Tag: ရခိုင်ပြည်နယ်

  • အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးရှောင် (၅) သိန်းကျော်တွင် (၈၀) ရာခိုင်နှုန်းမှာ မူဆလင်များဖြစ်

    အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးရှောင် (၅) သိန်းကျော်တွင် (၈၀) ရာခိုင်နှုန်းမှာ မူဆလင်များဖြစ်

    RNA_မေ(၂၄)၊၂၀၂၄ ခုနှစ်။

    တိုက်ပွဲအတွင်းမှ ဒေသခံပြည်သူများ အသက်အန္တရာယ် ဘေးကင်းလုံခြုံရေးနှင့် တိုက်ပွဲအတွင်း ကြားညပ်မသွားစေရေးအတွက် အာရက္ခတပ်တော် – AAအလုံးစုံထိန်းချုပ်ထားသောနယ်မြေအတွင်း စစ်ဘေးရှောင် ရောက်လာသူ (၅) သိန်းကျော်ရှိရာတွင် မူဆလင် (၈၀) ရာခိုင်နှုန်းနှင့် ရခိုင်နှင့် အခြားလူမျိုရစုမှာ (၂၀) ရာခိုင်နှုန်းရှိကြောင်း AAက ယနေ့ ထုတ်ပြန်ထားသည်။

    အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်းမှ စစ်ဘေးရှောင်များအတွက် ဆန်၊ ဆီ၊ ဆား ဆေးဝါးအပါအဝင် အခြေခံ အစားအစာများဖြင့် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားသော်လည်း နောက်လာမည့် ကာလများတွင် နေ့စဉ်သုံး အခြေခံအစားအစာများအပြင် ကလေးနှင့်အမျိုးသမီး လစဉ်သုံးပစ္စည်းများ၊ မိုးတွင်းကာလအတွက် အမိုးအကာ အိမ်သာများ အရေးတကြီး လိုအပ်လာမည်ဖြစ်သည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ စေတနာရှင်အဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများ၊ စေတနာအလှူရှင်များမှ ကူညီပေရကြပ်ရန် အာရက္ခတပ်တော်မှ အားကိုးစွာဖြင့် တိုက်တွန်းနှိုးဆော်ထားသည်။

    (more…)

  • အာရက္ခမြေတွင် ပထမဆုံးပြုလုပ်နိုင်သည့် အာရက္ခတပ်တော်၏ အရာရှိသင်တန်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့

    အာရက္ခမြေတွင် ပထမဆုံးပြုလုပ်နိုင်သည့် အာရက္ခတပ်တော်၏ အရာရှိသင်တန်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့

    RNA_မေ(၂၄)၊၂၀၂၄ ခုနှစ်။
     
    အာရက္ခမြေတွင် ပထမဆုံးအကြိမ်အဖြစ် အာရက္ခတပ်တော် -AAမှ သင်တန်းသူ/သား (၃၂၆)ဦး ဖြင့် စတင်ဖွင့်လှစ်ခဲ့သည့် အရည်အချင်းပြည့်မီသော အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားအား တိုက်ပွဲကာလ၊ စစ်ရေး၊ နိုင်ငံရေး စိန်ခေါ်မှု၊ အခက်အခဲများအကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
     
    အာရက္ခတပ်တော်၏ အမှတ်စဉ် (၃) အရာရှိလေ့ကျင့်ရေးသင်တန်းကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် အရာရှိလောင်းအဖြစ် အသိအမှတ် ပြုအခမ်းအနားပြုလုပ်ခဲ့ပြီးနောက် (၁၁) ခန့်အကြာ ၂၀၂၄ ခုနှစ် မေလ ၂၀ ရက်နေ့က သင်တန်းဆင်းနိုင်ခဲ့ကြောင်း၊ အာရက္ခမြေပေါ်တွင် ပထမဆုံးပြုလုပ်သည့် အရာရှိသင်တန်းကာလသည် (၁) နှစ် (၇) နီးပါးကြာမြင်ခဲ့သည်ဟု AA က ယမန်နေ့ညပိုင်းက ထုတ်ပြန်ထားသည်။

    (more…)

  • လူမျိုးပေါင်းစုံပြည်သူလူထုနှင့် အာရက္ခနိုင်ငံသစ်

    လူမျိုးပေါင်းစုံပြည်သူလူထုနှင့် အာရက္ခနိုင်ငံသစ်

    “မြေပြန့်မြန်မာ ဖိနှိပ်ခံလူတန်းစားတွေအပါအဝင် လူမျိုးစုအားလုံးက အာရက္ခတပ်တော်ကို ထောက်ခံဖို့ တိုက်တွန်းချင်တာပါ။ ရိုဟင်ဂျာလူမျိုးတွေလည်း အာရက္ခတပ်တော်ကို ထောက်ခံပံ့ပိုးဖို့လိုပါတယ်။ ဒီတော်လှန်ရေးကာလမှာ အာရကန်ဘက်ကဝင်ကူပြီး တိုက်ပေးတဲ့ ရိုဟင်ဂျာတွေရှိရင် နောင်ဖြစ်လာမယ့် နိုင်ငံသစ်မှာ လူနည်းစုအခွင့်အရေး အပြည့်အဝရရှိဖို့ တောင်းဆိုရတာ ခက်ခဲမယ်မထင်ဘူး”
    အာရကန်လူမျိုးတွေ တော်လှန်ရေးလုပ်ရတဲ့အကြောင်းအရင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ နိုင်ငံတနိုင်ငံ ထူထောင်နိုင်ဖို့အထိ ရည်ရွယ်ပါတယ်။ နှစ်ပေါင်းများစွာ သူတပါးလက်အောက်ခံဘဝနဲ့ နေထိုင်လာခဲ့ရတာကို အာရကန်လူမျိုးတွေက စိတ်ပိုင်းဆိုင်ရာအရ နာကြည်းခါးသီးနေခဲ့တာပါ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့အတွက် အာရက္ခတပ်တော် ( ULA / AA) ကို အားကောင်းအောင် တည်ဆောက်ပြီး အာရက္ခပြည် လုံးဝလွတ်မြောက်ရေးကို ဦးတည်တိုက်ပွဲဝင်နေပါတယ်။
    ဒီအခြေအနေတွေကို ကျနော် နားလည်ထားသလို သုံးသပ်ရရင် လက်ရှိ ပြည်သူအားလုံး မုန်းတီးနေတဲ့ မင်းအောင်လှိုင် စစ်အုပ်စုပြိုလဲသွားမှသာ အာရက္ခနိုင်ငံသစ်ကို တည်ထောင်နိုင်မှာဖြစ်တယ်။ မင်းအောင်လှိုင် စစ်အုပ်စုကို အာရက္ခပြည်ထဲကနေ မောင်းထုတ်ရုံသာမက ဘေးပတ်ဝန်းကျင်ဒေသတွေကနေ ပြန်လည်ထိုးဖောက်ဝင်ရောက်မလာနိုင်အောင်လည်း တိုက်နိုင်ဖို့လိုတယ်။
    ပြည်ထောင်စုတည်ဆောက်မယ် စဥ်းစားထားတဲ့ လူမျိုးစုတော်လှန်ရေးအင်အားစုအားလုံးရဲ့ နယ်မြေမှာ စစ်ကောင်စီကင်းစင်ဖို့ လိုတယ်။မြေပြန့်ဒေသမှာလည်း စစ်ကောင်စီရပ်တည်လို့မရအောင် အဆုံးသတ်တိုက်ထုတ်ဖို့ လိုတယ်။ဗမာ့နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး အလုံးစုံကို ထပ်ပြီး မကြီးစိုး မခြယ်လှယ်တော့အောင် ပြတ်ပြတ်သားသား တိုက်ပွဲဆင်နွှဲရမယ်။

    (more…)

  • လူမျိုးရေး ဘာသာရေး ပဋိပက္ခမီးမွှေးပြီး စစ်ရေး နိုင်ငံရေး အသာစီးယူချင်နေသော အကြမ်းဖက် စစ်ကောင်စီ

