“အကြမ်းဖက်စစ်တပ်က ပြည်သူတွေ ရဲဘော်တွေကို ခေါင်းတွေချည်း ပစ်သတ်ခဲ့တာကို မမေ့ပါနဲ့” ဟု NPRF တပ်ခွဲမှူးပြော 

RMA_စက်တင်ဘာ (၁) ရက်၊ ၂၀၂၂ ခုနှစ်။

အာဏာသိမ်း အကြမ်းဖက် စစ်တပ်သည် ပြည်သူများ ရဲဘော်များကို ခေါင်းတွေချည်း ပစ်သတ်ခဲ့သည်ကို မမမေ့ကြရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်သေးပါက လက်နက်ချမည်မဟုတ်ကြောင်း NPRF တပ်ခွဲမှူး ကိုဝေလင်းက ပြောကြားထားသည်။

မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ရင်း (၃) အနောက် မြောက်လွင်ပြင် အင်အားစု (Northwest Plain Revolutionary Forces-NPRF)သည် ခက်ခဲသော အခြေအနေအရပ်ရပ်ကြားမှ သီးသန့်အပတ် စဉ် (၂) သင်တန်းဆင်းပွဲနှင့် တပ်ဖွဲ့တည်ထောင်ခြင်း တနှစ်ပြည့်အခမ်းနားတို့ကို ဩဂုတ်လ(၂၉)ရက်နေ့က စိုးမိုးနယ်မြေတနေရာ၌ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် ( Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ရင်း (၃) အနောက် မြောက်လွင်ပြင် အင်အားစု (Northwest Plain Revolutionary Forces-NPRF)သည် စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖြစ်ကြောင်း၊ စိုးမိုးနယ်မြေအတွင်း တိုက်ပွဲများစွာ ပါဝင်တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

Red News Agency

By Editor