Tag: KNU

  • ကျေးရွာအတွင်း ဗုံး (၆) လုံးကျရောက်ပေါက်ကွဲပြီး သင်းအုပ်ဆရာ (၂) ဦးအပါအဝင် (၅) ဦးသေဆုံး

    ကျေးရွာအတွင်း ဗုံး (၆) လုံးကျရောက်ပေါက်ကွဲပြီး သင်းအုပ်ဆရာ (၂) ဦးအပါအဝင် (၅) ဦးသေဆုံး

    RNA_ဇန်နဝါရီ(၁၄)၊၂၀၂၃ ခုနှှစ်။
     
    စစ်ကောင်စီတပ် တိုက်လေယာဉ် (၄) စီးဖြင့် ဗုံး (၈) လုံးကျဲရာ လေးဝါးကျေးရွာအတွင်း ဗုံး (၆) လုံးကျရောက်ပေါက်ပွဲပြီး ကတ်သလစ် သင်းအုပ်ဆရာ စောရယ်ဒီ၊ နှစ်ခြင်းခရစ်ယာဉ် အသင်းအုပ်ဆရာတော် စောချမ်အေး၊ အသက် ၂ နှစ် ၁၁ အရွယ် နော်မရီးနာတို့သားအမိနှင့်စောဖါးဘလယ်တို့ သေဆုံးခဲ့ရကြောင်း သိရသည်။
     
    ကရင်ပြည်နယ်၊ KNU မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ပေးကေးကျေးရွာအုပ်စု၊ လေးဝါးကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ် (၄) စီးဖြင့် ဇန်နဝါရီ လ (၁၂) ရက်နေ့ နေ့လည် (၂) နာရီ (၁၃) မိနစ်ဝန်းကျင်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    (more…)

  • ၁ နှစ်အတွင်း ဒရုန်းစစ်ဆင်ရေး (၃၄၇)ကြိမ်ပျံသန်းမှုဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂၀၀) ဝန်းကျင်သေဆုံး

    ၁ နှစ်အတွင်း ဒရုန်းစစ်ဆင်ရေး (၃၄၇)ကြိမ်ပျံသန်းမှုဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂၀၀) ဝန်းကျင်သေဆုံး

    RNA_ဇန်နဝါရီ (၅)၊၂၀၂၃ ခုနှစ်။
     
    Federal Wings ​ဒရုန်းတပ်ဖွဲ့၏ ၂၀၂၂ ခုနှစ် (၁) နှစ်တာအတွင်း ဒရုန်းစစ်ဆင်ရေး ပျံသန်းမှု (၃၄၇) ကြိမ်ပျံသန်းပြီး စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား (၂၀၀) ဝန်းကျင် သေဆုံးကြောင်း သိရသည်။
    ကရင်ပြည်နယ်အတွင်း KNU တပ်မဟာ (၃) နှင့် တပ်မဟာ (၆) နယ်အတွင်းရှိ ထိတွေ့တိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲကြီးများတွင် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းများနှင့် ပူးတွဲတိုက်ပွဲဝင်နိုင်ခဲ့ကြောင်း၊ ယခုရက်ပိုင်း ဖြစ်ပွားနေသည့် ကြာအင်းဆိပ်ကြီးတိုက်ပွဲ၊ ကော့ကရိတ်တိုက်ပွဲ၊ တောင်စွန်း တိုက်ပွဲတို့တွင်လည်း မဟာမိတ်များဖြင့် ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရသည်။

    (more…)

  • ကျေးရွာ ၁၈ ရွာကို ပြန်လည်တည်ဆောက်မှုကိစ္စများ ဆွေးနွေးလုပ်ဆောင်

    ကျေးရွာ ၁၈ ရွာကို ပြန်လည်တည်ဆောက်မှုကိစ္စများ ဆွေးနွေးလုပ်ဆောင်

    RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၂ခုနှစ်။

    တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာ (၁၈) ရွာမှ ဒေသခံပြည်သူများထံသွားရောက်ပြီး ပုလော PDF တာဝန်ရှိသူများက တော်လှန်ရေးနှင့်ပတ်သက်သည့်ကိစ္စများ၊ ပြန်လည်တည်ဆောက်ရေးကိစ္စ စသည်တို့ကို ဆွေးနွေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    (more…)

  • KNU တပ်မဟာ (၄) နယ်မြေအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ (၂၄၆) ဦးသေဆုံး

    KNU တပ်မဟာ (၄) နယ်မြေအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ (၂၄၆) ဦးသေဆုံး

    RNA_နိုဝင်ဘာ(၂၆)၊၂၀၂၂ ခုနှစ်။
     
    ကရင်အမျိုးသားအစည်းအရုံး -KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဘိတ်ထား၀ယ်ခရိုင် တပ်မဟာ(၄) နယ်မြေအတွင်း စစ်ကောင်စီတပ်နှင့် KNU လက်အောက်ခံ တပ်များ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစပြီး နို၀င်ဘာလ (၁၆) ရက်နေ့ အထိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ (၂၄၆) ဦးသေဆုံးကာ (၂၃၉) ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။
     
    ကော်သူးလေအုပ်ချုပ်နယ်မြေ ဘိတ်ထားဝယ်ခရိုင်တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO၊ ပူးပေါင်းမဟာမိတ်များနှင့် စစ်ကောင်စီလက်အောက်ခံများ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၁၂၃) ကြိမ် ဖြစ်ပွားခဲ့ပြီး ကောင်စီတပ်များမှ (၂၄၆) ဦး သေဆုံးကာ (၂၃၉) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ကြောင်း၊ KNLA၊ KNDO၊ ပူးပေါင်းတပ်ဖွဲ့တို့ဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၁၄) ဦး အသက်စွန့်ခဲ့ရပြီး (၇) ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့သည်။

    (more…)

  • ကော်ဘရာ သူရဲကောင်း (၃) ဦးဈာပန 

    ကော်ဘရာ သူရဲကောင်း (၃) ဦးဈာပန 

    RNA_နိုဝင်ဘာ(၂၃)၊၂၀၂၂ခုနှစ်။

    အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ကော်ဘရာ စစ်ကြောင်းမှ ကျဆုံး ရဲဘော် (၃) ဦးဈာပန ယနေ့ ညနေပိုင်းက စစ်ကြောင်းမှ ရဲဘော်များက ပြုလုပ်ခဲ့သည်။

    နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က စစ်ကောင်စီတပ်၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ရဲဘော် နော်အဲမူ အသက် (၂၉) နှစ်၊ ရဲဘော် ကျော်စွာဟိန်း (ခ) ကျော်ကြီး အသက် (၂၀) နှစ် ၊ ရဲဘော် သီတာအေး (ခ) လုလုဖော် အသက် (၂၂) နှစ်တို့ ကျဆုံးခဲ့ရသည်။

    [embedyt] https://www.youtube.com/watch?v=krYpkDi-zj4[/embedyt]

    ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၇) ဗိုလ်ဒါဘော ဦးစီးသည့် ကော်ဘရာ စစ်ကြာင်းသည် ကရင်ပြည်နယ်၊ မြဝတီ – ဝေါ်လေ ဒေသ၊ လေ့ကေ့ကော်၊ ဖလူး၊ မင်းလက်ပံ၊ သဲဖြူချောင်း၊ လူခို့၊ ဘလက်တို၊ သေ့ဘော့ဘိုး၊ ဆုံဆည်းမြိုင်၊ တောင်နီ စသည့် ဒေသတွင်း နယ်မြေအတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြောင်း သိရသည်။

    #RedNewsAgency

  • တောင်ကလေးရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်

    တောင်ကလေးရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်

    တောင်ကလေးရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်၊ စကစ ဘက်မှ အရာရှိနှစ်ဦးအပါအဝင် (၁၀) ဦးသေ

    RNA_နိုဝင်ဘာ(၂၁)၊၂၀၂၂ခုနှစ်။

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ KNU တပ်မဟာ (၆) နယ်မြေတွင်းရှိ တောင်ကလေးရဲစခန်းအား ယနေ့ နေ့ နံနက် (၁၁) နာရီဝန်းကျင်ထိ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ အရာရှိနှစ်ဦးအပါအဝင် (၁၀) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

    တောင်ကလေး ရဲစခန်းအား KNLA တပ်ရင်း ၁၆၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့- S.O.F၊ ကော်သူးလေအာမီ၊ Saw Dragon Drone Force နှင့် ARMS ဒရုန်းအဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြသည်။

    (more…)

  • စုပေါင်း ဦးဆောင်မှုဖြင့် PDF (၂၅) ဖွဲ့ ပူးပေါင်းကာ ဘုံရန်သူအား တော်လှန်မည်

    စုပေါင်း ဦးဆောင်မှုဖြင့် PDF (၂၅) ဖွဲ့ ပူးပေါင်းကာ ဘုံရန်သူအား တော်လှန်မည်

    RNA_အောက်တိုဘာ(၃)၊၂၀၂၂ ခုနှစ်။
    KNU သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ မှ စည်းရုံးဦးဆောင်၍ နယ်မြေအတွင်း ပြန့်ကျဲနေသော PDF (၂၅) ဖွဲ့ပူးပေါင်း၍ “KNU သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု” အဖြစ် စုစည်းကာ ဘုံရန်သူအား တော်လှန်သွားမည်ဖြစ်ကြောင်း သိရသည်။
    ” မှတ်ပုံတင်ခွင့်တောင်းခံထားသော အဖွဲ့အစည်းများအနက် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာမည်ဖြစ်ကြောင်း ကတိကဝတ်ပြုသည့် အဖွဲ့အစည်း(၂၅)ဖွဲ့အား အသိအမှတ်ပြုမှတ်ပုံတင်ကဒ်ပြား ထုတ်ဝေပေးခဲ့ပြီး အဖွဲ့အစည်းခေါင်းဆောင်များအားလုံးမှ“တပ်ပေါင်းစုအသွင်”ဖြင့် ဘုံရန်သူအား စုပေါင်းတော်လှန်သွားရန် တညီတညီတညွတ်တည်း ဆုံးဖြတ်ခဲ့၍ ၎င်းအဖွဲ့အစည်း(၂၅)ဖွဲ့စုပေါင်း၍“KNU သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု” အဖြစ် အောင်မြင်စွာဖွဲ့စည်းပြီး ဖြစ်ကြောင်း” မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ၊ KNU သထုံခရိုင် တပ်မဟာ (၁)က ယနေ့ ထုတ်ပြန်ထားသည်။
    Red News Agency

  • ကြိတ်စခန်းကို KNLA တပ်ရင်း (၁၈)နှင့် ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ခိုက်သိမ်းပိုက်အပြီး လက်နက်အများအပြားသိမ်းဆည်းရမိ

    ကြိတ်စခန်းကို KNLA တပ်ရင်း (၁၈)နှင့် ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ခိုက်သိမ်းပိုက်အပြီး လက်နက်အများအပြားသိမ်းဆည်းရမိ

    RNA_စက်တင်ဘာ(၂၁)၊ ၂၀၂၂ ခုနှစ်။

    ကေအဲန်ယူ- ကော့ကရိတ်မြို့နယ် KNLA တပ်ရင်း (၁၈)နှင့် ဒေါနစစ်ကြောင်း-SOG ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ် ခမရ – ၅၅၇ ခြေကုတ်စခန်းဖြစ်သည့် ကြိတ်စခန်းကို စက်တင်ဘာ ၂၀ ရက်နေ့ နေ့လည် ၂ နာရီ ၁၉ မိနစ်ဝန်းကျင်က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်အများအပြားဖမ်းဆီးရမိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီတပ်လေယာဉ် ပစ်ခတ်ခံရပြီး အရေးပေါ်ဆင်းသက်ခဲ့ရ 

    စစ်ကောင်စီတပ်လေယာဉ် ပစ်ခတ်ခံရပြီး အရေးပေါ်ဆင်းသက်ခဲ့ရ 

    RNA_ဩဂုတ်၈၊၂၀၂၂ခုနှစ်။

    ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး စီမံအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ပဲသောင်ကျေးရွာ၊ စာသင်ကျောင်းအနီးတဝိုက်တွင် စစ်ကောင်စီတပ် လေယာဉ် ၂ စင်းဖြင့် ယနေ့ နံနက် (၁၀) နာရီကျော်က (၅)ကြိမ် လာရောက်ပစ်ခတ်ခဲ့သည့် လေယာဉ်ကို KNLA တပ်ဖွဲ့က ပြန်လည်ပစ်ခတ်ရာ စက်ချို့ ယွင်းပြီး အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရသည်။

    “လာရောက်ပစ်ခတ်သည့် နေရာမှာ ကျောက်ကြီးမြို့နယ် ပဲသောင်ကျေးရွာ၊ စာသင်ကျောင်းအနီးတဝိုက်တွင် (၅)ကြိမ် ပစ်ခတ်ခဲ့ပြီး ယင်းပစ်ခတ်မှုတွင် သစ်ပင်များကိုသာ ထိခိုက်ပျက်စီးစေခဲ့ပါသည်။ ထိုသို့လာရောက်ပစ်ခတ်သည့် လေယာဉ်တစ်စင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း(၉)မှ ပြန်လည်ပစ်ခတ်ခဲ့သဖြင့် စက်ချို့ ယွင်းပြီး ကညင်ကျိုးကျေးရွာ စာသင်ကျောင်းဝန်းအတွင်းသို့ အမြန်ဆင်းသက်ခဲ့ရပါသည်” ဟု ကေအဲန်ယူ ဗဟိုမှ ယနေ့ ထုတ်ပြန်ထားသည်။

    ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း(၉) တပ်ဖွဲ့များနှင့် ဩဂုတ်လ ၇ ရက်နေ့က စစ်ကောင်စီတပ်မှ ဒိုးဒါးတာစုံမှ ကျောက်စရစ်ကျေးရွာသို့ ဝင်ရောက်လာခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် နီးစပ်သော ကျေးရွာများဖြစ်သည့် ပဲသောင်၊ လိန်ပင်၊ ကျောက်စရစ်၊ သောင်ပု၊ အင်တိုင်းကုန်းနှင့် တောကြောင်ပေါက် စသည့်ကျေးရွာများမှ ကျေးရွာပြည်သူလူထုများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Red News Agency

  • ကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်ကို စစ်ကောင်စီလက်အောက်ခံများက လူမဆန်စွာ သတ်ဖြတ်

    ကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်ကို စစ်ကောင်စီလက်အောက်ခံများက လူမဆန်စွာ သတ်ဖြတ်

    RNA_ဇူလိုင်၁၀၊၂၀၂၂ခုနှစ်။

    ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်ကို စစ်ကောင်စီတပ် လက်အောက် ခံများက ဇူလိုင် (၄) ရက်နေ့က လူမဆန်စွာ ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

    သေဆုံးသွားခဲ့ရသည့် ညောင်လေးပင်ခရိုင် ဒေသခံကရင်အရပ်ဖက် လူမှုရေးရာ အဖွဲ့အစည်းမှ အဖွဲ့ဝင် စောလားကပေါ်(ခ)ဖားဘော်သည် ကရင်ပြည်တွင်းနေရပ်စွန့်ခွာသူများကော်မတီအဖွဲ့၏ ကွင်းဆင်းဝန်ထမ်းတစ်ဦးလည်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်က ခန္ဓာကိုယ် ခြေလက်တို့ကိုဖြတ်ပြီး သတ်ခဲ့ကြောင်း သိရသည်။

    (more…)