    လူမျိုးရေး ဘာသာရေး ပဋိပက္ခမီးမွှေးပြီး စစ်ရေး နိုင်ငံရေး အသာစီးယူချင်နေသော အကြမ်းဖက် စစ်ကောင်စီ

    “အရှိန်ပြင်းပြင်းနဲ့ ဝင်ရောက်တိုက်ခိုက်ရုံတင်သာမက တိုင်းစစ်ဌာနချုပ် အမ်းမြို့ကိုတောင် ခြိမ်းခြောက်ထားနိုင်တဲ့အဆင့်ထိ ရောက်ရှိနေပြီး စစ်တပ်ရဲ့ပထမဦးဆုံး တိုင်းစစ်ဌာနချုပ်တစ်ခု စတင်ဆုံးရှုံးရတော့မလားဆိုပြီး စစ်ရေးစောင့်ကြည့်သူတွေကြား နာမည်ကြီးခဲ့ရတဲ့အထိပင် စွမ်းဆောင်ထားနိုင်ခဲ့”

    “ရခိုင်ပြည်နယ်အရေးနဲ့ပတ်သတ်ပြီး စစ်ကောင်စီအနေဖြင့် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေ ဖန်တီးလာနိုင်တာကြောင့် မိမိတို့အနေဖြင့်အထူးဂရုပြူနေရတယ်” ဆိုတဲ့ အာရက္ခတပ်တော် -AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ပြောကြားထားတဲ့ video file လေးတစ်ခုကို မနေ့က တွေ့မိလိုက်ပါတယ်။ အားလုံးသိတဲ့အတိုင်း ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးပြီးတဲ့နောက်ပိုင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ AA တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး ခြောက်လအတွင်းမှာကို မြို့နယ် ၁၀ ခုလောက်ကို အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။
     
    အာရက္ခတပ်တော် အနေဖြင့် စစ်ဦးဘီလူးဆိုတဲ့ခေါင်းစဥ်အတိုင်း စကစရဲ့ အခြေချဗျူဟာတွေ၊ အခိုင်အမာစစ်စခန်းတွေနဲ့ ပြည်နယ်ချင်းဆက် မြို့တွေကိုပါ အရှိန်ပြင်းပြင်းနဲ့ ဝင်ရောက်တိုက်ခိုက်ရုံတင်သာမက တိုင်းစစ်ဌာနချုပ် အမ်းမြို့ကိုတောင် ခြိမ်းခြောက်ထားနိုင်တဲ့အဆင့်ထိ ရောက်ရှိနေပြီး စစ်တပ်ရဲ့ပထမဦးဆုံး တိုင်းစစ်ဌာနချုပ်တစ်ခု စတင်ဆုံးရှုံးရတော့မလားဆိုပြီး စစ်ရေးစောင့်ကြည့်သူတွေကြား နာမည်ကြီးခဲ့ရတဲ့အထိပင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။
     
    အခု တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်းလောက်ကစပြီး ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ လူ့အခွင့်အရေး အကာအကွယ်ပေးသူ အဖွဲ့အစည်းတွေကြား အထူးအလေးထားစောင့်ကြည့်ခဲ့ရတဲ့ ပြည်နယ်ဖြစ်ပြီး စစ်တပ်ရဲ့ခြေလျင်စစ်ကြောင်းတွေဟာ ရိုဟင်ဂျာလူမျိုးတွေကို ရက်ရက်စက်စက်ဖြင့် ချေးမှုန်းခဲ့ကြတဲ့ ပြည်နယ်တစ်ခုလည်း ဖြစ်ပါတယ်။ ထိုစဥ်က စစ်တပ်အနေဖြင့် အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ခေါင်းစဥ်ဖြင့် ရိုဟင်ဂျာလူမျိုးတွေကို စစ်ဆင်ရေးကြီးတစ်ခုသဖွယ်ရှင်းလင်းခဲ့ကြပြီး အဆိုပါလုပ်ရပ်ကြောင့်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ရိုဟင်ဂျာဒုက္ခသည် သိန်းနဲ့ချီ ထွက်ပြေးခိုလှုံခဲ့ရပါတယ်။

