အင်းစိန်ထောင် အုတ်နံရံပေါ်က သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အား လွှတ်ထား

RNA_စက်တင်ဘာ (၁၂)၊၂၀၂၂ခုနှစ်။

ထောင်နံရံကျော်ကာ ထွက်ပြေးလွတ်မြောက်မှု ရှိလာသည့်အတွက် အင်းစိန်ထောင် အုတ်နံရံပေါ်တွင် တပ်ဆင်ထားသည့် သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အား လွှတ်ထားကြောင်း သိရသည်။

” ပခုက္ကူထောင်ဖြစ်တာက ထောင်တွေအကုန်ရိုက်ခတ်သွားတယ်၊ အဲဒီက ထောင်ဝန်ထမ်းတွေလဲ အပြစ်ပေးခံရမှာ၊ အခု ကျနော်တို့ထောင်မှာလဲ ကြပ်နေပြီ နံရံပေါ်က သံဆူးကြိုးမှာ အခုညကစပြီး ဓာတ်အားလွှတ်ထားတယ်၊ အရင်ကတော့ အရေးပေါ်မှ သုံးတာ၊ တပ်ဆင်ထားတာက ကြာပြီ၊ ထောင်ဆူရင် ပြေးရင် ပစ်သတ်ဖို့ထိ အရင်ကတည်းက ညွှန်ကြားထားတာပါ” ဟု အင်းစိန်အကျဉ်း ထောင်ဝန်ထမ်းတဦးက Red News Agency ကို စက်တင်ဘာ (၁၀) ရက်နေ့ညက ပြောကြားသည်။

မကွေးတိုင်း၊ ပခုက္ကူထောင်တွင် နွေဦးတော်လှန်ရေး ကာလအတွင်း ဖမ်းဆီးခံထားရသူများထဲမှ (၅) ဦးသည် ထောင်အုတ်နံရံကျော်ကာ စက်တင်ဘာလ (၁၀) ရက်နေ့က လွတ်မြောက်သွားသည့်အတွက် စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်များက နံရံပေါ်မှ သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အားလွှတ်ထားရန် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Red News Agency

By Editor