
Tag: မကွေးတိုင်
-

မြောင်နယ်ထဲဝင်လာသည့် စစ်ကောင်စီတပ်ဘီလူးစစ်ကြောင်း စစ်ကြောင်းမှူးပါအဝင် သေဆုံးသူများ
RNA_မတ်(၂၃)၊၂၀၂၃ ခုနှစ်။မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင်း သောင်းကြမ်းထွက်လာသည့် စစ်ကောင်စီတပ် တပ်မ ၉၉မှ ဘီလူးကွန်မန်ဒို စစ်ကြောင်း မြောင်မြို့နယ်ထဲဝင်လာချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကြောင်းမှူးအပါအဝင် အများအပြားသေဆုံးကြောင်း သိရသည်။တပ်မ (၉၉) မှ ဘီလူးကွန်မန်ဒိုစစ်ကြောင်းတွင် ပျူစောထီးနှင့်ရဲများမပါဝင်သည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ တပ်ကြပ်နှင့် တပ်သားများသာစုစည်းထားသည့် အင်အား (၁၅၀) ခန့်ပါသည့် စစ်ကြောင်းတခုဖြစ်ကြောင်း၊ မတ်လ ၂၂ ရက်နေ့ည ဘီလူးကွန်မန်ဒိုစစ်ကြောင်းကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM နှင့်မဟာမိတ်များက တိုက်ခိုက်သည့်အတွက် ဘီလူးကွန်မန်ဒိုစစ်ကြောင်းမှ စစ်ကြောင်းမှူးအပါအဝင် (၁၉) ဦးသေဆုံးကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ ထံမှ သိရသည်။
ဓာတ်ပုံ – Ko Nway Oo-Myaung- စစ်ကောင်စီတပ် ဘီလူးစစ်ကြောင်းအား တိုက်ခိုက်နေသည့် ရဲဘော်များ။ -

ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး
ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင်
RNA_မတ်(၂၁)၊၂၀၂၃ ခုနှစ်။
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဆေးမင်းတောရွာအနီးတွင် စစ်ကောင်စီတပ် တပ်မ (၇၇) နောက်ချန် စစ်ကြောင်းအား အနီးကပ်ဝင်တိုက်စဉ် လက်နက်အင်အားမမျှသည့်အတွက် ရဲဘော်များပြန်ဆုတ်နိုင်ရန် ကာပစ်ပေးစဉ် ဂန့်ဂေါခရိုင်တပ်ရင်း (၁၇) Yaw Revolution Army-ထီးလင်း တပ်ခွဲ ၃ မှ တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင် ကျဆုံးခဲ့ရသည်။
မကွေးတိုင်း၊ ပခုက္ကူ၊ ပေါက်၊ကျောက်ထုလမ်းပိုင်းအတိုင်းဖြတ်သန်းလာသော စစ်ကောင်စီတပ် ယာဥ်တန်းမှ ကား (၃၂) စီး၊ တပ်မ (၇၇ ) နှင့်အခြားတပ်မများပူးပေါင်းထားသောစခအင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းတို့မှ နောက်ချန်အင်အားကို မတ်လ (၁၈) ရက်နေ့က ဂန့်ဂေါခရိုင်တပ်ရင်း (၁၇) Yaw Revolution Army-ထီးလင်း တပ်ခွဲ ၃ မှအနီးကပ် ဝင်တိုက်ခိုက်ခဲ့ကြစဉ် စစ်ကောင်စီတပ်ဘက်မှ အသေအဆုံးရှိပြီး အင်အားအများအပြားဖြင့် တိုက်ခိုက်ခံရစဉ်တပ်ဆုတ်နိုင်ရန် ကာပစ်ပေးရင်း တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင် ကျဆုံးခဲ့ရခြင်းဖြစ်သည်။
-

