၄ နှစ်အတွင်း ဖယ်ခုံ PDF ရဲဘော် (၁၆) ဦးကျဆုံးခဲ့ရပြီး ကိုယ်လက်အင်္ဂါစွန့်လွှတ်ပေးဆပ်ခဲ့ရသည့် ရဲဘော် (၁၇) ဦးရှိ

Written by

in

RNA_မေ(၁၀)၊၂၀၂၅ခုနှစ်။
 
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်း တည်ထောင်ခြင်း (၄) နှစ်ပြည့်ချိန်တွင် စစ်အာဏာရှင်စနစ်ကို ခုခံတွန်းလှန်ရင်း PDF ရဲဘော် (၁၆) ဦးကျဆုံးခဲ့ရပြီး၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ပေးဆပ်သူခဲ့ရသည့် ရဲဘော် (၁၇) ဦးရှိကြောင်း သိရသည်။

ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်း တည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး၊ ရှမ်းတောင်၊ ဗျူဟာ (၁) ဗျူဟာမှူး ဗိုလ်နေကောင်းမှ တက်ရောက်အားပေးစကားပြောခဲ့ကြောင်း၊ စစ်အာဏာရှင် အမြစ်ပြတ်ရေး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု PDF Pekhonမှ ယမန်နေ့က အသိပေးထားသည်။
 
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
 
#RedNewsAgency #REDNEWS #RNA