KNU

ကရင်ပြည်နယ်မှာ တိုက်ပွဲများ ပြင်းထန်လေ စစ်ကောင်စီတပ် များများသေလေ

ကရင်ပြည်နယ်မှာ တိုက်ပွဲများ ပြင်းထန်လေ စစ်ကောင်စီတပ် များများသေလေ

RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ ကရင်ပြည်နယ်၊ လေးကေ့ကော်က စတင်လိုက်သည့် ပစ်ခတ်မှု (၂) ရက်အတွင်း စစ်ကောင်စီတပ်က အရာရှိတပ်သားများ သေဆုံးခဲ့သလို ဖမ်းဆီးခံထားရသည့် အရာရှိများပါရှိကြောင်း ဒေသခံသတင်း ရင်းမြစ်ထံက သိရသည်။ ယနေ့ နက်နံနက်ပိုင်းက ‌မြဝတီမှ လေးကေ့ကော်အသွား စစ်ကောင်စီတပ်နှင့် BGF များ လမ်းမှာ အတိုက်ခံထားရကြောင်း၊ လေးကေ့ကော်တွင် ပိတ်မိနေသည့် စစ်ကောင်စီတပ်သားများရှိနေကြောင်း၊ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များရှိသည့်အထင်နှင့် လပ်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်မှုရှိကြောင်း သိရသည်။ " အခုက ပြေးနေရတာပေါ့၊ ဟိုဘက်တော့ မရောက်သေးဘူး တိုက်ပွဲဖြစ်ရင် ပြေးရတာကတော့ ရှိ‌နေမှာပါ၊ အခုက စခတွေ အတုံးအရုံးသေနေတယ်၊ နယ်မြေအသာစီရမှုက…
Read More
လေးကေ့ကော်ကို စစ်တလင်းမဖြစ်အောင်ဆောင်ရွက်ဖို့ KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ မေတ္တာရပ်ခံ 

လေးကေ့ကော်ကို စစ်တလင်းမဖြစ်အောင်ဆောင်ရွက်ဖို့ KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ မေတ္တာရပ်ခံ 

RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ လက်နက်ကိုင်ဆောင်ထားသူများ၊ တပ်မတော်သားများအားလုံး လက်နက်မဲ့၊ ခိုကိုးရာမဲ့၊ အားထားရာမဲ့ ဖြစ်နေကြသော ပြည်သူလူထု၏ ခိုလှုံရာ နေထိုင်ရာနေရာကို စစ်တလင်းမဖြစ်အောင် ဆောင်ရွက်ပေးစေလိုကြောင်း ယနေ့တွင် KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်ဥက္ကဋ္ဌစောရွှေမောင်းက မေတ္တာရပ်ခံချက် ထုတ်ပြန်ထားသည်။ Red News Agency
Read More
မြဝတီဘက်က တက်လာသည့် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်း အဖွဲ့ကို KNLA တိုက်ခိုက် 

မြဝတီဘက်က တက်လာသည့် စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်း အဖွဲ့ကို KNLA တိုက်ခိုက် 

RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် လေးကေ့ကော်ဝန်းကျင်ကို စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းအဖွဲ့ စစ်ကြောင်းကို ယနေ့ နံနက်က KNU တပ်မဟာ (၆) နယ်မြေအရောက် မဲထော်ကလေး နှင့် ပဲဟိကလော် အနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA) နှင့် မဟာမိတ်တချို့က ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၅ ရက်နေ့ကတည်းက လေးကေ့ကော်အနီးကို စတင်ပစ်ခတ်ခြင်းဖြစ်ကာ ဒေသခံ KNU တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဒေသခံပြည်သူများ ထောင်ချီစစ်ဘေးရှောင်နေကြရကြောင်း၊ စစ်ကောင်စီတပ်သည် KNU တပ်မဟာ (၆) နယ်မြေ လေးကေ့ကော် နယ်မြေအတွင်း ခိုလှုံနေသူများကို…
Read More
လေးကေ့ကော်က စစ်ပွဲအနိုင်ရရှိရေး ဧရာဝတီတိုင်းက ကရင်လူငယ်များ ဆုတောင်း

