ဖယ်ခုံ PDF ရဲဘော်ဒေးဗစ်ဈာပန

ဖယ်ခုံတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၅) ဦးသေပြီး၊ ဖယ်ခုံ PDF ရဲဘော် ဒေးဗစ်ကျဆုံး

RNA_ဖေဖော်ဝါရီ(၆)၊၂၀၂၃ ခုနှစ်။

ရှမ်း – ကယား အစပ် ဖယ်ခုံမြို့နယ်၊ လွိုင်ကော်- ဖယ်ခုံ လမ်းမကြီးပေါ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၅) ဦးသေဆုံးပြီး၊ ဖယ်ခုံ PDF ရဲဘော်ဒေးဗစ် ကျဆုံးခဲ့ကြောင်း သိရသည်။

လွိုင်ကော်- ဖယ်ခုံ လမ်းမကြီးပေါ် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့များဖြစ်သည့် ဖယ်ခုံ PDF တပ်ရင်း (၂)၊ KNDF B03၊ URF တပ်ဖွဲ့တို့က ဖေဖော်ဝါရီ (၄) ရက်နေ့က တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ကာ ဖယ်ခုံ PDFတပ်ရင်း၂ ခွဲ-၃ မှ ရဲဘော်ဒေးဗစ် ကျဆုံးခဲ့ရပြီး၊ KNDF ရဲလဘာ်(၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ (၅) ဦးသေပြီး (၉) ဦးဒဏ်ရာရရှိကြောင်း၊ ရဲဘော်ဒေးဗစ် ဈာပနကို ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက် (၁၀) နာရီဝန်းကျင်က ပြုလုပ်ခဲ့ကြောင်း ဖယ်ခုံ PDF က ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor