ရပ်ကွက်နေပြည်သူများ ကြားရသည့်ပေါက်ကွဲသံသည် စကစ ယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ်

RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ညပိုင်းက မြောက်ဒဂုံမြို့နယ်နှင့်မြောက်ဥက္ကလာပမြို့နယ်အတွင်းထိ ကြားခဲ့ရသည့် ပေါက်ကွဲသံသည် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်၊ အမှတ် (၂)လမ်းမကြီးနှင့် ကျန်စစ်သားလမ်းဆုံမီးပွိုင့်အရောက် ကင်းလှည့်နေသည့် စစ်ကောင်စီယာဉ်တန်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က Generation Z Defense Force & Supply Army (GZDF) မှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့များသည် အခွင့်ရတိုင်း စစ်ကောင်စီတပ်သားများနှင့်လက်အောက်ခံများကို တိုက်ခိုက်မှုများရှိကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူများကလည်း လမ်းမထွက်ပြီး ဆန္ဒပြမှုများရှိကြောင်း သိရသည်။

#RedNewsAgency

By Editor