Author: RNA Editor

  • မွန်လက်နက်ကိုင် (၂) ဖွဲ့ပေါင်းပြီး ရာမညမွန်တပ်တော်ဖွဲ့စည်း 

    မွန်လက်နက်ကိုင် (၂) ဖွဲ့ပေါင်းပြီး ရာမညမွန်တပ်တော်ဖွဲ့စည်း 

    RNA_မေ(၂၅)၊၂၀၂၅ခုနှစ်။

    မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA တို့ပေါင်းစည်းပြီး ရာမညမွန်တပ်တော် – Ramonnya Mon Army (RMA) ကို မေလ ၂၄ ရက်နေ့က ဖွဲ့စည်းလိုက်ပြီဖြစ်သည်။

    NMSP (AD) နိုင်ငံရေး စစ်ရေးကော်မတီဦးဆောင်မှုဖြင့် ရာမညမွန်တပ်တော်၏ စစ်ရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ရန် အဖွဲ့ဝင် (၇) ဦးပါဝင်သော စစ်ကော်မတီကို ဖွဲ့စည်းပြီး စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထော၊ ဒုစစ်ဦးစီးချုပ် (၁) ဗိုလ်မှူးကြီးစိုးဝင်းနှင့် ဒုစစ်ဦးစီးချုပ် (၂) ဗိုလ်မှူးကြီးကျည်ဆံတို့အား ခန့်အပ်တာဝန်ပေးထားသည်ဟု ပူးပေါင်းထားသည့် (၂) ဖွဲ့က ပူးတွဲကြေညာချက်ကို ထုတ်ပြန်ထားသည်။

    (more…)

  • ဘလယ်ဒို စခန်းသိမ်းတိုက်ပွဲတွင် Federal Wings အဖွဲ့မှ ဒရုန်းသစ်များအသုံးပြုတိုက်ပွဲဝင်ခဲ့

    ဘလယ်ဒို စခန်းသိမ်းတိုက်ပွဲတွင် Federal Wings အဖွဲ့မှ ဒရုန်းသစ်များအသုံးပြုတိုက်ပွဲဝင်ခဲ့

    RNA_မေ(၂၄)၊၂၀၂၅ခုနှစ်။
    ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆)နယ်မြေ၊ ကော့ကရိတ်မြို့နယ် ဘလယ်ဒို ကျေးရွာအနီးရှိ စစ်ကောင်စီ၏ တပ်စခန်းသိမ်းတိုက်ပွဲတွင် Cobra Column (FW) များနှင့် ယခင်ဒရုန်းများထွက် စွမ်းအား (၃) ဆခန့်ပိုအားကောင်းသည့် FW Hercules – 3 (FW H3) ဒရုန်းများပါ အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု Federal Wings ကအသိပေးထားသည်။

    (more…)

  • KTV သွားသည့် စစ်ကောင်စီလက်အောက်ခံ ရဲ ၃ ဦးကို PDF ဖမ်းဆီး

    KTV သွားသည့် စစ်ကောင်စီလက်အောက်ခံ ရဲ ၃ ဦးကို PDF ဖမ်းဆီး

    RNA_မေ(၂၄)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဘုန်းကံရွာရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ ရဲဒုတပ်ကြပ်သီဟအောင်၊ ရဲတပ်သားလှဘုန်း၊ ရဲတပ်သားတို့သည် ပခုက္ကူမြို့ရှိ KTV သို့ မေလ ၁၈ ရက်နေ့က သွားရောက်စဉ် လမ်း၌ Southern Local PDF နှင့်မဟာမိတ်များက ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

    စစ်ကောင်စီလက်အောက်ခံ ရဲ (၃) ဦးကိုဖမ်းဆီးရမိစဉ်အတွင်း လက်ပစ်ဗုံး (၂) လုံး၊ ဖုန်း (၃) လုံး၊ ငွေကျပ် ၂ ကျပ်နီးပါးတို့ကို သိမ်းဆည်းရမိကြောင်း၊ ဖမ်းဆီးရမိသော ရဲ (၃) ဦးအား စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားသည်ဟု Southern Local PDF ကထုတ်ပြန်ထားသည်။

    Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

    #RedNewsAgency

  • စာသင်ကျောင်းဗုံးကြဲခံရမှုအတွင်း သမီး ၂ ယောက်ဆုံးရှုံးခဲ့ရသည့် မိခင်၏ရင်တွင်းစကား

