ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် BNRA ရဲဘော် (၂) ဦးကျဆုံးခဲ့ရ

RNA_ဧပြီ(၁၄)၊၂၀၂၅ခုနှစ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ချင်းညီနောင်နှင့် မဟာမိတ်များနှင့်အတူ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ရဲဘော်များလည်း ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည့်အတွက် BNRA ရဲဘော် (၂) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်း BNRA မှ ရဲဘော် (၂) ဦး ကျဆုံးခဲ့ရကြောင်း၊ ကိုလက်အင်္ဂါ ဆုံးရှုံးခဲ့ရသော ရဲဘော်များထဲတွင် ရဲဘော် (၂) ဦး ခြေထောက် ၂ ဖက်ဆုံးရှုံးခဲ့ရပြီး၊ ရဲဘော် (၂) ဦး ခြေထောက် ၁ ဖက်ဆုံးရှုံးခဲ့ရကြောင်း၊ ရဲဘော် (၁) ဦးမှာ လက်ချောင်းဆုံးရှုံးခဲ့ရပြီး၊ အပြင်းအထန်ထိခိုက်ဒဏ်ရာရသူ (၃) ဦး ရှိခဲ့သည်ဟု BNRA ကထုတ်ပြန်ထားသည်။

၂၀၂၃ ဒီဇင်ဘာ ၂၂ တွင်စတင်ခဲ့သော ချင်းပြည်တောင်ပိုင်း ကျင်ဒွေးမြို့ စစ်ဆင်ရေးတွင်လည်း BNRA အနေဖြင့် ပူးပေါင်းပါဝင်ခဲ့ပြီး ရဲဘော် (၁) ဦး ကျဆုံးခဲ့ရကြောင်း၊ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် စတင်ခဲ့သည့် ချင်းညီနောင်စစ်ဆင်ရေးဖြစ်သော ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်တွင် အောင်မြင်စွာအပြီးသတ်ဖော်ဆောင်နိုင်ခဲ့သည်။

#RedNewsAgency #REDNEWS #RNA

By Editor