လက်လုပ် လက်နက်အများစုဖြင့်သာ ခုခံနေရသည့် ပေါက်တောင်ပိုင်း
RNA_မတ်(၂၀)၊၂၀၂၃ ခုနှစ်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်လုပ်သေနတ် အများစုဖြင့်သာ ကာကွယ်နေရကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေး ရဲဘော်တို့ထံမှ သိရသည်။
“ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တော်တော်များများက လက်နက်အစစ်ရှားပါသေးတယ်၊ မိုင်းခွဲမယ်၊ အဝေးပြစ်တွေနဲ့ ပစ်မယ်၊ ကြားဖြတ်တိုက်မယ်ဆိုရင်တော် မဟာမိတ်တွေနဲ့ စုလုပ်ရပါတယ်။ ရဲဘော်တွေအနေနဲ့ သူပစ် ကိုယ်ပစ်ကြားမှာ အချိန်မရွေးထိခိုက်နိုင်တာပေါ့ အဲဒီအချိန်ဆို စိတ်ထိမ်းနိုင်ဖို့ခက်တယ်၊ ဒီစခတွေကို တော်တော်မုန်းနေကြတာဗျ၊ လူသတ်မီးရှို့ ဖျက်ဆီးနေတာကို အမျိုးမျိုးလည်း ကြိမ်ဆဲကြတာပေါ့၊ ပစ်စရာရှိ ပစ် ပြေးစရာရှိ ပြေးရတာပဲ၊ နယ်မြေစိုးမိုးမှု ဒီကောင်တွေမရအောင် ခုခံနေကြရတာပါ” ဟု တိုက်ပွဲဝင် ရဲဘော်တဦးက ပြောသည်။
[embedyt] https://www.youtube.com/watch?v=2A2GYxsJN6k[/embedyt]
ယခုတပတ် ပေါက်တောင်ပိုင်းဒေသအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ပခုက္ကူခရိုင် အမှတ် (၁၈)တပ်ရင်း (ပေါက်တောင်ပိုင်းပြောက်ကျားတပ်)၊ Daewah Yatkha Team တပ်ဖွဲ့နှင့် Rocket Fighter တပ်ဖွဲ့ စသည်တို့ ပူးပေါင်းကာ ခုခံကာကွယ်ခဲ့ကြကြောင်း သိရသည်။
Red News Agency
-

စစ်ကောင်စီတပ်၏ ၈၅ စီးပါယာဉ်တန်းကို ပဒေသာမိုင်း အလုံး (၂၀) ဖြင့် ဖောက်ခွဲတိုက်ခိုက်
RNA_မတ်(၁၉)၊၂၀၂၃ ခုနှစ်။
ချင်းပြည်နယ်၊ မင်းတပ်ဘက်သို့တက်လာသည့် စစ်ကောင်စီတပ် (၈၅) စီးပါ ယာဉ်တန်းကို ပဒေသာမိုင်း အလုံး(၂၀) ဖြင့် CDF- Mindat တပ်ဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်း၊ ပခုက္ကူမြို့၊ စစ်ကောင်စီတပ် တပ်မ (၁၀၁) မှ ထွက်လာသည့် ယာဉ်တန်း ကျောက်ထု -မင်းတပ်ဘက် တက်လာစဉ် မတ်လ (၁၆) ရက်နေ့က ပဒေသာမိုင်းဖြင့်တိုက်ခိုက်ရာ ယာဉ် (၂) စီး ပျက်စီးသွားပြီး၊ အသေအဆုံး အတိအကျမသိရှိရသေးကြောင်း CDF- Mindat ကထုတ်ပြန်ထားသည်။
-

ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် ပြည်သူ (၆) ဦး ကျဆုံးခြင်း (၂) နှစ်ပြည့်
RNA_မတ်(၁၁)၊၂၀၂၃ ခုနှစ်။
မကွေးတိုင်း၊ မြိုင်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြနေသည့်ပြည်သူများကို စစ်ကောင်စီလက်အောက်ခံများက အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းသဖြင့် ပြည်သူ (၆) ဦးကျဆုံးခဲ့ရသည်မှာ ယနေ့ (၂) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

၂၀၂၁ ခုနှစ် မတ်လ (၁၁) ရက်နေ့က မြိုင်မြို့ လမ်းမထပ်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် စစ်ကောင်စီလက်အောက် ခံများ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့သည့်အတွက် ကိုသက်ဇော်ဦး ( အသက် – ၃၄) နှစ်၊ ကိုသိုက်ပေါ် (အသက် -;၄၀) နှစ်၊ ကိုဉာဏ်ဝင်း (အသက် -၃၆) နှစ်၊။ကိုကြည်ဖြိုးဝေ (အသက် – ၂၀) နှစ်၊ ကိုအောင်ကျော်ဆင့် (အသက် – ၂၀) နှစ်၊ ကိုသိုက်စိုး (အသက် – ၄၀) တို့ ကျဆုံးခဲ့ရသည်။

စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသည့်ပြည်သူများကို မြိုင်မြို့နယ်အတွင်း ရက်ရက်စက်စက် ဖြိုခွင်းသတ်ဖြတ်မှုများကြောင့် ပြည်သူများသည် ခုခံစစ်ကို ပြင်ဆင်ခဲ့ကြပြီး ယနေ့ (၂) နှစ်မြောက်ကာလတွင် မြိုင်မြို့နယ်၌ လက်နက်ကိုင် ခုခံစစ် အားကောင်းနေကြောင်း သိရသည်။
#RedNewsAgency
-