    စာသင်ကျောင်းဗုံးကြဲခံရမှုအတွင်း သမီး ၂ ယောက်ဆုံးရှုံးခဲ့ရသည့် မိခင်၏ရင်တွင်းစကား

    RNA_မေ(၁၉)၊၂၀၂၅ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုအတွင်း သမီး (၂) ဦး(၁၀ တန်းကျောင်းသူနှင့် ၇ တန်းကျောင်းသူ)၏ မိခင်က ဖြစ်စဉ်အတွင်း မြင်တွေ့ရမှုများနှင့် ရင်တွင်းစကားများကို CDM ဆရာမ ဒေါ်ရတီအုန်းကို ပြောပြထားခြင်းဖြစ်သည်။

    (more…)

  • စိုးမိုးနယ်မြေအတွင်းမှ ကျောင်းဆရာ/ဆရာမများအား နှောက်ယှက်သူများကို အရေးယူမည်

    စိုးမိုးနယ်မြေအတွင်းမှ ကျောင်းဆရာ/ဆရာမများအား နှောက်ယှက်သူများကို အရေးယူမည်

    RNA_မေ(၁၉)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသနှင့် မြေပြန်ဒေသ စစ်ဆင်ရေးလှုပ်ရှားနယ်မြေနှင့် ထိစပ်သောနယ်မြေများနှင့် စိုးမိုးဒေသအတွင်း ကျောင်းနေအရွယ်ကလေးသူငယ်များ ပညာသင်ကြားရန်လိုအပ်သည့်အတွက် တာဝန်ထမ်းဆောင်နေသော ကျောင်း ဆရာ/ဆရာမများအား နှောက်ယှက်ဟန့်တားခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်းစသည့်တို့ကို ပြုလုပ်သူများအား အရေးယူမည်ဟု ချင်းကာကွယ်ရေးတပ် – အရှိုမှ ထုတ်ပြန်ထားသည်။

    (more…)

  • လက်နက်ကိုင်တော်လှန်ရေး (၅) နှစ်အတွင်း ရောက်လာသည့်တိုင် လက်လုပ်များကို အားကိုးနေရသော တပ်ဖွဲ့များရှိနေ

    လက်နက်ကိုင်တော်လှန်ရေး (၅) နှစ်အတွင်း ရောက်လာသည့်တိုင် လက်လုပ်များကို အားကိုးနေရသော တပ်ဖွဲ့များရှိနေ

    RNA_မေ(၁၈)၊၂၀၂၅ခုနှစ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲလာခဲ့ရာ (၅) နှစ်အတွင်း ဝင်ရောက်နေပြီဖြစ်သော်လည်း တချို့သော တော်လှန်သောအဖွဲ့အစည်းများမှာ လက်လုပ်များကိုသာ အားကိုးနေကြသည်ကို မြင်တွေ့နေရသည်။

    အညာဒေသအခြေစိုက် NUG/MOD လက်အောက်ခံ PDF များသည်ပင် လက်နက်မပြည့်စုံသည့်အတွက် လက်လုပ်များကို တိုက်ပွဲအတွင်း အသုံးပြုနေကြရသည်များရှိကြောင်း၊ MOD လက်အောက်ခံမဟုတ်သော တပ်ဖွဲ့တချို့မှာ ယနေ့အထိ လက်လုပ်သေနတ်၊ မိုင်းစသည်တို့ကို အသုံးပြုနေရသည်ဟု တော်လှန်ရေးတပ်ဖွဲ့တချို့က ပြောပြထားသည်။

    (more…)

  • စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်စခန်းဖြစ်ခုဖြစ်သည့် တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက်

    စစ်ကောင်စီ၏ မဆုတ်တမ်းခံစစ်စခန်းဖြစ်ခုဖြစ်သည့် တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက်

    RNA_မေ(၁၅)၊၂၀၂၅ခုနှစ်။

    ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ တာကရယ်(ပိုင်ကျုံ) မြို့နယ်၊ ကာတဲကျေးရွာအနီးတွင် စစ်ကောင်စီတပ် ခလရ−၂၄ နှင့် အမြောက်တပ် အမတ−၃၁၁တို့ အခြေစိုက်တပ်စွဲထားသော တညာကျိုး(ခ) တာလယ်ဗျုဟာစခန်းကို KNU တပ်မဟာ (၇) လက်အောက်ခံ K.N.L.A နှင့် K.N.D.O တို့ မေလ (၁၃) ရက်နေ့ ည (၇) နာရီအတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း သိရသည်။

    (more…)

  • ကြေညာချက်တွေကို ပြောင်းလဲဖို့ လူတွေပြောင်းလဲဖို့ အချိန်တန်ပြီ

    ကြေညာချက်တွေကို ပြောင်းလဲဖို့ လူတွေပြောင်းလဲဖို့ အချိန်တန်ပြီ

    “လူထုက ရွေးချယ်ထားတဲ့ တရားဝင်အစိုးရလို့ခံယူနေပြီး ဝန်ကြီးဌာန ၁၇ ခု တရားဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ လုပ်နိုင်စွမ်းက အကန့်သတ်များလွန်းနေသေးတယ်”

