Tag: PDF
-

“အမေဖုန်းဆက်တော့ အမေ့ကိုလွမ်းတယ်ဗျာ” စစ်မြေပြင်ရှေ့တန်းရဲဘော်တို့၏ ရင်တွင်းစကား
RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။“အခုဆိုရင် ကျွန်တော့်အမေ နေမကောင်းဘူး အမေဟိုနေ့က ဖုန်းဆက်တယ် အမေဖုန်းဆက်တော့ အမေ့ကို လွမ်းတယ်ဗျာ” ဟု ရဲဘော်တယောက်၏ ရင်တွင်းစကားများနှင့်အတူ ရဲဘော်များ၏ ရင်တွင်းစကားများ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ခံယူချက်များ စသည်တို့ကို ပြောကြားထားသည်။[embedyt] https://www.youtube.com/watch?v=G0YNQPIQshg[/embedyt]“အာဏာသိမ်းခဲ့တာလည်း ၂ နှစ်ပြည့်ပြီ ကျွန်တော်တို့ ဒီလိုငြိမ်ခံနေရလို့ မရဘူး၊ ဒီလိုနေ့မှာ အရှုံးပေးလို့မရဘူး ဒီလိုဆက်သွားနေလို့ ဘာမှမထူးတော့ဘူး ဒီကောင်တွေကို အမြစ်ဖြတ် ချေမှုန်းမှရတော့မယ်”၊ အဖေနဲ့ ဖုန်းပြောဖြစ်တော့ အိမ်က ထမင်းဝိုင်းမှာ ငါးဖယ်ဟင်း ကြည့်ပြိး ငါ့ သားကြီးကို ကြိုက်မှာပဲ အခု ငါ့သားကြီး ဘယ်လိုနေရလဲဆိုပြီး အမေက ငိုတယ်တယ်တဲ့”၊ “ဒီကိုကရေစီဆိုတာ လွယ်လွယ်နဲ့ရတဲ့အရာမဟုတ်ဘူး၊ ကိုယ့်ဘက်က ဘာမှမပေးဆပ်ဘဲနဲ့ ဒီမိုကရေစီကို လွယ်လွယ်နဲ့ ရဖို့တော့ စိတ်မကူးနဲ့ “ စသည့် ရဲဘော်များ၏ စကားဝိုင်း ရင်တွင်းစကားများကို တောင်ပိုင်းတိုင် စစ်ဒေသ ရှေ့တန်းစစ်မြေပြင်မှ ရဲဘော်သစ်နောင်နောင်နှင့် ရဲဘော်များ၏ စကားဝိုင်းဖွဲ့ကာ ပြောကြားထားကြသည်။Red News Agency -

ခုခံစစ်အားကောင်းသည့် ပုလဲနယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းပြန်ထိုး
RNA_ဇန်နဝါရီ(၃၀)၊၂၀၂၃ ခုနှစ်။
နွေဦးတော်လှန်ရေးတွင် ခုခံစစ်အားကောင်းသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် ယခုရက်ပိုင်း စစ်ကောင်စီတပ် အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံများ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

” အခု ယင်းမာပင်နဲ့ ပုလဲအစပ်ကို စခတွေ စစ်ကြောင်းပြန်ဆင်းနေကြတယ်၊ အခု ရွာ (၈) ရွာလောက်က ပြည်သူတွေ ဒီနေ့ပဲ စစ်ဘေးရှောင်နေကြရတယ်” ဟု ဒေသခံတဦးက ပြောသည်။
-

ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်က (၂၂) ဦးသေဆုံးဟု ထုတ်ပြန်ထား
RNA_ဇန်နဝါရီ(၂၄) ၂၀၂၃ ခုနှစ်။ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာသို့ ပိတ်ဆို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ရေတာရှည် PDF တပ်ရင်း ( ၃၅၀၁) တပ်ခွဲ(၄) ပါအဝင် ရေနီလေ့ကျင့်ရေး(၅) တပ်နှင့် နေပြည်တော် တပ်ပေါင်းစု စစ်ကြောင်းမှတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၂၂) ဦး သေဆုံးပြီး ၁၅ ဦးအပြင်းအထန်ဒဏ်ရာရရှိသွားသည်ဟု Northern Thandaung Defence Force (Special Region) က ထုတ်ပြန်ထားသည်။ဇန်နဝါရီလ(၁၆-၁၇)ရက်နေ့က Northern Thandaung Defence Force(Special Region) ၏ လက်အောက်တွင် ခေတ္တခိုလှုံသည့်တပ်ရင်းဖြစ်သော တောင်ငူခရိုင်၊ရေတာရှည် PDF တပ်ရင်း ( ၃၅၀၁) တပ်ခွဲ(၄) ကို နယ်မြေကျူးကျော်လာသော စစ်ကောင်စီတပ်ကို မဟာမိတ်များပူးပေါင်းကာ ဇန်နဝါရီလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။” Northern Thandaung Defence Force (Special Region) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ ၏ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်များမှ စစ်ကောင်စီ တပ်သား (၂၂) ဦး သေဆုံး ခဲ့ပြီး (၁၅) ဦး အပြင်းအထန် ဒဏ်ရာဖြင့် ၄င်းတို့ တပ်စွဲထားသော ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာမှ ဆုတ်ခွာသွားပါသည်” ဟု Northern Thandaung Defence Force (Special Region ) ကထုတ်ပြန်ထားသည်။တိုက်ပွဲအတွင်း Northern Thandaung Defence Force (Special Region) ရဲဘော်တဦး ကျဆုံးခဲ့ရပြီး၊ ရဲဘော်တဦးမှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ PDF ပူးပေါင်းတပ်ဖွဲ့ များက စစ်ဆင်ရေးကို ကောင်းမွန်စွာ ဆင်နွှဲနိုင်ခဲ့ကြောင်း၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းသည် နယ်မြေကို Northern Thandaung Defence Force (Special Region) က ထိန်းချုပ်ထားသည့်အတွက် စစ်ကောင်စီတပ် နယ်မြေကျူးကျော်လာပါက အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ -

ရဲဘော်သာဒင် ကျဆုံးခဲ့ရသည့်အတွက် ငွေတောင်စားသောက်ဆိုင်အသိုက်အဝန်းအား တိုက်ခိုက်ခြေမှုန်းမည်
RNA_ဇန်နဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။
ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများနှင့် အပေါင်းအပါများက ဝိုင်းဝန်းရိုက်နှက် ဖမ်းဆီးပေးခဲ့သည့် Freelance Attack Force – FLA ရဲဘော် ချောကလက် (ခ ) ရဲဘော်သာဒင်မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ကျဆုံးခဲ့ရကြောင်း FLAက ယနေ့ ထုတ်ပြန်ထားသည်။

“အဆိုပါဖြစ်ရပ်ကြောင့် မိမိတို့ Freelance Attack Force – FLAမှ များစွာ ဝမ်းနည်း ယူကြုံးမရဖြစ်ရပြီး မိမိတို့၏ ရဲဘော် ချောကလက် (ခ ) သာဒင်၏ သွေးကြွေးအဖြစ် ငွေတောင်စားသောက်ဆိုင် အသိုက် အဝန်းအား တိုက်ခိုက်ခြေမှုန်းသွားဖြစ်ပါကြောင်း အသိပေးထုတ်ပြန် ကြေညာလိုက်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-

ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ်အပါအဝင် (၄) ဦး ပစ်ခတ်ခံရပြီးသေဆုံး
RNA_ဇန်နဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။
ရန်ကုန်တိုင်း စစ်ကြောရေးတာဝန်ခံ ဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)၊ တပ်ကြပ်ကြီးမြင့်အောင်နှင့် အခြား အမျိုးသား (၂) ဦးတို့အား တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၃ နှင့် တပ်ခွဲ ၆ ပူးပေါင်းအဖွဲ့က ယမန်နေ့ ( ဇန်နဝါရီ ၂၂ ရက်) နေ့လည် ၁ နာရီ ၄၅ မိနစ်ဝန်းကျင်က ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင် (၁၆၁)အနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။
ရန်ကုန်တိုင်း ၉-မိုင်ခွဲ ပြည်လမ်း North Point – Ocean စင်တာ အနီးရှိ အမှတ်(၁)စစ်ဘက်ရေးရာလုံခြုံရေးအကူ တပ်စစ်ကြောရေးတာဝန်ခံ စရက(၁)တပ်မှူးဗိုလ်မှူးသန်းထွဋ် (ဒုဗိုလ်မှူးကြီး အစမ်းခန့်)နှင့် တပ်ကြပ်ကြီး မြင့်အောင်တို့ လိုက်ပါလာသည့် ယာဉ်အမှတ် YGN. 2N 6158 TOYOTA VANGUARD အမဲရောင်ယာဉ်ဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်းအတိုင်းထွက်ခွါလာပြီဖြစ် ကြောင်း YUA အဖွဲ့၏ သတင်းအချက်အလက်ပေးပို့မှုအရ တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ ကင်းပုန်းဝပ်၍ စောင့်ဆိုင်းကာ ဖမ်းဆီးစဉ် ခုခံသဖြင့် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း Bago PDF က ထုတ်ပြန်ထားသည်။
-

စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးသည့်တိုက်ပွဲတွင် IPDF တပ်ရင်းမှူးနှင့် MBPDF ရဲဘော်မိုးတို့ ကျဆုံး
RNA_ဇန်နဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။
ရှန်းပြည်နယ် (တောင်ပိုင်း) အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ သန်းတောင်ကျေးရွာနှင့် ဘုရားနီကျေးရွာများအနီးဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးပြီး အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-IPDF ၏ တပ်ရင်း မှူး၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်မိုးအပါအဝင် ရဲဘော်တချို့ ကျဆုံးခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ : မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (တပ်ရင်းအမှတ် ၁၀၀၇) ရဲဘော်မိုး (ကိုယ်ပိုင်အမှတ် P31007 238) စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ အင်းပျူစောထီး၊ PNO(ပြည်သူ့စစ်)တို့ကို ဇန်နဝါရီလ (၃) ရက်နေ့က ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု နှင့်ညီနောင်တပ်ရင်း အမှတ် (၁၀၀၇) တပ်ရင်း (မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၂ )၊ အမှတ် (၁၀၀၉)တပ်ရင်း(အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-IPDF)၊ အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ် လက်အောက်ခံ PDF တပ်ရင်းများဖြစ်သော တပ်ရင်းအမှတ် ၁၀၀၅၊ ၁၀၀၈၊၁၀၀၃၊ PNDF စသည့်မဟာမိတ်များက တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
-

စခန်းသိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့် ရဲဘော် ဝီတိုးရီယို(ခ)ငယ်လေး၏ ဈာပန
RNA_ဇန်နဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။
ကရင်နီ(ကယား)ပြည်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ် စခန်းချထားသည့် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA)မှ ရဲဘော် ဝီတိုးရီယို(ခ)ငယ်လေး ( အသက် ၂၂ နှစ်) ကျဆုံးခဲ့ရသည်။

Photo: Khun John Paul 
Photo: Khun John Paul 
Photo: Khun John Paul 
Photo: Khun John Paul -

စခန်းသိမ်းတိုက်ပွဲတွင် နက်လက်ခဲယမ်း အများအပြားသိမ်းဆည်းရမိ
RNA_ဇန်နဝါရီ(၂၁)၊၂၀၂၃ ခုနှစ်။
ကရင်နီ(ကယား)ပြည်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ မယ်စလောင်းတောင်ကုန်းပေါ်တွင် အခိုင်အမာတပ်ချထားသော စစ်ကောင်စီတပ်စခန်းကို KNDF၊PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်း ပိုက်ရာလက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည်။

မယ်စလောင်းတောင်ကုန်းပေါ်ရှိ စစ်ကောင်စီ တပ်စခန်းအား ဇန်နဝါရီလ (၂၀)ရက် ၊ နံနက် (၇း၅၀) မှ (၉) နာရီ (၃၀) မိနစ်ဝန်းကျင်အထိ Karenni Commando၊ KA၊ KNDF B(15)၊ KNDF B(16)၊ KNDF B (09)၊ Loikaw PDF၊ DMO PDF တို့ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး၊ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးပြီး၊ ကျန်တပ်သားနှင့် အရာရှိများ ထွက်ပြေးကြကြောင်း KNDF က ထုတ်ပြန်ထားသည်။
-

မြိုင် PDF တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်
မြိုင်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်သည့် ရုပ်သံRNA_ဇန်နဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် အခြားသော မြို့နယ်များအတွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် မြိုင် မြို့်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) ရဲဘော်များ တိုက်ခိုက်ခဲ့ကြသည်။[embedyt] https://www.youtube.com/watch?v=dPlVJOcZgNE[/embedyt]မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) ရဲဘော်များသည် ယမန်နေ့ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ဇီးပြားရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး၊ အခြားသော တိုက်ပွဲများစွာကိုလည်း တိုက်ပွဲဝင်ခဲ့ကြသည်။ -

တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံး
တောင်ငူခရိုင် PDF နှင့်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံးRNA_ဇန်နဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုး ချီတက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁) တပ်ခွဲ (၄) နှင့်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ(၃)ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီတပ်လက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံးကြောင်း ယနေ့ ထုတ်ပြန်ထားသည်။စစ်ကောင်စီတပ်အင်အား (၁၀၀) ဝန်းကျင်ရှိ တပ်ဖွဲ့သည် ဇန်နဝါရီလ ၁၆ ရက်နေ့က နဂျပ်တောင်ဖက်သို့ ချဉ်းကပ်လာစဉ် တောင်ငူခရိုင် PDF တပ်ခွဲ(၄) တပ်စု(၂) က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက် (၁၀)နာရီ၊ နံနက် (၁၂) နာရီတို့တွင် နဂျပ်အရှေ့မြောက်ဖက် ဝက်ပုပ်လက်အတက်တွင် စစ်ကောင်စီတပ်အင်အား (၁၅၀) ဝန်းကျင်ဖြင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြသည်။