အကျပ်အတည်းကာလ လွတ်လပ်သောသတင်းမီဒီယာများ ရှင်သန်ရပ်တည်ရေး ဆွေးနွေး

RNA_မေ(၁၁)၊၂၀၂၅ခုနှစ်။
 
နဝမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် “အကျပ်အတည်းကာလ လွတ်လပ်သော သတင်းမီဒီယာများ ရှင်သန်ရပ်တည်ရေး” ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ရာ စကားဝိုင်း ဆွေးနွေးမှုများကိုလည်း မေလ ၅ ရက်မှ ၇ ရက်နေ့အထိ မြန်မာနိုင်ငံပြင်ပတနေရာ၌ ကျင်းပခဲ့သည်။
 
နိုင်ငံတကာမြန်မာသတင်း (နိုင်ငံတကာမြန်မာသတင်း(Burma News International-BNI)က ကြီးမှူးပြီး ကျင်းပခဲ့သည့် နဝမအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် သတင်းသမားများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သံတမန်တချို့နှင့် မီဒီယာပံ့ပိုးသည့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၁၃၀) ခန့်တက်ရောက်ခဲ့သည်။

ညီလာခံတွင် လက်ရှိကြုံတွေ့နေရသည့် သတင်းမီဒီယာများ၏ ဘဏ္ဍာရေး စိန်ခေါ်မှုများအပါအဝင် အခြားသော စိန်ခေါ်မှုများ အခက်အခဲများကို ဆွေးနွေးတင်ပြခဲ့ပြီး၊ အလှူရှင်များနှင့် တက်ရောက်လာသည့် အဖွဲ့အစည်းကိုယ်စားလှယ်များကလည်း သတင်းမီဒီယာကဏ္ဍနှင့်ပတ်သက်ပြီး အကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း၊ သတင်းမီဒီယာဆိုင်ရာ ဥပဒေများနှင့် ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြသည်ဟု BNI ကမေလ (၁၀) ရက်နေ့မှာ ထုတ်ပြန်ထားသည်။
 
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
 
#RedNewsAgency #REDNEWS #RNA #BNI
By RNA Editor