ပခုက္ကူ – ရေစကြို ကားလမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေ

RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ ခုနှစ်။

မကွေးတိုင်း၊ ပခုက္ကူ-ရေစကြို ကားလမ်းတနေရာရှိ ကိုရှိန်းဆီဆိုင်ရှေ့၌ အင်အား (၁၄)ဦးပါ ကား (၂) စီးနှင့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများကို ရေစကြို PDF တပ်ဖွဲ့ကာ တိုက်ခိုက်ရာ (၁၀) ဦးသေဆုံးခဲ့သည်။

သေဆုံး ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများထံမှ Carbine ၆ လက်၊ Carbine ကျည်ဘောက် ၆ ဘောက်၊ ကာဘိုင်ကျည် ၁၄၆ တောင့်၊ MA4 တစ်လက်၊ MA4 ကျည်ဘောက် ၅ ဘောက်၊ ၅.၅၆ ကျည် ၉၄ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ 40 mm ဗုံးသီး ၄ လုံး၊ Phone ၃ လုံး၊ Power bank ၁ လုံး၊ Equipment ၁ ခု၊ ရေဗူး ၁ ဗူး၊ Super custom ကား ၁ စီး၊ ဗလာကျည် ၃ တောင့် သိမ်းဆည်းရမိခဲ့သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပခုက္ကူခရိုင် တပ်ရင်း(၃) ရေစကြို PDF ရဲဘော်များ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က တိုက်ခိုက်မှုကြာင့် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများ နေရာ၌ (၇) ဦးသေဆုံးကာ ဆေးရုံအရောက် (၃) ဦးထပ်မံသေဆုံးခဲ့ခြင်း ဖြစ်သည်။

“အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးအား နေရာတွင်ပင် ရှင်းလင်းနိုင်ခဲ့ပြီး လွတ်မြောက်သွားသော CR-V ကားပေါ်တွင်ပါသွားသော ၃ ကောင်ပါ  ဆေးရုံတွင် ထပ်မံ ကျဆုံးခဲ့ရာ ဟင်္သာ ကျေးရွာ ပျူစောထီးခေါင်းဆောင် အောင်နိင်မိုးအပါအဝင် စုစုပေါင်း စစ်ခွေး ၁၀ ကောင်  မြေသြဇာဖြစ်ခဲ့ပြီး ခြေလျင်ထွက်ပြေးသွားသော ခဝေး ၄ ကောင်အနက် ၃ကောင် ဒဏ်ရာအပြင်းထန်ရခဲ့ပြီး ၁ ကောင် အထိခိုက်မရှိ လွတ်မြောက်သွားခဲ့ပါသည်” ဟု ရေစကြို PDF က ယနေ့ ထုတ်ပြန်ထားသည်။

မကွေးတိုင်း၊ ပခုက္ကူခရိုင် အမှတ်(၃) တပ်ရင်းသည် ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ်(၁) စစ်ဒေသ ၊ ပခုက္ကူခရိုင်ကွပ်ကဲရေး အောက်တွင် ရာနှုန်းပြည့် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း သိရသည်။

#RedNewsAgency#RedNews

By Editor