Tag: မကွေးတိုင်

  • NUG မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး ဗုံးကြဲခံရပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာ

    NUG မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး ဗုံးကြဲခံရပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာ

    RNA_ဧပြီ(၂၁)၊၂၀၂၃ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ခံ မကွေးတိုင်း၊ ထီးလင်းမြို့နယ် အနောက်ခြမ်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ရုံးကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးနေကြောင်း သိရသည်။

    ထီးလင်းမြို့နယ်နောက်ခြင်းရှိ ပ..ဖ ရုံးကို စစ်ကောင်စီတပ် လေကြောင်းမှ ဧပြီလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ပ..ဖ ရဲဘော် အမျိုးသား () ဦး၊ အမျိုးသမီး () ဦး ကျဆုံးခဲ့ရပြီး၊ အမျိုးသား () ဦး၊ အမျိုးသမီး () ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယနေ့ မြေပြင်မှ ပျူစောထီးများအပါအဝင် စစ်ကောင်စီတပ်စစ်ကြောင်းတို့ စစ်ကြောင်းထိုးလာနေကြောင်း YDF ထီးလင်းမှတာဝန်ရှိသူတဦးကပြောကြားထားသည်။

    (more…)

  • ငြိမ်းဇာနည်တပ်စခန်း တိုက်ပွဲတွင် Myingyan Black Tiger (MBT) မှ ရဲဘော်စောလေးကျဆုံး

    ငြိမ်းဇာနည်တပ်စခန်း တိုက်ပွဲတွင် Myingyan Black Tiger (MBT) မှ ရဲဘော်စောလေးကျဆုံး

    RNA_ဧပြီ(၂၁)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ်(၄) ဖောင်တော်ဦးရပ်ကွက်တွင် စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသော ငြိမ်းဇာနည်တပ်စခန်းအား မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်စဉ် Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ရဲဘော်စောလေး ကျဆုံးခဲ့ရကြောင်း သိရသည်။
     
    ငြိမ်းဇာနည်တပ်စခန်းအား ဧပြီလ ၂၀ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က Myingyan Black Tiger (MBT)တပ်ဖွဲနှင့် ညီနောင်မဟာမိတ်များမှ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စခန်းသိမ်းနိုင်မည့် အခြေအနေရောက်ရှိခဲ့သော်လည်း ရဲဘော်တဦးကျဆုံးပြီး ခဲယမ်း အင်အား မလုံလောက်သည့်အတွက် ပြန်လည်ဆုတ်ခွါခဲ့ကြောင်း MBT က ထုတ်ပြန်ထားသည်။

    (more…)

  • ပုသိမ် – မုံရွာ လမ်းမပေါ်ရှိ ကျောက်တိုင်ကျေးရွာရဲစခန်း တိုက်ခိုက်ခံရပြီး ရဲတပ်သား (၃) ဦးသေဆုံး

    ပုသိမ် – မုံရွာ လမ်းမပေါ်ရှိ ကျောက်တိုင်ကျေးရွာရဲစခန်း တိုက်ခိုက်ခံရပြီး ရဲတပ်သား (၃) ဦးသေဆုံး

    RNA_ဧပြီ(၁၁)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်း၊ မင်းတုန်းမြို့ မြောက်ဘက် (၁၀) မိုင်ခန့်အကွာ ပုသိမ်-မုံရွာလမ်းမကြီးပေါ်ရှိ ကျောက်တိုင်ကျေးရွာတွင် အခြေချတပ်စွဲထားသည့် ရဲစခန်းအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်သည့်အတွက် ရဲတပ်သား (၃) ဦးသေဆုံးကာ (၃) ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
     
    ကျောက်တိုင်ကျေးရွာ ရဲစခန်းအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ သရက်ခရိုင်တပ်ရင်း – ၄ (Eagle Force)၊ လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့ (W.O.L.F)နှင့် မဟာမိတ်ပူးပေါင်းပြီး ဧပြီလ (၁၀) ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     
    ဒေသခံများ၏ ပြောပြချက်အရ ကျောက်တိုင်ရဲစခန်း တိုက်ခိုက်မှုအတွင်း ဧပြီလ ၁၀ ရက်နေ့မှာ ရဲတပ်သား ဇင်ဘိုဘို အသက် (၃၀) နှစ်၊ အမည်မသိရဲ (၁) ဦးသေဆုံးခဲ့ပြီး၊ ဧပြီလ ၁၁ ရက်နေ့မှာ ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံတက်နေရသည့် ရဲတပ်ဖွဲ့ဝင် (၁) ဦးထပ်မံသေဆုံးကြောင်း သိရသည်။
     
    #RedNewsAgency

  • ရှရှား၊ တရုတ်နှင့် မြောက်ကိုရီယားနိုင်ငံတို့မှ စစ်လက်နက်ထုတ်လုပ်ရေးပညာရှင်များရောက်ရှိနေချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

    ရှရှား၊ တရုတ်နှင့် မြောက်ကိုရီယားနိုင်ငံတို့မှ စစ်လက်နက်ထုတ်လုပ်ရေးပညာရှင်များရောက်ရှိနေချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

    RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်း၊ မင်းလှမြို့နယ်၊ အမှတ် (၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံတွင် ရှရှား၊ တရုတ်နှင့် မြောက်ကိုရီယားနိုင်ငံတို့မှ စစ်လက်နက်ထုတ်လုပ်ရေးပညာရှင်များရောက်ရှိနေချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People’s Revolution Alliance (PRA-Magway) ကယနေ့ ထုတ်ပြန်ထားသည်။
    ဓာတ်ပုံ – PRA-Magway တည်ထောင်ခြင်း(၂)နှစ်ပြည့်အခမ်းအနားတွင် တွေ့ရသည့် ရဲဘော်များ။
     
    မင်းလှမြို့နယ်၊ အမှတ် (၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး (၂) လုံးဖြင့် People’s Revolution Alliance (PRA-Magway)၊ အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အထက်မင်းလှ ပ.က.ဖ)၊ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SMPDF)နှင့် အရှိုချင်းကာကွယ်ရေးတပ်၊ Key of Revolution ပြောက်ကျားတပ်တို့ ပူးပေါင်းပါဝင်ပြီး ယမန်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း စက်ရုံအဆောက်အဦ မီးလောင်ပျက်စီးခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ ရှိနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • ကြမ်းဖက်ဖြိုခွင်းခံရမှုအတွင်း ကိုယ်အင်္ဂါချို့ယွင်းခဲ့ရသည့် ကိုလျှံဖြိုးအောင် ထောင်မှပြန်လွတ်

    ကြမ်းဖက်ဖြိုခွင်းခံရမှုအတွင်း ကိုယ်အင်္ဂါချို့ယွင်းခဲ့ရသည့် ကိုလျှံဖြိုးအောင် ထောင်မှပြန်လွတ်

    RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။

    စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ငြိမ်းချမ်းစွာဆန္ဒပြစဉ် အကြမ်းဖက်ဖြိုခွင်းခံရမှုအတွင်း ကိုယ်အင်္ဂါ ချို့ယွင်းခဲ့ရသည့် မကွေး နည်းပညာတက္ကသိုလ်၊ မြို့ပြ အင်ဂျင်နီယာဘာသာရပ်၊ ဒုတိယနှစ်ကျောင်းသား ကိုလျှံဖြိုးအောင် ယနေ့ မကွေးထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

    စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြစဉ်အကြမ်းဖက် ဖြိုခွင်းမှုအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၁၀၀) ဝန်းကျင်အထိ သေဆုံးခဲ့ရသည့် ၂၀၂၁ ခုနှစ် မတ် ၂၇ ရက်က မကွေးမြို့တွင် ကိုလျံဖြိုးအောင် ဒဏ်ရာရရှိကာ မျက်လုံးတဖက်နှင့် ညာဘက်လက် ဆုံးရှုံးခဲ့ရပြီး ခြေထောက်တွင်လည်း ဒဏ်ရာများ ရရှိခဲ့သည်။

    (more…)

  • ရဲဘော်ဝဿန်ကို ဂုဏ်ပြုသောအားဖြင့် ပခုက္ကူစစ်ဒေသမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့