ဗိုလ်စံသျှားပြောသည့် ရန်သူအင်အားကောင်းနယ်မြေက စစ်ရေးလှုပ်ရှားမှု
RNA_မတ်(၈)၊၂၀၂၃ ခုနှစ်။မကွေးမြို့နှင့်နီးစပ်နေသည့် ရန်သူအင်အားကောင်းသည့် ရေနံချောင်းမြို့နယ်နှင့် မကွေးခရိုင်အတွင်းစစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည့် မကွေးခရိုင် အမှတ် (၂) တပ်ရင်း ( People’s Defence Force -Yenangyaung ) တာဝန်ခံ ဗိုလ်စံသျှားက စစ်ရေးအခြေအနေများနှင့် လက်တလောရင်ဆိုင်ကြုံတွေ့နေရသည့်အခြေအနေများကို ပြောကြားထားသည်။[embedyt] https://www.youtube.com/watch?v=mwwKzu8sxvU[/embedyt]#RedNewsAgency -

ကင်းမရွာနေအိမ်များနှင့် စစ်ဘေးရှောင်ပြည်သူများ၏ ရိက္ခာပစ္စည်းများကို စစ်ကောင်စီတပ်မီးရှို့
RNA_မတ်(၄)၊၂၀၂၃ ခုနှစ်။
မကွေးတိုင်း၊ ပေါက်မြို့နယ် (တောင်ပိုင်း)၊ ကင်းမကျေးရွာမှနေအိမ် (၁၄) လုံးနှင့် ကင်းမရွာစစ်ဘေးရှောင်ပြည်သူများ၏ ဖောကားတစ်စီး၊ ဆန်၊ ပဲ၊ အခြားစားသောက်ကုန်စသည်တို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
ပေါက်မြို့မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် မတ်လ (၂) ရက်နေ့တွင် ကင်းမရွာဘက်ရောက်ရှိလာပြီး စစ်ဘေးရှောင်များ၏ ကာလတန်ကြေး သိန်း (၆၀၀) ခန့်ရှိ ပစ္စည်းများ၊ ကင်းမကျေးရွာ နေအိမ်များနှင့် PDF စခန်းတခုတို့ကို မီးရှို့ဖျက်ဆီးသွားသည်ဟုပခုက္ကူခရိုင် အမှတ် (၁၈)တပ်ရင်း ( ပေါက်တောင်ပိုင်း ပြောက်ကျားတပ်) မှ ထုတ်ပြန်ထားသည်။

-

ပျူစောထီးများအားတိုက်ခိုက်ပြီးအပြန် PDF များကို ပြည်သူများကြိုဆို
RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုမှ စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီးများကို တိုက်ခိုက်ပြီးအပြန် PDF ရဲဘော်များကို ပြည်သူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။
[embedyt] https://www.youtube.com/watch?v=XihG37YvjpQ[/embedyt]
PDF မဟာမိတ်တပ်ဖွဲ့ (၃၄)ဖွဲ့မှ ရဲဘော်များလက်နက်ကြီး၊ လပ်နက်ငယ်များဖြင့် ဖေဖော်ဝါရီလ (၂၂) ရက်နေ့က ပျူစောထီးများကို တိုက်ခိုက်ရာ စီးနင်းမှု အောင်မြင်ခါနီးအချိန် စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူများရောက်ရှိလာသည့်အတွက် ဆုတ်ခွါခဲ့ရကြောင်း၊ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်လက်အောက်ခံ ( ၆) ဦးသေဆုံးပြီး၊ PDF များဘက်မှ ရဲဘော် (၂) ဦးဒဏ်ရာရရှိကြောင်း မှ Myaing Underground Defence Force-MUGDF ထုတ်ပြန်ထားသည်။
#RedNewsAgency
-

စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့ကို PDF များတိုက်ခိုက်
ပခုက္ကူ၊မြိုင်၊ပေါက်မြို့နယ် တကျောတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေRNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်တို့တွင် နေ့စဉ်နီးပါး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပျူစောထီးတို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=-EjrML1PM54[/embedyt]ဖေဖော်ဝါရီလ ၁၈ ရက်၊ ၁၉ ရက်နေ့များတွင် ပခုက္ကူမြို့နယ် အနောက်ဘုန်းကံ ကျေးရွာ၊ မြိုင်မြို့ အရှေ့ဘက်နှင့် မြောက်ဘက် ဂိတ်၊ ပေါက်မြို့ပေါ် အိမ်တွင်းမှုကျောင်းမှ ယာကြီးပင်ပျူရွာသို့ စစ်ကူလာသော စစ်ကောင်စီတပ်တို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်ဟု မြိုင် ပကဖမှ သတင်းထုတ်ပြန်ထားသည်။#RedNewsAgency
