Tag: Southern Eagle PDF

  • Southern Eagle တပ်ရင်းမှ ဆေးမှူး Lightning ကျဆုံး

    Southern Eagle တပ်ရင်းမှ ဆေးမှူး Lightning ကျဆုံး

    RNA_မေ(၉)၊၂၀၂၅ခုနှစ်။
     
    တိုက်ပွဲပြင်းထန်နေသော ပဲခူး-ရန်ကုန် စစ်ဆင်ရေးအတွင်း ရှေ့တန်းတစ်နေရာတွင် Southern Eagle တပ်ရင်းမှ ဆေးမှူး ရဲဘော် Lightning (အသက် ၂၇ နှစ်)သည် မေလ (၈) ရက်နေ့က ကျဆုံးသွားခဲ့ကြောင်း သိရသည်။
     
    ဆေးမှူး ရဲဘော် Lightning ကျဆုံးမှုနှင့်ပတ်သက်ပြီး Southern Eagle PDF မှအသိပေးထားသလို တိုက်ပွဲဝင်ရဲဘော်များနှင့် နီးစပ်သော ရဲဘော်များ မိတ်ဆွေ သူငယ်ချင်းများကလည်း ဝမ်းနည်းကြောင်း ပြောကြားထားကြသည်။
     
    #RedNewsAgency #RNA #REDNEWS
  • ကော့ကရိတ် တိုက်ပွဲတွင် Justice Soldier -PDF မှ ရဲဘော် ဘယ်ကျော် ကျဆုံးခဲ့ရ

    ကော့ကရိတ် တိုက်ပွဲတွင် Justice Soldier -PDF မှ ရဲဘော် ဘယ်ကျော် ကျဆုံးခဲ့ရ

    RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။
     
    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး တိုက်ပွဲတွင် ကျားဖြူတပ်ရင်းရုံးကာကွယ်ရေးတပ်ခွဲ၊ ကျားဖြူတပ်ခွဲ ၅ (Justice soldier -PDF) ရဲဘော် ဘယ်ကျော် ဧပြီလ (၆) ရက်နေ့ နံနက် (၇) နာရီဝန်းကျင်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ရကြောင်း သိရသည်။
     
    ကော့ကရိတ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံများကို Justice Soldier -PDF နှင့် Southern Eagle PDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ကတည်းက ထိုးစစ်ဆင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီလက်အောက်ခံ (၄၀) ကျော်သေဆုံးခဲ့သည့်ကို Drone ဖြင့် ကြည့်ခဲ့သည့်အတွက် မြင်တွေ့ခဲ့ရကြောင်း Justice Soldier -PDF အဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။

    (more…)