Red News Agency

စစ်မှုထမ်းဟောင်းအုပ်ကြီး ဒလန်မောင်ယုအား ရှင်းလင်းစဉ် ကွန်ဒုံး၊ WY စိတ်ကြွဆေးပြားပါတွေ့ရှိ 

စစ်မှုထမ်းဟောင်းအုပ်ကြီး ဒလန်မောင်ယုအား ရှင်းလင်းစဉ် ကွန်ဒုံး၊ WY စိတ်ကြွဆေးပြားပါတွေ့ရှိ 

RNA_စက်တင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။ တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာမှ စစ်မှုထမ်းဟောင်း အုပ်ချုပ်ရေးမှူး၊ ဒလန် မောင်ယုအား နန်းထိုက်အောင်စစ်ဆင်ရေး လှုပ်ရှားမှုအနေဖြင့် ပုလောဒေသကာကွယ်ရေးမဟာမိတ် တပ်ပေါင်းစုမှ ရှင်းလင်းစဉ် လက်ပစ်ဗုံးအပါအဝင် အခြားပစ္စည်းများနှင့်အတူ ကွန်ဒုံး၊ WY စိတ်ကြွဆေးပြားတို့ပါ တွေ့ရှိကြောင်း သိရသည်။ (more…)
Read More
အင်းစိန်ထောင် အုတ်နံရံပေါ်က သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အား လွှတ်ထား

အင်းစိန်ထောင် အုတ်နံရံပေါ်က သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အား လွှတ်ထား

RNA_စက်တင်ဘာ (၁၂)၊၂၀၂၂ခုနှစ်။ ထောင်နံရံကျော်ကာ ထွက်ပြေးလွတ်မြောက်မှု ရှိလာသည့်အတွက် အင်းစိန်ထောင် အုတ်နံရံပေါ်တွင် တပ်ဆင်ထားသည့် သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အား လွှတ်ထားကြောင်း သိရသည်။ " ပခုက္ကူထောင်ဖြစ်တာက ထောင်တွေအကုန်ရိုက်ခတ်သွားတယ်၊ အဲဒီက ထောင်ဝန်ထမ်းတွေလဲ အပြစ်ပေးခံရမှာ၊ အခု ကျနော်တို့ထောင်မှာလဲ ကြပ်နေပြီ နံရံပေါ်က သံဆူးကြိုးမှာ အခုညကစပြီး ဓာတ်အားလွှတ်ထားတယ်၊ အရင်ကတော့ အရေးပေါ်မှ သုံးတာ၊ တပ်ဆင်ထားတာက ကြာပြီ၊ ထောင်ဆူရင် ပြေးရင် ပစ်သတ်ဖို့ထိ အရင်ကတည်းက ညွှန်ကြားထားတာပါ" ဟု အင်းစိန်အကျဉ်း ထောင်ဝန်ထမ်းတဦးက Red News Agency ကို စက်တင်ဘာ (၁၀) ရက်နေ့ညက ပြောကြားသည်။ မကွေးတိုင်း၊ ပခုက္ကူထောင်တွင် နွေဦးတော်လှန်ရေး ကာလအတွင်း…
Read More
စစ်ကောင်စီတပ် သုံ့ပန်းများကို ခြောက်ပေါက် ( ခြေထိပ်တုံးခတ်) နှင့်ခတ်ကာ ထိန်းသိမ်းထား

စစ်ကောင်စီတပ် သုံ့ပန်းများကို ခြောက်ပေါက် ( ခြေထိပ်တုံးခတ်) နှင့်ခတ်ကာ ထိန်းသိမ်းထား

RNA_စက်တင်ဘာ ၁၂၊၂၀၂၂ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီ - ဝေါ်လေ ကားလမ်းမအတိုင်း ကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂) မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသော စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆) ဦးကို ခြောက်ပေါက် (ခြေထိပ်တုံးခတ်) နှင့်ခတ်ကာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု သိရသည်။ အကြမ်းဖက်စစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခမရ (၁၀၂) မှ ဗိုလ်ကြီး ရဲရင့်မောင် ဦးစီးသော စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆) ဦးနှင့်အတူ လက်နက်ခဲယမ်းများနှင့်အတူ စက်တင်ဘာလ (၉) ရက်နေ့က လူခို့ အနီးတွင် ကရင့် အမျိုးသားလွတ်မြောက်ရေးတပ်မ‌တော် တပ်ရင်း…
Read More
ပခုက္ကူထောင်မှ ထွက်ပြေးသူများ လွတ်မြောက်ရာသို့ ရောက်ရှိ

