၃ ရက်အတွင်း စစ်ကောင်စီတပ်သား (၄၀) ဦးထက်မနည်း သေဆုံး

RNA_စက်တင်ဘာ ၁၁၊၂၀၂၂ ခုနှစ်။

ရှမ်းပြည်နယ် ( တောင်ပိုင်း) နှင့် ကယား ( ကရင်နီ) ပြည်နယ်အစပ် မိုးဗြဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး (၃) ရက်အတွင်း စစ်ကောင်စီတပ်သား (၄၀) ဦးထက်မနည်း သေဆုံးကြောင်း မိုးဗြဲ PDF၏ ထုတ်ပြန်ချက်များအရ သိရသည်။

စက်တင်ဘာလ (၈) ရက်နေ့မှစတင်ကာ ဝှါရီဆူးပလိုင်ရွာမှ မိုးဗြဲသို့ အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီစစ်သားများကို မိုးဗြဲ PDF၊ ဖယ်ခုံ PDF၊ KNDF၊ KA၊ URF၊ နေပြည်တော် PDF၊ KGZ တို့မှ ကြားဖြတ်စတင်တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၁၀ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။

မိုးဗြဲသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများမှာ စက်တင်ဘာလ (၈) ရက်နေ့က (၁၀) ဦးထက်မနည်း၊ စက်တင်ဘာလ (၉) ရက်နေ့က (၁၅) ဦးထက်မနည်း၊ စက်တင်ဘာလ (၁၀) ရက်နေ့က (၁၅) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ တိုက်ပွဲတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများနှင့် ထွက်ပြေးသည့် တပ်သားများထံမှ MA1 – ၂ လက်၊ MA2 – ၃ လက်၊ MA3 -၄လက် ၊ ငါးကြင်းမှီး – ၁ လက်၊ ကျည်ဘောက် ၂၃ ဘောက်၊ 79 အသီး ၁၂ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ နင်းမိုင်း ၂ လုံး၊ ၆၀ မမ ၃၃ လုံး၊ RPG အသီး ၁၀ လုံး၊ ငါးကြင်းမှီးကျည် ၃၂၆ ထောင့်၊ M16 ကျည် 2080 ထောင့်၊ ဖုန်း ၄ လုံး၊ Keypet ဖုန်း ၁ လုံး၊ Taplet ၁ လုံး၊ ပိုက်ဆံ ၆၇၀၀၀ ကျပ် စသည်တို့ကို PDF နှင့် မဟာမိတ်တပ်ဖွဲ့များကသိမ်းဆည်းခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ အသေအဆုံးများသည့်အတွက် လက်နက်ကြီး ပစ်ကူများအပြင် ‌တိုက်လေယာဉ်များဖြင့်ပါ ရမ်းသန်းတိုက်ခိုက်နေသည့် အတွက် စက်တင်ဘာ (၉) ရက်နေ့က အသက် (၈) နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့ရကြောင်း၊ စက်တင်ဘာ (၁၀) ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၁၀) ဦး ဒဏ်ရာရရှိပြီး (၃) ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

Red News Agency

By Editor