ခမရ – ၅၉၈ တပ်ရင်းဌာနချုပ်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး (၃၀) ခန့်သေဆုံး

RNA_မေ(၁၁)၊၂၀၂၅ခုနှစ်။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး (၃၀) ဦးသေဆုံးပြီး၊ လက်နက်မျိုးစုံ (၈၃) လက်၊ ဂျန်မာစက် (၃) လုံးနှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

NUG/MOD၊ PDF၊ တောင်ပိုင်း အမှတ်(၁)စစ်ဆင်ရေးနယ်မြေ နှင့် အမှတ် (၂) စစ်ဆင်ရေးနယ်မြေတို့၏အစီအစဉ်အတွင်း KNU တပ်မဟာ(၃) ၏ ပူးပေါင်းပါဝင်မှုဖြင့် ခမရ – ၅၉၈ တပ်ရင်းဌာနချုပ်ကို မေလ (၈) ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်သုံ့ပန်း (၆)ဦးနှင့် မိသားစုဝင် (၇) ဦးဖမ်းဆီးထိန်းသိမ်းရမိကြောင်း၊ တိုက်ပွဲအတွင်းမှ တပ်ရင်းမှူးအပါအဝင် အရာရှိများနှင့် တပ်သား (၅၀) ဦးခန့် စခန်းစွန့်ခွါထွက်ပြေးသွားသည်ဟု MOD ကယနေ့ ထုတ်ပြန်ထားသည်။

ခမရ-၅၉၈ တပ်ရင်းဌာနချုပ်တိုက်ခိုက် သိမ်းပိုက်မှုတွင် KNU တပ်မဟာ (၃) နှင့်အတူအထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၊ အမှတ် ၇၈၀၅ တပ်ရင်း၊ အမှတ် ၇၈၀၁ တပ်ရင်း၊ နဂါးဖြူတပ်ရင်း၊ တောင်ညိုတပ်ရင်း၊ ဒေါနတပ်ရင်း၊ Southern Eagle တပ်ရင်း၊ SOG တပ်ရင်း၊ အမှတ် (၂) စစ်ဆင်‌ရေးနယ်မြေ အမှတ် (၃၇၀၁) တပ်ရင်း၊ အမှတ် (၅၁၀၁) တပ်ရင်း၊ ရန်ကုန်ဗျူဟာစစ်ကြောင်း၊ ပဲခူးတိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးအဖွဲ့ စသည်တို့ ပူးပေါင်းပါဝင်ခဲ့သည်ဟု သိရသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

#RedNewsAgency #REDNEWS #RNA

By RNA Editor