ပြည်သူ ၅၀ ဝန်းကျင်သေဆုံး

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လိပ်ကျကျေးရွာနှင့်ရေထွက်ကျေးရွာမှ ပြည်သူ (၅၀) ဝန်းကျင်သေဆုံး

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လိပ်ကျကျေးရွာနှင့်ရေထွက်ကျေးရွာမှ ပြည်သူ (၅၀) ဝန်းကျင်သေဆုံး

RNA_မေ(၁)၊၂၀၂၅ခုနှစ်။ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာနှင့် ရေထွက်ကျေးရွာတို့တွင် ဧပြီလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ (၅၀) ဦးဝန်းကျင်သေဆုံးပြီး (၈၀) ဦးဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသော လိပ်ကျကျေးရွာနှင့် ရေထွက်ကျေးရွာတို့ရှိ အိမ်ထောင်စုများအားဧပြီလ (၂၇)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ တွေ့ဆုံ၍ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း၊ လိပ်ကျကျေးရွာနှင့်ရေထွက်ကျေးရွာတို့တွင် အပြစ်မဲ့ပြည်သူ (၅၀)ဦးဝန်းကျင် အသက်ဆုံးရှုံးခဲ့ပြီး (၈၀)ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူပိုင် အိုးအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More