အင်းစိန်ထောင်မှ အကျဉ်းသား(၃) ဦးထွက်ပြေး

RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၃ ခုနှစ်။

ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်မှ ယနေ့ ( ဖေဖော်ဝါရီ ၁၃ ရက်) ည အစောပိုင်းက အကျဉ်းသား (၃) ဦးထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

” အကျဉ်းသား ထွက်ပြေးတာက ဟုတ်တယ် နိုင်ငံရေး အကျဉ်းသားမဟုတ်ပါဘူး၊ ခိုးမှုနဲ့သာမန်အမှု လွတ်နီးတွေပါ၊ တယောက်ဆိုရင် စက်ဘီးပါယူသွား ခိုးသွားသေးတယ်” ဟု အင်းစိန်ထောင် အသိုင်းအဝန်းနှင့် နီးစပ်သူ တဦးက Red News Agency ကို ပြောသည်။

အင်းစိန်ထောင်တွင် သာမန်အမှု လွတ်နီး ( ၁ နှစ်အောက် လပိုင်းသမား) များကို အပြင်ဘုတ် ( ထောင်မကြီးအပြင် လုပ်ငန်းများ) ချထားမှုများရှိကြောင်း၊ အင်းစိန်ထောင်မှ ထွက်ပြေးလွတ်မြောက်သူများမှာ ရှားပါးသော်လည်း ယနေ့ညထွက်ပြေးသူများကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

#RedNewsAgency

By Editor