ဒဂုံတက္ကသိုလ်ကျောင်းသူ မြသန္တာအောင်(ခ)မချယ်ရီ ဖမ်းဆီးခံရ

RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။
 
အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံများက ရန်ကုန်မြို့၊ ဒဂုံတက္ကသိုလ် မြန်မာစာ နောက်ဆုံးနှစ် ကျောင်းသူ မြသန္တာအောင်(ခ)မချယ်ရီကို ဖမ်းဆီးပြီး ဘုရင့်နောင်ရဲစခန်း စစ်ကြောရေးမှတဆင့် ပုဒ်မ ၅၀ (ည) နှင့် တရားစွဲဆိုကာ အင်းစိန်အကျဉ်းထောင်တွင် ချုပ်နှောင်ထားကြောင်း သိရသည်။
 
နွေဦးတော်လှန်ရေးတွင် ပြည်သူ့ဘက်မှ ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂသည် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများအပါအဝင် လက်နက်ကိုင်တော်လှန်ရေးတွင်လည်း အင်းတိုက်အားတိုက်ပါဝင်နေကြောင်း၊ မြသန္တာအောင်(ခ)မချယ်ရီကို စစ်ကောင်စီလက်အောက်ခံများက နိုဝင်ဘာလ ၁၆ ရက်နေ့က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့က အင်းစိန်ထောင်တွင်း ဖမ်းဆီးခံထားရသည့် ဒဂုံတက္ကသိုလ် ကျောင်းသား ကိုခန့်ဇင်ဝင်း၊ ကိုသူရမောင်မောင်၊ ကိုဇော်လင်းနိုင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုသက်ပိုင်ဦး၊ ကိုခန့်လင်းမောင်မောင်တို့ကို စစ်ကောင်စီလက်အောက်ခံ အင်းစိန်ထောင်တွင်း စစ်ခုံရုံးမှ ပုဒ်မ ၃၀၂(က) ဖြင့် သေဒဏ်ချမှတ်ခဲ့သည်။

နွေဦးတော်လှန်ရေး ကာလအတွင်း ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂမှ မတရားဖမ်းဆီးခံထားရသူ အနည်းဆုံး (၄၀) ကျော်ရှိပြီး (၉) ဦီးသေဒဏ်ချမှတ်ခံထားရကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂထံမှ သိရသည်။
 
#RedNewsAgency
By Editor