လေးကေ့ကော်က စစ်ပွဲအနိုင်ရရှိရေး ဧရာဝတီတိုင်းက ကရင်လူငယ်များ ဆုတောင်း

RNA_ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။ "တရားသောစစ် နိုင်ရမည်၊ ပြည်သူ့ဘက်သား ရဲဘော်များနှင့် ဒေသခံပြည်သူများ ဘေးကင်းလုံခြုံပါစေ၊အာဏာရူးတွေ ကျဆုံးပါစေ" ဟုဆိုကာ လေးကေ့ကော်၌ အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ဖြစ်ပွါးနေသော တိုက်ပွဲတွင် တရားသောစစ်ပွဲအောင်နိုင်ဖို့ရန်အတွက် ယနေ့ည ဧရာဝတီတိုင်း ကရင်လူငယ်များက ဆုတောင်းခဲ့ကြကြောင်း သိရသည်။ Red News Agency
Read More
စစ်ကောင်စီတပ်သားများ သေဆုံး‌၊ အရှင်ဖမ်းခံနေရသည့် လေးကေ့ကော်မှာ တိုက်ပွဲထပ်ဖြစ်

စစ်ကောင်စီတပ်သားများ သေဆုံး‌၊ အရှင်ဖမ်းခံနေရသည့် လေးကေ့ကော်မှာ တိုက်ပွဲထပ်ဖြစ်

RNA_ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် (၁၀) မိုင် ဝန်းကျင်က လေးကေ့ကော်နယ်တဝိုက် ယနေ့ နံနက်မှစတင်ကာ ဖြစ်ပွားနေသည့်တိုက်ပွဲများမှာ ယနေ့ ညနေ ညနေ (၆) နာရီဝန်းကျင်မှာ တိုက်ပွဲများထပ်မံ ဖြစ်ပွားနေသည်။ နံနက်ပိုင်း စစ်ကောင်စီတပ်ဘက်က စတင်ပစ်ခတ်မှု စတင်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားစဉ် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်( KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)စသည့် မဟာမိတ်တို့၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်က တပ်သား အရာရှိအပါအဝင် အနည်းဆုံး (၆) ဦးသေပြီး၊ (၈) ဦးဝန်းကျင် ဖမ်းဆီးရမိထားကြောင်း သိရသည်။ " တိုက်ပွဲက ‌မနက်ကဖြစ်တယ် နေ့လည်ပိုင်းခဏရပ်သွား အခုညနေတခါ ပြန်ချနေတယ်၊ ဖြစ်ကြပြီဆိုတော့ ညတွေလဲ…
Read More
လေးကေ့ကော်မှာ စစ်ကောင်စီတပ်တွေ ထင်ရာဝင်လုပ်နေသည့်အတွက် တိုက်ပွဲစဖြစ်

လေးကေ့ကော်မှာ စစ်ကောင်စီတပ်တွေ ထင်ရာဝင်လုပ်နေသည့်အတွက် တိုက်ပွဲစဖြစ်

RNA_ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် (၁၀) ဝန်းကျင်က KNU တပ်မဟာ (၆) နယ်မြေ လေးကေ့ကော် စစ်ရှောင်အိမ်ယာတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်း ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာကြောင့် ယနေ့ တိုက်ပွဲစဖြစ်နေပြီဟု ဒေသခံများထံက သိရသည်။ “စစ်ကောင်စီတပ်က တောင်ပါ်ကနေ အမြောက်နဲ့စထုတာပေါ့၊ ရွာထဲထုတာ တော့ မဟုတ် သေးဘူး၊ အနီးအနား တောထဲကို လှမ်းပစ်တာပါ့၊ KNLA နဲ့ PDF တွေကလဲ ပြန်ပစ်ကြတယ်ထင်တယ်၊ သေချာတာက တော့ လေး ကေ့ကော်ဝန်းကျင်မှာ ဒီနေ့တိုက်ပွဲစတာပဲ” ဟု လေး‌ကေ့ကော်အနီးအနားက ပြည်သူတဦးက ပြောသည်။…
Read More