RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၃ ခုနှစ်။
မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောကာကွယ် ရေးတပ် – YDF ရဲဘော်များအနေဖြင့် စစ်အာဏာရှင်နှင့် လက်ပါးစေများဖြစ်သည့် ရန်သူကို ဘယ်တော့မှ ဒူးထောက်အညံ့ခံမည်မဟုတ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲတွင် သစ္စာဆိုခဲ့ကြကြောင်း သိရသည်။

ယောကာကွယ်ရေးတပ် – YDF ရဲဘော်များ ဖေဖော်ဝါရီလ (၄) ရက်နေ့ နံနက်ပိုင်းက မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း၊ လူပီသစွာ လွတ်လွတ်လပ်လပ် အသက်ရှင်နေထိုင်နိုင်ရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် အဆုံးထိ တိုက်ပွဲဝင်သွားမည်ဟု ကတိသစ္စာပြုခဲ့ကြသည်ဟု YDF ဥက္ကဋ္ဌ ကိုမြတ်သူက လူမှုကွန်ယက်တွင် ပြောကြားထားသည်။


” ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ်၊ ဘယ်လိုအခက်အခဲတွေနဲ့ပဲကြုံတွေ့ကြုံတွေ့ မလျော့သော ဇွဲလုံလနဲ့ စစ်အုပ်စု မပြုတ်မကျ မခြင်း မဆုတ်မနစ် တိုက်ပွဲဝင်သွားမယ်။ ပြည်သူကို အသက်ပေးကာကွယ်ဖို့နဲ့ ပြည်သူတွေ ကြောက်လန့်ကင်းကွာ နေနိုင်ရေးအတွက် အရိုးကြေကြေ အရေခမ်းခမ်း လုပ်ဆောင်သွားကြမယ်။ ရန်သူကို ဘယ်တော့မှ ဒူးမထောက်အညံ့မခံဘူး ဆိုပြီး ကြောက်ခမန်းလိလိ တက်ကြွရဲရင့်စွာ ကတိသစ္စာပြုပြီး သစ္စာရေ သောက်ခဲ့ကြပါတယ်” ဟု ကိုမြတ်သူက ပြောကြားထားသည်။

မကွေးတိုင်း ယောနယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို လက်နက်ကိုင်ခုခံသည့်တပ်ဖွဲ့များရှိပြီး စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား မစိုးမိုးသည့် နယ်မြေများရှိနေပြီဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းတိုင်း ထိစပ်သည့် ဒေသတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များ မဟာမိတ်ပြုလုပ်ကာ တိုက်ပွဲဖော်ဆောင်မှုများရှိကြောင်း သိရသည်။
#RedNewsAgency