    ရန်နိုင်

    သာမန်အသေးစား ထုတ်ကုန်လုပ်ငန်းလေးတွေက အကြီးစားထုတ်ကုန်လုပ်ငန်းကြီးတွေကို ဘာကြောင့်မယှဉ်နိုင်တာလဲဆိုရင် လုပ်ငန်းရဲ့စွမ်းဆောင်ရည်နဲ့ ခိုင်မာတဲ့သမိုင်းကြောင်း တွေရှိမနေသေးတာက အကြီးမားဆုံးအကြောင်းအချက် တခုပါပဲ။ စားနေကျအသုတ်ဆိုင်ကို စွန့်ပြီး မနေ့တနေ့ကမှ လာဖွင့်တဲ့အသုတ်ဆိုင်ကို စားဖို့ဆိုတာလဲ သိပ်တော့မဖြစ်နိုင်ပေ။ အစွဲလန်းကြီးတဲ့ လူကြီးတွေဆိုရင် ပိုဆိုးတာပေါ့။ သူတို့စားနေကျ ဆိုင်မဟုတ်ရင် လုံးဝမကြိုက်ဘူး၊ အရသာအသစ်ကို လက်မခံဖို့ သူတို့မှာအကြောင်းပြချက်ပေါင်း များစွာနဲ့။ 

    ကိုယ့်ရဲ့ထုတ်ကုန်က အားလုံးထက်ကောင်းပါတယ်ဆိုပြီး ထိုင်အော်နေရုံနဲ့ လူတွေယုံကြည်လာမှာမဟုတ်။ စီမံကိန်းတခုကိုမှ လောက်လောက်လားလား အောင်မြင်အောင်လုပ်မပြထားရင် လုပ်ငန်းအပ်သူက စွန့်စားပြီးအလုပ်အပ်ရဲမှာမဟုတ်။ ကိုယ့်ရဲ့ စားသောက်ကုန်က ဘယ်လိုကျန်းမာရေးနဲ့ ညီညွတ်ပါတယ်လို့ ဆိုင်းဘုတ်တင်ထားပြီး ရောင်းတဲ့သူက အထက်စီးဆန်တဲ့လေသံနဲ့ စျေးရောင်းနေရင် ဘယ်သူမှစိတ်ဝင်စားမှာ မဟုတ်ပေ။ 

    (more…)

  • အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းဗုံးကြဲခံရမှု ကွယ်လွန်သူ (၂၄) ဦးထိရှိလာ

    အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းဗုံးကြဲခံရမှု ကွယ်လွန်သူ (၂၄) ဦးထိရှိလာ

    RNA_မေ(၁၄)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုအတွင်း နေရာတွင် ကွယ်လွန်သူ (၂၂) ဦးရှိသည့်အပြင် ဒဏ်ရာအပြင်းအထန်ရသူများထဲမှ ကလေးငယ် (၂) ဦးထပ်မံ ကွယ်လွန်ခဲ့သည်ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

    အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်မှ မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အကျော်က လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် နေရာတွင် ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) ဦး ကွယ်လွန်ခဲ့ရပြီး (၁၀၀) ကျော် ဒဏ်ရာရရှိခဲ့ပြီးနောက် (၁၃) ရက်နေ့နှင့် (၁၄) ရက်နေ့တွင် အသက် (၈) နှစ်နှင့် အသက် (၁၁) နှစ်အရွယ် ကလေးငယ် (၂) ဦးထပ်မံ ကွယ်လွန်ခဲ့သည်။

    (more…)

  • မိုးဗြဲတိုက်ပွဲတွင် ကျဆုံးသွားသော အာဇာနည် ရဲဘော် (၂) ဦးဈာပန

    မိုးဗြဲတိုက်ပွဲတွင် ကျဆုံးသွားသော အာဇာနည် ရဲဘော် (၂) ဦးဈာပန

    RNA_မေ(၁၄)၊၂၀၂၅ခုနှစ်။
     
    ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်အစပ် မိုးဗြဲတိုက်ပွဲအတွင်း ယနေ့ ကျဆုံးခဲ့ရသော လွိုင်ကော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော် အာဇာနည် ရဲဘော်အောင်ကျော်ဌေး၊ အာဇာနည် ရဲဘော်ခန့်စည်သူအောင်တို့ ဈာပနအခမ်းအနားအား ယနေ့ ပြုလုပ်ခဲ့သည်ဟု Loikaw Local PDF Alpha.2 ကအသိပေးထားသည်။

    (more…)