ပခုက္ကူထောင်မှ ထွက်ပြေးသူများ လွတ်မြောက်ရာသို့ ရောက်ရှိ

RNA_စက်တင်ဘာ (၁၁)၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူခရိုင်အကျဉ်းထောင်မှ အုတ်နံရံကျော်ကာ ထွက်ပြေးနိုင်ခဲ့သည့် နိုင်ငံရေးအကျဥ်းသား (၅) ဦး လွတ်မြောက်နယ်‌မြေသို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။ "လွတ်မြောက်လာသူများမှာ တော်လှန်ရေး ရဲဘော် (၂)ဦး၊တခြား နိုင်ငံရေး ပုဒ်မများဖြင့်မတရားဖမ်းဆီးခံထားခြင်းခံရသူ (၃)ဦးပါဝင်ပြီး ယင်းတို့ (၅)ဦးစလုံး လွတ် မြောက်ဘေးကင်းရာသို့ ရောက်ရှိအောင်ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပါသည်" ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force က ယနေ့ ထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၁၀ ရက်နေ့က ထောင်မှ‌ မိမိအစီအစဉ်ဖြင့် ထွက်ပြေးလွတ်မြောက်လာသူ (၅) ကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ(ပကဖ)နှင့် အတူ ဒေသခံLDFများဖြစ်ကြသည့်ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PPDF၊ Young Force (UG)တပ်ဖွဲ့၊ ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့( ၂)၊ Pakokku Ranger ၊…
Read More
၃ ရက်အတွင်း စစ်ကောင်စီတပ်သား (၄၀) ဦးထက်မနည်း သေဆုံး

၃ ရက်အတွင်း စစ်ကောင်စီတပ်သား (၄၀) ဦးထက်မနည်း သေဆုံး

RNA_စက်တင်ဘာ ၁၁၊၂၀၂၂ ခုနှစ်။ ရှမ်းပြည်နယ် ( တောင်ပိုင်း) နှင့် ကယား ( ကရင်နီ) ပြည်နယ်အစပ် မိုးဗြဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး (၃) ရက်အတွင်း စစ်ကောင်စီတပ်သား (၄၀) ဦးထက်မနည်း သေဆုံးကြောင်း မိုးဗြဲ PDF၏ ထုတ်ပြန်ချက်များအရ သိရသည်။ စက်တင်ဘာလ (၈) ရက်နေ့မှစတင်ကာ ဝှါရီဆူးပလိုင်ရွာမှ မိုးဗြဲသို့ အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီစစ်သားများကို မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KNDF၊ KA၊ URF၊ နေပြည်တော် PDF၊ KGZ တို့မှ ကြားဖြတ်စတင်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၁၀ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။ (more…)
Read More
“အကြမ်းဖက်စစ်တပ်က ပြည်သူတွေ ရဲဘော်တွေကို ခေါင်းတွေချည်း ပစ်သတ်ခဲ့တာကို မမေ့ပါနဲ့” ဟု NPRF တပ်ခွဲမှူးပြော 

“အကြမ်းဖက်စစ်တပ်က ပြည်သူတွေ ရဲဘော်တွေကို ခေါင်းတွေချည်း ပစ်သတ်ခဲ့တာကို မမေ့ပါနဲ့” ဟု NPRF တပ်ခွဲမှူးပြော 

RMA_စက်တင်ဘာ (၁) ရက်၊ ၂၀၂၂ ခုနှစ်။ အာဏာသိမ်း အကြမ်းဖက် စစ်တပ်သည် ပြည်သူများ ရဲဘော်များကို ခေါင်းတွေချည်း ပစ်သတ်ခဲ့သည်ကို မမမေ့ကြရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်သေးပါက လက်နက်ချမည်မဟုတ်ကြောင်း NPRF တပ်ခွဲမှူး ကိုဝေလင်းက ပြောကြားထားသည်။ မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ရင်း (၃) အနောက် မြောက်လွင်ပြင် အင်အားစု (Northwest Plain Revolutionary Forces-NPRF)သည် ခက်ခဲသော အခြေအနေအရပ်ရပ်ကြားမှ သီးသန့်အပတ် စဉ် (၂) သင်တန်းဆင်းပွဲနှင့် တပ်ဖွဲ့တည်ထောင်ခြင်း တနှစ်ပြည့်အခမ်းနားတို့ကို ဩဂုတ်လ(၂၉)ရက်နေ့က စိုးမိုးနယ်မြေတနေရာ၌ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့သည်။ [embedyt] https://www.youtube.com/watch?v=e0lBej6JCPc[/embedyt] စစ်ကိုင်းတိုင်း၊…
Read More
တိုက်ပွဲအတွင်းကျဆုံးခဲ့ရသည့် ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်၏ ဈာပန 

တိုက်ပွဲအတွင်းကျဆုံးခဲ့ရသည့် ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်၏ ဈာပန 

