မြသန္တာအောင်(ခ)မချယ်ရီ

ဒဂုံတက္ကသိုလ်ကျောင်းသူ မြသန္တာအောင်(ခ)မချယ်ရီ ဖမ်းဆီးခံရ

ဒဂုံတက္ကသိုလ်ကျောင်းသူ မြသန္တာအောင်(ခ)မချယ်ရီ ဖမ်းဆီးခံရ

RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။   အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံများက ရန်ကုန်မြို့၊ ဒဂုံတက္ကသိုလ် မြန်မာစာ နောက်ဆုံးနှစ် ကျောင်းသူ မြသန္တာအောင်(ခ)မချယ်ရီကို ဖမ်းဆီးပြီး ဘုရင့်နောင်ရဲစခန်း စစ်ကြောရေးမှတဆင့် ပုဒ်မ ၅၀ (ည) နှင့် တရားစွဲဆိုကာ အင်းစိန်အကျဉ်းထောင်တွင် ချုပ်နှောင်ထားကြောင်း သိရသည်။   နွေဦးတော်လှန်ရေးတွင် ပြည်သူ့ဘက်မှ ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂသည် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများအပါအဝင် လက်နက်ကိုင်တော်လှန်ရေးတွင်လည်း အင်းတိုက်အားတိုက်ပါဝင်နေကြောင်း၊ မြသန္တာအောင်(ခ)မချယ်ရီကို စစ်ကောင်စီလက်အောက်ခံများက နိုဝင်ဘာလ ၁၆ ရက်နေ့က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။ (more…)
Read More