၅/ ၈/ ၉/ ပါ တီရှပ်များ ဝတ်ဆင်ပြီး ဖိနှိပ်ခံ အလုပ်သမများအတွက် ဆန္ဒပြ

RNA_ဩဂုတ်၂၅၊၂၀၂၂ခုနှစ်။

အကြမ်းဖက်အာဏာသိမ်း စစ်တပ်နှင့် လက်အောက်ခံ လက်ပါးစေလုပ်ငန်းရှင်တို့သည် ပြည်ထောင်စုဖွားတိုင်းရင်းသားများဖြစ်ကြသည့် စစ်ကိုင်းတိုင်း (၅/)၊မကွေးတိုင်း(၈/) ၊ မန္တလေးတိုင်းဒေသကြီး(၉/) စသည်တို့မှ လုပ်သားတို့အား ဖိနှိပ်မှုများပြုလုပ်နေသည့်အတွက် ယနေ့နံနက်က ၅/ ၈/ ၉/ ပါ တီရှပ်များ ဝတ်ဆင်ပြီး ဖိနှိပ်ခံနေရသူများအတွက် ဆန္ဒပြခဲ့ကြသည်။

၅/ ၊ ၈/ ကိုင်ဆောင်သူ လုပ်သားများအား ခြိမ်းခြောက်အလုပ်ထုတ်လျှက်ရှိနေသော ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်ရှိ တရုတ် နိုင်ငံသားပိုင် နာမည်ကျော် H&M တံဆိပ်ချုပ်လုပ်သော စက်ရုံအရှေ့တွင် ဖိနှိပ်ခံ လုပ်သားများနှင့်အတူ ရပ်တည်လျှက်ရှိကြောင်းသိစေရန် လူငယ်များသမဂ္ဂ _ ဗဟို (Youths Union Centre) နှင့် Labour Alliance အဖွဲ့ဝင် CTUM တို့မှ ပူးပေါင်းကာ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

Red News Agency

By Editor