စစ်မှုထမ်းဟောင်းအုပ်ကြီး ဒလန်မောင်ယုအား ရှင်းလင်းစဉ် ကွန်ဒုံး၊ WY စိတ်ကြွဆေးပြားပါတွေ့ရှိ 

RNA_စက်တင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။

တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ တောင်ယာကမ်းကျေးရွာမှ စစ်မှုထမ်းဟောင်း အုပ်ချုပ်ရေးမှူး၊ ဒလန် မောင်ယုအား နန်းထိုက်အောင်စစ်ဆင်ရေး လှုပ်ရှားမှုအနေဖြင့် ပုလောဒေသကာကွယ်ရေးမဟာမိတ် တပ်ပေါင်းစုမှ ရှင်းလင်းစဉ် လက်ပစ်ဗုံးအပါအဝင် အခြားပစ္စည်းများနှင့်အတူ ကွန်ဒုံး၊ WY စိတ်ကြွဆေးပြားတို့ပါ တွေ့ရှိကြောင်း သိရသည်။

ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ -Palaw Regional Defense Force နှင့် မဟာမိတ်များက ဒလန်မောင်ယုအား စက်တင်ဘာလ (၁၂) ရက်နေ့ ညနေ (၄) ခန့်က သင်္ကန်းမော်နှင့် ရွှေလုံးအော် အကြားတွင် သုတ်သင် ရှင်းလင်းခဲ့သည်။

“ဒလန် ပြည်သူ့သစ္စာဖောက်အား ရှင်းလင်းခဲ့ရာမှ လက်ပစ် ဗုံးနှစ်လုံး၊ လက်ကိုင်ဖုန်းတလုံး၊ Wave i (125) ဆိုင်ကယ်အဖြူတစီး၊ ငွေသား (၉) သိန်းကျပ်၊ မှတ်ပုံတင် (၈)ခု၊ WY စိတ်ကြွဆေး (၈) လုံးနှင့် ခဲပြားတပြား၊ ကွန်ဒုံး (၂) ခု၊ လက်စွပ် (၃) က္ငင်းနှင့်အတူ ဆေးထိုးအပ်၊ ဆေးဝါးများကို သိမ်းဆည်းရမိခဲ့သည်” ဟု ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။

စစ်မှုထမ်းဟောင်းအုပ်ကြီး မောင်ယုသည် ပုလောမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့၏ ဉက္ကဋ္ဌအဖြစ် ယခင်ကတာဝန်ယူခဲ့ဖူးကြောင်း၊ ဘိသိက်ဆရာ၊ အပ်ပုန်းဆရာအဖြစ် အသက်မွေးခဲ့ပြီး နွေဦးတော်လှန်ရေး ကာလတွင် စစ်ကောင်စီတပ် လမ်းကြောင်းများတွင် လမ်းပြ လုပ်ပေးခြင်း၊ CDM ဝန်ထမ်းများအား ဖိအားပေးခြင်း၊ ရပ်ရွာ ပြည်သူများအား ခြိမ်းခြောက်ခြင်း၊ လက်နက်ကိုင်ဆောင်ခြင်း စသည်တို့ကို ကျူးလွန်သောကြောင့် ဒလန်ကောင် ပြည်သူ့ သစ္စာဖောက်အား နန်းထိုက်အောင်စစ်ဆင်ရေး ၏ လုပ်ဆောင်ချက်တရပ်အနေဖြင့် သုတ်သင်ရှင်းလင်းလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

By Editor