    (more…)

  • ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ်စခန်းအားလုံးကို AA သိမ်းပိုက်ထားနိုင်ပြီ

    ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ်စခန်းအားလုံးကို AA သိမ်းပိုက်ထားနိုင်ပြီ

    RNA_မေ(၁၈)၊၂၀၂၄ ခုနှစ်။

    ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ၏ ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာ လက်အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်စသည်တို့ အားလုံးကို မေလ ၁၈ ရက်နေ့ မွန်းတည့် (၁၂) နာရီခန့်တွင် တစ်ခုမကျန် အာရက္ခတပ်တော် – AA က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

    ဘူးသီးတောင်မြို့နယ်ရှိ နောက်ဆုံးလက်ကျန်စခန်းများဖြစ်သော ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနှင့် GE တပ်ရင်းတို့ကို မေလ ၁၈ ရက်နေ့ကလည်းကောင်း၊ ခမရ (၃၅၃)၊ ခမရ (၅၃၅) ၊ ခမရ (၂၆၃)နှင့် ခမရ (၂၃၃) စသည့် တပ်ရင်း (၄) ရင်းကို မေလ (၁၄) ရက်နေ့ကလည်းကောင်း၊ မေလ (၁၃) ရက်နေ့တွင် နခခ (၃) အားလည်းကောင်း၊ မေလ (၁၆) ရက်နေ့တွင် နခခ (၈) စခန်းအား သိမ်းပိုက်ရရှိခဲ့သည်ဟု AA ထုတ်ပြန်ထားသည်။

    (more…)

  • အနောက်ရိုးမကို ကျော်ဖြတ်ပြီး လွန်မြောက်လာနိုင်သော တော်လှန်ရေးနယ်မြေများ 

    အနောက်ရိုးမကို ကျော်ဖြတ်ပြီး လွန်မြောက်လာနိုင်သော တော်လှန်ရေးနယ်မြေများ 

    “မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့ဟာ ရခိုင်ပြည်နယ် အစပ်တွေ ဖြစ်နေတဲ့အတွက် တနိုင်ငံလုံးစစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးရည်မှန်းချက်ဖြစ်တဲ့ တော်လှန်ရေးအင်အားစုများရဲ့ မျှော်လင့်ချက်ကိုတော့ စစ်ကောင်စီအနေနဲ့ မချိုးဖျက်နိုင်သလို ထိုးစစ်ဆင်လာသမျှအတွင်းမှာလည်း စစ်ကောင်စီတပ်တွေဟာ ဖရိုဖရဲဖြစ်နေတာ အားလုံးအသိဖြစ်ပါတယ်။ အခုချိန်မှာတော့ AA ရဲ့ အောင်ပွဲတွေကတော့ ဗျူဟာကျကျနဲ့ ပုံမှန်လျှောက်လှမ်းနေဆဲသာဖြစ်ပါတယ်။ ကြိုတင်စဉ်းစားဆင်ခြင်နိုင်စွမ်းရှိပြီး မဟာဗျူဟာချမှတ်နိုင်တဲ့ ခေါင်းဆောင်ကောင်းရှိမှုအပေါ်မှာ အခြေခံတဲ့ တပ်အင်အား အစုအဖွဲ့ ကျစ်လစ် တောင့်တင်းခိုင်မာမှု၊ လုံ ၄လုံနဲ့ ပြည့်စုံတဲ့ စစ်နည်းပရိယာယ်ရှိမှုတွေဟာ အောင်ပွဲတွေဖြစ်ပါတယ်” 

    ကေဂျီ – Wiper 

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြတ်သန်းလာခဲ့ကြတဲ့ ၃နှစ်တာ ကာလအတွင်းမှာ ခေါင်းဆောင်ကောင်းနဲ့ စုစည်းညီညွတ်မှု အသီးသီးရှိနေကြတဲ့ ဒေသခံလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဟာ ရည်မှန်းချက်ပန်းတိုင် မဟာဗျူဟာကို ချမှတ်ထားကြပြီး တခုချင်းအကောင်အထည်ဖော်လာတာကို တွေ့ရပါတယ်။ တိုက်ပွဲတစ်ခုခြင်းအပေါ်မှာလည်း အောင်မြင်မှုရရှိစေဖို့ မြေပြင်အခြေအနေနဲ့ ကိုက်ညီတဲ့ နည်းဗျူဟာတွေကို အသေးစိတ်ကအစ ချမှတ်ကျင့်သုံးနိုင်ကြတဲ့အတွက် စစ်ဆင်ရေး အောင်မြင်မှုတွေနဲ့ နယ်မြေစိုးမိုးမှုတွေ ရရှိလာကြတာလည်း တွေ့ရပါတယ်။

    ၂၀၂၄ ခုနှစ်ဟာ ဒေသခံလက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ အားအကောင်းဆုံးနဲ့ အောင်မြင်မှုအရှိဆုံး နှစ်တစ်နှစ်ဖြစ်လာပြီး မြန်မာစစ်တပ်ရဲ့ သမိုင်းတလျောက်မှာ အထိအနာဆုံး ဖြစ်စေခဲ့ပါတယ်။ လူအင်အား လက်နက်အင်အား ယန္တရားများ ပြည်စုံပါတယ်ဆိုတဲ့ နိုင်ငံတခုရဲ့ အကြီးဆုံး စစ်တပ်ကြီးဟာ အလဲလဲအကွဲကွဲနဲ့ မြင်မကောင်း ရှုမကောင်းအောင် ကျဆုံးနေတာကို အားလုံးတွေ့မြင်ရမှာဖြစ်ပါတယ်။ အာဏာရှင် မင်းအောင်လှိုင်ရဲ့ လက်နက်တုတ် ဖြစ်နေတဲ့ စစ်တပ်ဟာ ပြိုလဲချင်တိုင်းပြိုလဲနေတာကြီးဟာ နိုင်ငံတကာက အံ့ဩကြရအောင်ထိ စစ်ရှုံးနေရတာ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့အတူ နွေဦးတော်လှန်ရေးက ဖောက်ဖွားလာတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်တွေဟာ တိုက်ပွဲတွေကို အားအကောင်းဆုံး ဖော်ဆောင်နိုင်တဲ့ နှစ်တစ်နှစ် ဖြစ်လာခဲ့ပါပြီ။

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ AA TNLA နဲ့ MNDAA တို့ရဲ့  ၁၀၂၇ စစ်ဆင်ရေးအဖြစ် ချိန်သားကိုက် တရစပ်ထိုးစစ်ဆင်မှုတွေကနေ စစ်ကောင်စီကင်းစင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို ရရှိခဲ့ကြပြီ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တဲ့ AA တပ်တော်ရဲ့ ရခိုင်ပြည်နယ်တွင်း စစ်ဆင်ရေးဖော်ဆောင် သိမ်းပိုက်မှုတွေဟာလည်း ၆လ ကျော်ကြာလာတဲ့ အချိန်အထိ ရပ်တန့်အားလျော့သွားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးတွေကြားမှာပဲ စစ်တပ်အခိုင်အမာ နေရာယူတပ်စွဲထားတဲ့ မြို့တွေ၊ စစ်ရေးအရ အရေးပါတဲ့ ဗျူဟာကုန်းတွေနဲ့ တပ်စခန်းတွေကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်နိုင်နေဆဲပဲ ဖြစ်ပါတယ်။ 

    ဗျူဟာကောင်းပြီး ခြေသံလုံတဲ့ AA တပ်တော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီရဲ့ ကမ္ဘာ့အဆင့် ၃၈ တပ်မတော်ကြီးဟာ ခုခံစစ်အနေအထားမှာပဲ ရှိတော့တာကို တွေ့ရပါတယ်။ စစ်ရေးအရ မြေပြင်အသာစီးရယူနိုင်တဲ့ တောင်ကုန်းမြေနေရာတွေမှာ စစ်လက်နက်ပစ္စည်းအကောင်းစားတွေနဲ့ အင်ပြည့်အားပြည့် အထိုင်ချတပ်စွဲထားပြီး လေကြောင်း၊ ရေကြောင်း လက်နက်ကြီးပစ်ကူတွေနဲ့ ခုခံကာကွယ်စစ်ကိုသာ အသုံးပြုထားတဲ့ အခြေအနေမှာတောင် စစ်ကောင်စီတပ်တွေဟာ AA ရဲ့ ဖြေးဖြေးမှန်မှန် တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံနေရပြီး အလံဖြူထောင် လက်နက်ချ အရှုံးပေးနေရမြဲဖြစ်သလို နယ်ခြားဖြတ်ကျော် ထွက်ပြေးနေကြဆဲ ဖြစ်ပါတယ်။ 

    (more…)

  • ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်ပွာအောင် စစ်ကောင်စီလုပ်ဆောင်နေ

    ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်ပွာအောင် စစ်ကောင်စီလုပ်ဆောင်နေ

    RNA_မေ(၁၁)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်အတွင်း အစ္စလာမ်ဘာသာဝင်များနှင့် အာရက္ခတပ်တော် AA တို့အကြား လူမျိုးရေး ဘာသာရေး အခြေခံပြီး ပဋိပက္ခဖြစ်ပွားအောင် စစ်ကောင်စီက ပြုလုပ်နေချိန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လူမှုကွန်ရက်မှတဆင့် အစ္စလာမ်ဘာသာဝင်များကို ကယ်ထုတ်နေသည့် ပုံများကို ဖော်ပြထားသည်။

    ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင် စစ်ကောင်စီက မောင်တောမြို့နယ်အတွင်းမှ အစ္စလာမ်ဘာသာဝင်များက အဓမ္မစုဆောင်းပြီး AA အလိုမရှိ၊ စစ်ပွဲအလိုမရှိဆို ဆိုင်းဘုတ်များကိုင်ဆောင်ကာ အဓမ္မဆန္ဒပြခိုင်းမှုများကို ပြုလုပ်ခဲ့ခြင်း၊ စစ်ကောင်စီလော်ဘီများ၏ တယ်လီဂရန်ချန်နယ်များတွင်လည်း ရိုဟင်ဂျာများကို သတ်ဖြတ်နေပြီဆိုသည့် အကြောင်းအရာနှင့် လူမျိုးရေး ဘာသာရေးခြေခံပြီး ဝါဒဖြန့်ချိန်မှုများကို ရခိုင်ပြနည်အတွင်း AA ထိုးစစ်စတင်ချိန်ကတည်းက လုပ်ဆောင်နေကြသည်။

    (more…)

  • ဘူးသီးတောင်စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်ရင်းမှူးအပါအဝင် လက်နက်ချအညံ့ရသူများအား တွေ့ရစဉ်

    ဘူးသီးတောင်စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်ရင်းမှူးအပါအဝင် လက်နက်ချအညံ့ရသူများအား တွေ့ရစဉ်

    RNA_မေ(၆)၊၂၀၂၄ခုနှစ်။
    ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် စစ်ကောင်စီ၏ စကခ (၁၅) တပ်မဌာနချုပ်အား အာရက္ခတပ်တော်-AA မှထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း ဒုတပ်ရင်းမှူးအပါအဝင် လက်နက်ချအညံ့ခံသည့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုဝင်များအား ဧပြီလ ၄ ရက်နေ့က တွေ့ရသည့်ရုပ်သံအား AA ကထုတ်ပြန်ထားသည်။
    [embedyt] https://www.youtube.com/watch?v=UE8G-7_cP0s[/embedyt]
    စစ်ကောင်စီ၏ စကခ (၁၅) တပ်မဌာနချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင် အပြတ်အသတ်ရှုံးနိမ့်ကာ လုံးဝမလွတ်မြောက်နိုင်သည့် အခြေအနေ၌ လက်နက်ချအညံ့ခံခဲ့၍ အသက်ချမ်းသာရာရခဲ့ကြောင်း၊ စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်အား မေလ (၂) ရက်နေ့တွင််အပြီးတိုင်းသိမ်းပိုက်ရရှိခဲ့သည်ဟု AA၏ ထုတ်ပြန်ချက်များအရ သိရသည်။

