့ရှိ ဝပ်မုတ်ကထန်သုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။   #RedNewsAgency #REDNEWS #RNA
Read More
ရှေးဟောင်းတိုက်ကျောင်း ပြိုကျမှုအတွင်း ယဉ်ကျေးလိမ္မာ သင်တန်းသူ/သား ကလေးငယ် (၁၃) ဦး အသက်ဆုံးရှုံးခဲ့ရ

ရှေးဟောင်းတိုက်ကျောင်း ပြိုကျမှုအတွင်း ယဉ်ကျေးလိမ္မာ သင်တန်းသူ/သား ကလေးငယ် (၁၃) ဦး အသက်ဆုံးရှုံးခဲ့ရ

RNA_ဧပြီ(၁)၊၂၀၂၅ခုနှစ်။ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ်၊ ရှေးဟောင်းတိုက်ကျောင်း ငလျင်ကြောင့် ပြိုကျပျက်စီးမှုအတွင်း ပိတ်မိပြီး ယဉ်ကျေးလိမ္မာ သင်တန်းသူ/သား ကလေးငယ် (၁၃) ဦး အသက်ဆုံးရှုံးခဲ့ရပါသည်ဟု ဧပြီလ ၁ ရက်နေ့မှာ အရှင်အာစိဏ္ဏက အသိပေးထားသည်။ (more…)
Read More
လက်မှုပစ္စည်းမျိုးစုံရောင်းချမှုမှ ရရှိသောငွေအားလုံးကို ငလျင်ဒဏ်ခံရသူများအတွက် လှူဒါန်းမည် 

လက်မှုပစ္စည်းမျိုးစုံရောင်းချမှုမှ ရရှိသောငွေအားလုံးကို ငလျင်ဒဏ်ခံရသူများအတွက် လှူဒါန်းမည် 

RNA_ဧပြီ(၁)၊၂၀၂၅ခုနှစ်။ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးများ၊ CDM အမျိုးသမီးလေးများစသည့် အမျိုးသမီးများ စုဖွဲ့ထားသော Resilient Women's Creative Network အဖွဲ့ဝင်များ၏ ကိုယ်တိုင်ထုတ်လုပ်ထားသည့် လက်မှုပစ္စည်းထုတ်ကုန်မျိုးစုံအရောင်းပြပွဲမှ ရောင်းရသမျှငွေအားလုံးကို မြန်မာနိုင်ငံအတွင်းက ငလျင်ဒဏ်ခံရသူများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။  Resilient Women's Creative Network အဖွဲ့ဝင်များ၏ လက်မှုပစ္စည်းထုတ်ကုန်များကို Blue Pond Cafe မှာလည်း ဝယ်ယူရရှိသလို ယနေ့ (ဧပြီလ ၁ ရက်) ညနေပိုင်းတွင်လည်း Memories of Maesot မှာပြသရောင်းချသွားမည်ဖြစ်ကြောင်း၊ ပြပွဲနှင့်ရောင်းချမှုများကို မဲဆောက်ရှိ မြန်မာအများစုရှိသော နေရာများတွင် (၃) ရက်တိုင်ပြုလုပ်သွားမည်ဟု မဇာလီက ပြောပြထားသည်။ #RedNewsAgecny #RNA…
Read More