လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လိပ်ကျကျေးရွာနှင့်ရေထွက်ကျေးရွာမှ ပြည်သူ (၅၀) ဝန်းကျင်သေဆုံး

RNA_မေ(၁)၊၂၀၂၅ခုနှစ်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာနှင့် ရေထွက်ကျေးရွာတို့တွင် ဧပြီလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ (၅၀) ဦးဝန်းကျင်သေဆုံးပြီး (၈၀) ဦးဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသော လိပ်ကျကျေးရွာနှင့် ရေထွက်ကျေးရွာတို့ရှိ အိမ်ထောင်စုများအားဧပြီလ (၂၇)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ တွေ့ဆုံ၍ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း၊ လိပ်ကျကျေးရွာနှင့်ရေထွက်ကျေးရွာတို့တွင် အပြစ်မဲ့ပြည်သူ (၅၀)ဦးဝန်းကျင် အသက်ဆုံးရှုံးခဲ့ပြီး (၈၀)ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူပိုင် အိုးအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

စစ်ကောင်စီသည် ၂၀၂၅ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ ယနေ့ ဧပြီလ (၁၉) ရက်နေ့အတွင်း၌ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကို မိမိတို့ လှုပ်ရှားနယ်မြေများအနက် သပိတ်ကျင်းမြို့နယ်တွင် (၁၃) ကြိမ်၊ စဥ့်ကူးမြို့နယ်တွင် (၄) ကြိမ်၊ မတ္တရာမြို့နယ်တွင် (၁) ကြိမ် ကျူးလွန်ခဲ့သည်။

မတ်လ (၂၈) ရက်နေ့က လှုပ်ခတ်ခဲ့သော အလွန်အင်အားပြင်း ငလျင်ကြောင့် စစ်ကောင်စီသည် ၂၀၂၅ ခုနှစ် ဧပြီလ (၂) ရက်နေ့မှ ဧပြီလ (၂၂) ရက်နေ့အထိ အပစ်အခတ် ရပ်စဲမည်ဟု ကြေညာခဲ့သော်လည်း ဧပြီလ (၁) ရက်နေ့မှ (၁၉) ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) လှုပ်ရှားနယ်မြေများဖြစ်သော သပိတ်ကျင်းမြို့နယ်တွင် (၁၃) ကြိမ်၊ စဉ့်ကူးမြို့နယ်တွင် (၄)ကြိမ်၊ မတ္တရာမြို့နယ်တွင် (၁) ကြိမ် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor