ရန်ကုန်

ဒဂုံတက္ကသိုလ်ကျောင်းသူ မြသန္တာအောင်(ခ)မချယ်ရီ ဖမ်းဆီးခံရ

ဒဂုံတက္ကသိုလ်ကျောင်းသူ မြသန္တာအောင်(ခ)မချယ်ရီ ဖမ်းဆီးခံရ

RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။   အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံများက ရန်ကုန်မြို့၊ ဒဂုံတက္ကသိုလ် မြန်မာစာ နောက်ဆုံးနှစ် ကျောင်းသူ မြသန္တာအောင်(ခ)မချယ်ရီကို ဖမ်းဆီးပြီး ဘုရင့်နောင်ရဲစခန်း စစ်ကြောရေးမှတဆင့် ပုဒ်မ ၅၀ (ည) နှင့် တရားစွဲဆိုကာ အင်းစိန်အကျဉ်းထောင်တွင် ချုပ်နှောင်ထားကြောင်း သိရသည်။   နွေဦးတော်လှန်ရေးတွင် ပြည်သူ့ဘက်မှ ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂသည် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများအပါအဝင် လက်နက်ကိုင်တော်လှန်ရေးတွင်လည်း အင်းတိုက်အားတိုက်ပါဝင်နေကြောင်း၊ မြသန္တာအောင်(ခ)မချယ်ရီကို စစ်ကောင်စီလက်အောက်ခံများက နိုဝင်ဘာလ ၁၆ ရက်နေ့က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။ (more…)
Read More
တက္ကသိုလ် ကျောင်းသား (၅) ဦးနှင့် လူငယ်တဦးတို့ကို စစ်ကောင်စီက အမြင့်ဆုံး ထောင်ဒဏ် ၂၆ နှစ်ထိ ချမှတ်

တက္ကသိုလ် ကျောင်းသား (၅) ဦးနှင့် လူငယ်တဦးတို့ကို စစ်ကောင်စီက အမြင့်ဆုံး ထောင်ဒဏ် ၂၆ နှစ်ထိ ချမှတ်

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၂ ခုနှစ်။   ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား (၅)ဦးအပါအဝင် လူငယ် ၆ ဦးကို စစ်ကောင်စီလက်အောက်ခံ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ အမြင့်ဆုံး ထောင်ဒဏ် ၂၆ နှစ်အထိ ချမှတ်ခဲ့ကြောင်း သိရသည်။   ကျောင်းသား (၅) ဦးနှင့် လူငယ်တဦးကို စစ်ကောင်စီလက်အောက်ခံ အရှေ့ပိုင်းခရိုင် တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀-က (စျ)၊ ၅၁ - ဂ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆-၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇-၃၄၊ ၃၃၂-၃၃ တို့ဖြင့် ဒီဇင်လာလ ၂၆ ရက်နေ့က ထောင်ဒဏ် ၂၆ နှစ်စီချက်မှတ်လိုက်သည်ဟု East Yangon University Students' Union - EYUSU…
Read More
ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် (၃) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၂၂) နှစ်စီချမှတ်

ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် (၃) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၂၂) နှစ်စီချမှတ်

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၂ခုနှစ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ဘဏ္ဌာရေးမှူး မသီရိရတနာ၊ မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ဥက္ကဌ ကိုအောင်မျိုးကိုနှင့် မန္တလေးပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အမှုဆောင်ဟောင်း ကိုကျော်ဇင်လတ်တို့ကို စစ်ကောင်စီလက်အောက်ခံ အိုးဘိုထောင်တွင်းတရားရုံးမှ ထောင်ဒဏ်(၂၂)နှစ်စီ ယနေ့ ချမှတ်ခဲ့ကြောင်း သိရသည်။   (more…)
Read More
ရပ်ကွက်နေပြည်သူများ ကြားရသည့်ပေါက်ကွဲသံသည် စကစ ယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ်

ရပ်ကွက်နေပြည်သူများ ကြားရသည့်ပေါက်ကွဲသံသည် စကစ ယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ်

RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ညပိုင်းက မြောက်ဒဂုံမြို့နယ်နှင့်မြောက်ဥက္ကလာပမြို့နယ်အတွင်းထိ ကြားခဲ့ရသည့် ပေါက်ကွဲသံသည် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်၊ အမှတ် (၂)လမ်းမကြီးနှင့် ကျန်စစ်သားလမ်းဆုံမီးပွိုင့်အရောက် ကင်းလှည့်နေသည့် စစ်ကောင်စီယာဉ်တန်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က Generation Z Defense Force & Supply Army (GZDF) မှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့များသည် အခွင့်ရတိုင်း စစ်ကောင်စီတပ်သားများနှင့်လက်အောက်ခံများကို တိုက်ခိုက်မှုများရှိကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူများကလည်း လမ်းမထွက်ပြီး ဆန္ဒပြမှုများရှိကြောင်း…
Read More
မော်လမြိုင် ရန်ကုန် လေအိတ်အမြန်ရထား မပြေးဆွဲနိုင်တော့၍ လက်မှတ်ခပြန်အမ်း

မော်လမြိုင် ရန်ကုန် လေအိတ်အမြန်ရထား မပြေးဆွဲနိုင်တော့၍ လက်မှတ်ခပြန်အမ်း

RNA_ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၂၂။ စစ်ကော်စီလက်အောက်ခံ မြန်မာ့မီးရထားသည် မော်လမြိုင်ဘူတာမှ ပြေးဆွဲရန် စီစဉ်ထားသည့် လေအိတ်အမြန်ရထားကို အကြောင်းအမျိုးမျိုးကြောင့် မထွက်ခွာနိုင်ဟု အကြောင်းပြကာ လက်မှတ်ခများ ပြန်လည်အမ်းပေးနေကြောင်း ‌သိရသည်။ "ယနေ့ ( 13.12.2022) နေ့ မော်လမြိုင်ဘူတာမှ ထွက်ခွာမည့် အမှတ်(၈၂)အစုန် မော်လမြိုင် ရန်ကုန် လေအိတ်အမြန်ရထားသည် အကြောင်းအမျိုးမျိုးကြောင့် မော်လမြိုင် ဘူတာမှထွက်ခွာနိုင်ခြင်း မရှိတော့ပါ၍ လက်မှတ်ဝယ်ယူထားသော ခရီးသည်များအား လက်မှတ်ရုံတွင် လက်မှတ်ခများ ပြန်လည်အမ်းပေးနေပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။" ဟု မော်လမြိုင်ဘူတာကြီး Page က ကြေညာထားသည်။ #RedNewsAgency
Read More
စစ်ကောင်စီလက်အောက်ခံများ ကြောက်အားပိုနေရသည့် မဟာရန်ကုန်

စစ်ကောင်စီလက်အောက်ခံများ ကြောက်အားပိုနေရသည့် မဟာရန်ကုန်

စစ်ကောင်စီလက်အောက်ခံများက လမ်းသွားလမ်းလာများအပေါ် အမြဲရမ်းကားနေကြသည်။ တားဆီးထားသည့် အကာအရံများကို မတော်တဆ တိုက်မိသည့် ကားသမားများမှာ စစ်ဆေးခံရမှုနဲ့အတူ ရိုက်နှက်ခံရမှုများပါ ကြုံနေကြရသည် ဇော်နိုင် နေပြည်တော်မှသည် ကျေးလက်တောရွာအလယ် ရန်ကုန်မြို့တော်အဆုံး တနိုင်ငံလုံးနီးပါးရှိ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်များ၊ ထောက်ခံအားပေးသူများ၊ စစ်ကောင်စီတပ်လက်အောက်ခံ လက်နက်ကိုင်များသည် ဒီမိုကရေစီရေးအင်အားစုများ၊ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်နေသည့် တော်လှန်ရေးသမားများကို ကြောက်အားပိုနေရသည့်အနေအထားဖြစ်နေသည်။ ကျေးလက်တောရွာများတွင် စစ်ကောင်စီလက်အောက်ခံများကို လက်နက်များတပ်ဆင်ကာ ပျူစောထီးအဖွဲ့များရှိသော်လည်း အချိန်ပြည့် ကြောက်လန့်နေရသည့်အနေအထားဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မမြေအထိ တော်လှန်ရေးတပ်သားများက အခွင့်ရတိုင်းတိုက်ခိုက်နေသည့်အတွက် နေပြည်တော်က စစ်ခေါင်းဆောင်နှင့်အပေါင်းအပါများမှာလည်း စိုးရိမ်ထိတ်လန့်စွာ သွားလာနေထိုင်ရသည်။ တနိုင်ငံလုံးမှာ အကြီးဆုံးမြို့ဖြစ်သည့် မဟာရန်ကုန်တွင်ကား ထင်ရာစိုင်းနေသည့် စစ်ကောင်စီလက်အောက်ခံများကို နေ့စဉ်နှင့်အမျှ ဆုံးမနေကြသည့်အတွက် အခိုင်အမာ အကာအရံများ၊ လက်နက်ကိုင် အကာအရံများ၊ လက်နက်ရှိယုံမျှဖြင့်…
Read More
အာဏာသိမ်း မင်းအောင်လှိုင်လက်ထက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မလုံလောက်၍ အလှည့်ကျမီးဖြတ်နေ

အာဏာသိမ်း မင်းအောင်လှိုင်လက်ထက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မလုံလောက်၍ အလှည့်ကျမီးဖြတ်နေ

RNA_ဒီဇင်ဘာ ၈၊ ၂၀၂၂ ခုနှစ် ။   ရွေးကောက်ခံပြည်သူ့အစိုးရထံမှ အကြမ်းဖက်အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက် မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မလုံလောက်သည့်အတွက်  အလှည့်ကျ မီးဖြတ် မီးပေး လုပ်နေရကြောင်း သိရသည်။   ရွေးကောက်ပွဲမှတဆင့် အစိုးရဖြစ်လာသည့် NLD လက်ထက်တွင် နွေရာသီလောက်သာ မီးပျက်မှုများရှိပြီး၊ တိုင်းနှင့်ပြည်နယ်အနှံ့တွင် လျှပ်စစ်မီးရရှိရေးကြိုးပမ်းခဲ့သော်လည်း မင်းအောင်လှိုင်လက်ထက် ကျေးလက်မီးလင်းရေးမှာ မျှော်လင့်ချက်မရှိတော့သည့်အပြင် မီးရရှိသည့်ကျေးရွာများတွင်ပင် မီးမရရှိတော့ကြောင်း သိရသည်။ (more…)
Read More
ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦး သေဒဏ်ချမှတ်ခံရ

ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦး သေဒဏ်ချမှတ်ခံရ

RNA_ဒီဇင်ဘာ(၁)၊၂၀၂၂ခုနှစ်။ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီလက်အောက် ခံ အင်းစိန်ထောင်တွင်းရှိ စစ်ခုံရုံးက ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦးကို ယမန်နေ့ ( နိုဝင် ဘာ ၃၀ ရက်) က သေဒဏ်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ ဒုဗိုလ်မှူးကြီး စောမိုးဝင်းကို သတ်သည်ဟု စွပ်စွဲကာ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုဟိန်းထက်၊ ကိုသီဟထက်ဇော်၊ ကိုသူရမောင်မောင်၊ ကိုခန့်ဇင်ဝင်း၊ ကိုဇော်လင်းနိုင်၊ ကိုသက်ပိုင်ဦး၊ ကိုခန့်လင်းမောင်မောင်တို့ကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၃၀၂ (က) ဖြင့် မတရားအမိန့် သေဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ (more…)
Read More
အင်းစိန်ထောင်ဝန်ထမ်း၂၀ ကျော် ထွက်ပြေး

အင်းစိန်ထောင်ဝန်ထမ်း၂၀ ကျော် ထွက်ပြေး

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်အကျဉ်း ထောင်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း ၂၀ ဦးကျော် ထွက်ပြေးနေကြောင်း သိရသည်။ အင်းစိန်ထောင်တွင် တာဝန်ထမ်းဆောင်လိုမှုမရှိသည့်အတွက် ထွက်ပြေးသည့် ဝန်ထမ်းများတွင် အမျိုးသမီးအပါအဝင် ၂၀ ဦးကျော်ရှိကြောင်း၊ အင်းစိန်ထောင် ဝန်ထမ်းလိုင်းခန်းအနီးတွင် ထွက်ပြေးသူများစာရင်းကပ်ထားပြီး ဝန်ထမ်းအိမ်ယာပြန်လာပါက အကြောင်းကြားရန် အသိပေးထားကြောင်း သိရသည်။ (more…)
Read More
“ဂျပု ဂျပု အို့ …အို့” လှုပ်ရှားမှု ရန်ကုန်မှာပြုလုပ်

“ဂျပု ဂျပု အို့ …အို့” လှုပ်ရှားမှု ရန်ကုန်မှာပြုလုပ်

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ခုနှစ်။ အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရည်ရွယ်ပြီး " ခွေးပု"၊"ဂျပု ဂျပု အို့ ...အို့" စသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး စာသားပါ စကေကာများကပ်ကာ ယနေ့ ရန်ကုန်မြို့အတွင်း Shwe Pyi Thar Strike Committee(SPTSC)က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်‌ခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More