အိုက်ဇောမြို့

ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော အောက်မေ့ဖွယ် အခမ်းအနားကျင်းပ

RNA_မေ(၁၁)၊၂၀၂၅ခုနှစ်။ ရခိုင်အမျိုးသား ဝါရင့်နိုင်ငံရေးသမား ဦးဦးလှစော (ကဗျာဆရာ-မောင်ခိုင်အောင်) ကွယ်လွန်သွားသည့်အတွက် အောက်မေ့ဖွယ်အခမ်းအနားကို ယနေ့ မဲဆောက်မြို့တစ်နေရာတွင် ကျင်းပခဲ့ရာ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၊ ရခိုင်အမျိုးသားများ၊ ဦးဦးလှစောကို လေးစားရသူများအပါအဝင် (၁၅၀) ကျော် တက်ရောက် အောက်မေ့ ဂုဏ်ပြုခဲ့ကြသည်။ ဦးဦးလှစော (အသက် ၇၂ နှစ်)သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ULA/AA နိုင်ငံရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေချိန် လည်ချောင်းကင်ဆာဖြင့် ၂၀၂၅ ခုနှစ် မေလ ၅ ရက် ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ဦးဦးလှစောသည် ၁၉၆၉ ကျွန်းဆွယ်အရေးအခင်းမှ စတင်၍ ကျောင်းသားလူငယ် မြေအောက်လှုပ်ရှားမှုတွင်…
Read More