RNA_ဩတ်ဂုတ်၂၇၊၂၀၂၂ခုနှစ်။ စစ်ကျွန်ဘဝမှ ပြည်သူများလွတ်မြောက်ရေးအတွက် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ တောင်ပိုင်းတိုင်းစစ်ဒေသကွပ်ကဲရေးလုံခြုံရေးတပ်ခွဲ၏ သင်တန်းသား အမှတ်စဥ် ၂၆ ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်၏ ဈာပနအခမ်း အနားကို တိုက်ပွဲဝင် ရဲဘော်များက တောတွင်းတနေရာတွင် ပြုလုပ်ခဲ့ကြသည်။ ရဲဘော် အောင်လေး (ခ) ညီညီအောင်ထက်သည် နွေဦးတော်လှန်ရေးတွင် ပြည်သူများနှင့်အတူ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ပြီးနောက် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေစဉ် ဩဂုတ်လ ၂၃ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ပြည်သူများအတွက် မြင့်မြတ်စွာ ကျဆုံးခဲ့သည်။ [embedyt] https://www.youtube.com/watch?v=il13qH2xPdw[/embedyt] ရဲဘော်အောင်လေး စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်ရင်း…
Read More
ကရင်နီပြည်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ပြန်စနေ 

ကရင်နီပြည်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ပြန်စနေ 

RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဘက်ပေါင်းစုံမှ ကရင်နီ ( ကယား) ပြည်မှာ ထိုးစစ်ဆင်နေသည့်အတွက် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်။ [embedyt] https://www.youtube.com/watch?v=KBkWT5gziD8[/embedyt] ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေသည်ြအတွက် ကျည်လိုအပ်ချက်များရှိကြောင်း၊ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်သည် ကရင်နီပြည်တွင် အသေအဆုံးများခဲ့ကြောင်း သိရသည်။ Red News Agency
Read More
၅/ ၈/ ၉/ ပါ တီရှပ်များ ဝတ်ဆင်ပြီး ဖိနှိပ်ခံ အလုပ်သမများအတွက် ဆန္ဒပြ

၅/ ၈/ ၉/ ပါ တီရှပ်များ ဝတ်ဆင်ပြီး ဖိနှိပ်ခံ အလုပ်သမများအတွက် ဆန္ဒပြ

RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။ အကြမ်းဖက်အာဏာသိမ်း စစ်တပ်နှင့် လက်အောက်ခံ လက်ပါးစေလုပ်ငန်းရှင်တို့သည် ပြည်ထောင်စုဖွားတိုင်းရင်းသားများဖြစ်ကြသည့် စစ်ကိုင်းတိုင်း (၅/)၊မကွေးတိုင်း(၈/) ၊ မန္တလေးတိုင်းဒေသကြီး(၉/) စသည်တို့မှ လုပ်သားတို့အား ဖိနှိပ်မှုများပြုလုပ်နေသည့်အတွက် ယနေ့နံနက်က ၅/ ၈/ ၉/ ပါ တီရှပ်များ ဝတ်ဆင်ပြီး ဖိနှိပ်ခံနေရသူများအတွက် ဆန္ဒပြခဲ့ကြသည်။ ၅/ ၊ ၈/ ကိုင်ဆောင်သူ လုပ်သားများအား ခြိမ်းခြောက်အလုပ်ထုတ်လျှက်ရှိနေသော ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်ရှိ တရုတ် နိုင်ငံသားပိုင် နာမည်ကျော် H&M တံဆိပ်ချုပ်လုပ်သော စက်ရုံအရှေ့တွင် ဖိနှိပ်ခံ လုပ်သားများနှင့်အတူ ရပ်တည်လျှက်ရှိကြောင်းသိစေရန် လူငယ်များသမဂ္ဂ _ ဗဟို (Youths Union Centre) နှင့် Labour…
Read More
လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်မည်မဟုတ်ဟု ပွင့်ဖြူ PDF ကြေညာ 

လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်မည်မဟုတ်ဟု ပွင့်ဖြူ PDF ကြေညာ 

RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။ ပွင့်ဖြူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပွင့်ဖြူ PDF ) က လက်နက်မဲ့ အဖွဲ့အစည်းများကို တိုက်ခိုက်သွားမည်မဟုတ်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ ယခုရက်ပိုင်းအတွင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းကို ကျောင်းပိတ်ပြီး အမြန်ဆုံး ပြောင်းရွှေ့ကြရန်စသည့် သတိပေးမှုများထွက်ပေါ်နေကြောင်း၊ ပွင့်ဖြူမြို့နယ်အတွင်း စာသင်ကျောင်းများ၊ အသက်မွေး ဝမ်းကျောင်းများကို ကာကွယ်ရေးတပ်ဖွဲ့ (PDF)အမည်အသုံးပြုကာဖုန်းဆက်ခြိမ်းခြောက်သတိပေးခြင်းများပြုလုပ်လာပါက People Defence Force-Pwintbyu အနေဖြင့် လုပ်ဆောင်ခြင်းမရှိကြောင်း သိရသည်။ (more…)
Read More