  • အမ်း – ပဒါန်း လမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ

    အမ်း – ပဒါန်း လမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ

    RNA_မေ(၁)၊၂၀၂၄ ခုနှစ်။

    မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် အမ်း -ပဒါန်း လမ်းပိုင်း တိုက်ပွဲအတွင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) မှ ရဲဘော် ဟန်ဘိုသည် စစ်ရေးတာဝန်များ ထမ်းဆောင်ရင်း လက်နက်ကြီးကျည်ထိမှန်ကာ ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက မြင့်မြတ်စွာ ကျဆုံးသွားကြောင်း သိရသည်။

    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း AA နှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသည့်အတွက် စစ်ကူနှင့် ရိက္ခာပို့ လမ်းကြောင်းများကို အများပြည်သူသုံး ယာဉ်များဖြင့် သွားလာနေသည့်အတွက်ရခိုင်ပြည်နယ် အမ်းမြို့နှင့် မကွေးတိုင်း ပဒါန်းတို့ကို ဆက်သွယ်ထားသော အမ်း-ပဒါန်း ကားလမ်းအား အာရက္ခတပ်တော် – AA နိုဗာစစ်ဒေသ (၁) က ဧပြီလ (၂) ရက်နေ့ကတည်းက အကန့်အသတ်မရှိ အရေးပေါ်ပိတ်ထားခဲ့သည်။

    အာရက္ခတပ်တော်နှင့် မဟာမိတ်များက အမ်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံများကို တိုက်ထုတ်နေစဉ်အတွင်း အမ်းကို စစ်ကူသွားသည့် စစ်ကောင်စီလက်အောက်ခံများက ပဒါန်းကျော်သည်နှင့် လက်နက်ကြီး လက်နက်ငယ်များဖြင့် ကျေးရွာများကို ပစ်ခတ်နေကြောင်း၊ အမ်းတက်သည့် စစ်ကောင်စီတပ်များလည်း လမ်းတွင် ကြားဖြတ်တိုက်ခိုက်ခံရမှုရှိပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

     

    (more…)

  • အမ်း တိုက်ပွဲမှာ ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ရဲဘော်ပါကညော ကျဆုံးခဲ့ရ

    အမ်း တိုက်ပွဲမှာ ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ရဲဘော်ပါကညော ကျဆုံးခဲ့ရ

    RNA_ဧပြီ(၁၁)၊၂၀၂၄ ခုနှစ်။

    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် စစ်ဆင်ရေးအတွင်း ဧပြီလ ၁၀ ရက်နေ့က ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ရဲဘော် ပါကညော (ခ) စောအောင်စိုးလင်း ကျဆုံးခဲ့ရကြောင်း သိရသည်။

    ဓာတ်ပုံ – ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA)၏ အပါတ်စဉ် (၃/၂၂) သင်တန်းဆင်းပွဲမြင်ကွင်း။

    ရဲဘော် ပါကညော (ခ) စောအောင်စိုးလင်းသည် ပြည်သူ့လွတ်လပ်ရေးတပ်တော် အခြေခံစစ်သင်တန်း အပတ်စဥ် (၃) သင်တန်းဆင်းရဲဘော်တစ်ဦးဖြစ်ကြောင်း၊ ရဲဘော်သည် တပ်တော်မှ ပေးအပ်လာသော တာဝန်များကို ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်ခဲ့ခြင်းအား တပ်တော်မှ အလေးအနက် ဂုဏ်ယူအသိအမှတ်ပြုကြောင်း၊ အမ်းစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့ရသည့်အတွက် တပ်တော်အနေဖြင့်များစွာ ဝမ်းနည်းကြေကွဲ ရပါသည်ဟု ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ထုတ်ပြန်ထားသည်။

    ဓာတ်ပုံ – ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA)၏ အပါတ်စဉ် (၃/၂၂) သင်တန်းဆင်းပွဲမြင်ကွင်း။

    (more…)