စစ်ရိပ်သန်းလာသည့် ဖားကန့်တွင် ကျောက်စိမ်းကုမ္ပဏီတစ်ချို့ ရပ်နား

RNA_မေ(၂၈)၊၂၀၂၅ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားလာနိုင်သည့်အတွက် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ရပ်နားခြင်းမရှိခဲ့သော ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီတစ်ချို့ မေလ ၂၆ ရက်နေ့ ဝန်းကျင်မှစတင်ကာ ရပ်နားသွားသည်ကို တွေ့ရှိရသည်။

ဖားကန်းမြို့တွင် ကျောက်စိမ်းတူးဖော်နေသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် မြဥယဉ် ကုမ္ပဏီနှင့် အခြား ကုမ္ပဏီအသေးတစ်ချို့ မေလ ၂၆ ရက်နေ့က နားသွားပြီဖြစ်ကြောင်း၊ ဖားကန့်ကိုတက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်း အင်အား ၁၀၀ ခန့်ကလည်း မေလ ၂၇ ရက်နေ့က ရောက်ရှိလာပြီဖြစ်သည်။


ယနေ့ နံနက်တွင် ဖားကန့်သို့ရောက်ရှိလာသည့် စစ်ကောင်စီစစ်ကြောင်းသည် လယ်ပြင်ကျေးရွာမှစတင်ကာ လုံးခင်းရွာအတွင်း နယ်မြေစိုးမိုးနိုင်ရေးအတွက် အရပ်သားပြည်သူများကို ဒိုင်းကာလုပ်ကာ စစ်ကြောင်းထိုးနေပြီး KIA/KPDF တော်လှန်ရေး ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်။

စစ်ကောင်စီတပ်သည် ဖားကန့်၌ ရှေ့တန်းတပ်မ(၃၃)၏ ဖားကန့်ဗျူဟာကုန်း၊ လုံးခင်းယမ်းချက်စက်ရုံ၊ ကံဆီးဗျူဟာ၊ မဇွပ်ယန်အချုပ်ထောင်၊ လုံးခင်းမျောက်ကုန်းရဲကင်း၊ ဖားကန့်ရဲစခန်း၊ တရုတ်ဘုံကျောင်းအထက် ဘုရားပေါ်တွင် ဖားကန့်ဗျူဟာကုန်းမှ ရှေ့ကင်းထုတ်ထားသည့် ရှေ့ကင်းစခန်းတို့ရှိသည်။

ဖားကန့်၊ ဆိုင်းတောင် lucky Men hotel၏ လက်ရှိမြင်ကွင်း

#RedNewsAgency #REDNEWS #RNA

By RNA Editor