    ရဲဘော်ဝဿန်ကို ဂုဏ်ပြုသောအားဖြင့် ပခုက္ကူစစ်ဒေသမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့

    RNA_ဧပြီ(၄)၊၂၀၂၃ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ရွှေဘိုတက္ကသိုလ်ဝင်ပေါက်မှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည့် ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF မှ ရဲဘော်ဝဿန်ကျဆုံးခဲ့ရသည့်အတွက် ယနေ့နံနက်ပိုင်းက မကွေးတိုင်း၊ ပခုက္ကူစစ်ဒေသတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် အလေးပြုခြင်းအခမ်းအနား ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
     
    ရွှေဘိုတက္ကသိုလ်ဝင်ပေါက်မှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဧပြီလ (၂) ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်မှ (၆) ဦးသေဆုံးကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုအတွင်း ရဲဘော်ဝဿန်နှင့် အခြားတပ်ဖွဲ့မှ ရဲဘော်တဦးတို့ကျဆုံးခဲ့ရသည်။

    (more…)

  • နံနက်စောစော အလစ်အငိုက်တိုက်ခိုက်ခံရပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် (၅) ဦးကျဆုံး

    နံနက်စောစော အလစ်အငိုက်တိုက်ခိုက်ခံရပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် (၅) ဦးကျဆုံး

    RNA_ဧပြီ(၁)၊၂၀၂၃ ခုနှစ်။
     
    ပထမနေ့တိုက်ပွဲအပြီး ဒုတိယနေ့တိုက်ခိုက်ရန် မဟာမိတ်ရဲဘော်များစုနေသည့် တပ်ခွဲစခန်းတခုကို နံနက်စောစော စစ်ကောင်စီတပ်မှ လူအင်အား လက်နက်အင်အားအပြည့်ဖြင့် ဝင်ရောက်တိုက်ခိုက်သည့်အတွက် ရေစကြို ပကဖ ရဲဘော် (၄) ဦးနှင့် YLK ​ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် (၁) ဦးတို့ ကျဆုံးခဲ့ရကြောင်း သိရသည်။
     
    ရေစကြိုမြို့ပေါ်မှ မတ်လ (၃၀) ရက်နေ့ကထွက်လာသည့် အင်အား (၄၀)ပါစစ်ကောင်စီတပ်စစ်ကြောင်းအား ညောင့်စောင်နှင့် သမန္တပိုကျေးရွာအကြားမိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် ဒဏ်ရာများရရှိကာ မြို့ပေါ်ပြန်တက်သွားကြောင်း၊ မတ်လ (၃၁) ရက်နေ့နံနက် (၄)နာရီ (၃၀) မိနစ်ဝန်းကျင်တွင် အင်အား (၇၀) ခန့်ဖြင့် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တပ်ခွဲစခန်းကို စီးနင်းတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးရဲဘော် (၅) ဦးကျဆုံးခဲ့ရသည်။
     
    “စခန်းက စုနေတဲ့ စခန်းတော့မဟုတ်ဘူး၊ အခုက အဖွဲ့ပေါင်းစုံရှိနေတယ်ဆိုတော့ ပထမနေ့တိုက်ပြီး ဒုတိယနေ့ တိုက်ဖို့ဖြစ်မယ်၊ အခုလိုဖြစ်သွားတာက တော်တော်လေးဆိုးပါတယ်၊ ကြားရတာ စိတ်မကောင်းစရာပါ၊ စုစုပေါင်းဆို ၅ ဦးကျသွားတယ်၊ လက်နက်တွေလည်း ပါသွားသေးတယ်ကြားတယ်၊ ကျနော့်အထင်တော့ ရန်သူကို လျှော့တွက်ပြီး ကိုယ့်ဘက်က လက်ဦးမှုယူမယ်လို့ ပြင်ထားပြီးမှ မနက်စောစော အငိုက်ဖမ်းပြီး ရန်သူဝင်လာတော့ ကိုယ့်ဘက်က ဘာမှ  Plan မရှိထားတော့ ခံလိုက်ရတယ်လို့ပဲထင်ပါတယ်၊ လူအင်အား လက်နက်အင်အား မမျှတာလဲ ပါတာပေါ့” ဟု ရေစကြိုမြို့နယ် PDF ရဲဘော်တဦးက ပြောသည်။

    (more…)

  • လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်နေရသည်ဟု PRA-Magway စစ်ဦးစီးချုပ်ပြော

    လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်နေရသည်ဟု PRA-Magway စစ်ဦးစီးချုပ်ပြော

    RNA_မတ်(၂၉)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်းအခြေစိုက် People’s Revolution Alliance – လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနား မိန့်ခွန်းတွင် လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်နေရသည်ဟု PRA-Magway စစ်ဦးစီးချုပ်ပြော ဟာကြူလီက ပြောကြားခဲ့သည်။
    [embedyt] https://www.youtube.com/watch?v=r3tCE2q1Rl4[/embedyt]
    “ ရဲဘော်တို့ ငါတို့တပ်တော်ဟာ လူထုကမွေးဖွားလာပြီး လူထုကိုသစ္စာခံတဲ့ တပ်တော်တခုဖြစ်တယ်၊ ငါတို့ဟာ လူထုလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေရတာဖြစ်တယ်၊ လူထုသာ မထောက်ခံရင် မထောက်ပံ့ရင် ဒီနေ့လို အခြေအနေကို ရောက်လာစရာအကြောင်းမရှိဘူး အဲဒါကြောင့် ငါတို့အားလုံးမှတ်ထားရမှာက ငါတို့ဟာ လူထုရဲ့ အစေခံတွေဖြစ်တယ်။ လူထုသာ ငါတို့ဘက်က မရှိရင် ငါတို့မရှိနိုင်ဘူးဆိုတာကို အမြဲတွေးနေရမယ်” ဟု People’s Revolution Alliance – လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) စစ်ဦးစီးချုပ် ဟာကြူလီက ပြောကြားခဲ့သည်။

    (more…)

  • PDF အမှတ်(၁) စစ်ဒေသ သင်တန်းဆင်းပွဲတွင် လက်နက်နှင့် Drone များပေးအပ်

    PDF အမှတ်(၁) စစ်ဒေသ သင်တန်းဆင်းပွဲတွင် လက်နက်နှင့် Drone များပေးအပ်

    RNA_မတ်(၂၉)၊၂၀၂၃ ခုနှစ်။
    ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)အမှတ်(၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးမှ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှုသင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲဲတွင်ရဲဘော်များကို လက်နက်နှင့် Drone တပ်ဆင်ပေးအပ်ခဲ့ကြောင်း သိရသည်။
    လက်နက်နှင့် Drone စသည်တို့ တပ်ဆင်ပေးအပ်သည့် သင်တန်းဆင်းပွဲကို မတ်လ (၂၇) ရက်နေ့က မကွေးတိုင်းအတွင်း တနေရာတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    (more…)

  • စကစ အထိုင်စခန်းတွေကလွဲရင် နယ်မြေစိုးမိုးထားနိုင်ပြီ

    စကစ အထိုင်စခန်းတွေကလွဲရင် နယ်မြေစိုးမိုးထားနိုင်ပြီ

    RNA_မတ်(၂၄)၊၂၀၂၃ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့်မြိုင်မြို့နယ်တို့တွင် တပ်ဖွဲ့အင်အားများဖြန့်ကျက် အထိုင်ချစခန်းများပြုလုပ်ထားနိုင်သည့်  M7 People’s Defense Army ခေါင်းဆောင် ဗိုလ်မင်းရောင်ကို Red News Agency ကမေးမြန်းထားသည်။

    [embedyt] https://www.youtube.com/watch?v=X37p4UhO4Mw[/embedyt]

    နယ်မြေစိုးမိုးနှင့် လက်တလော အခြေအနေများ၊ လက်နက်ကိုင်တော်လှန်ရေးတွင် ပြည်သူများ၏ ပါဝင်မှုများ၊ နွေဦးတော်လှန်ရေး ပန်းတိုင်စသည်တို့ကို M7 People’s Defense Army ခေါင်းဆောင်ဗိုလ်မင်းရောင်ကပြည့်ပြည့်စုံစုံဖြေကြားထားသည်။

    Red News Agency