Tag: မကွေးတိုင်

  • ကပစ (၁၄) ယမ်းသန့်စင်စက်ရုံ တိုက်ခိုက်ခံရပြီး (၆) လခန့် ရပ်နားရနိုင်

    ကပစ (၁၄) ယမ်းသန့်စင်စက်ရုံ တိုက်ခိုက်ခံရပြီး (၆) လခန့် ရပ်နားရနိုင်

    RNA_ဖေဖော်ဝါရီ(၂၂)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက်၊ စစ်ကောင်စီတပ် အမှတ် (၁၄) စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့် (အဆင့်မြင့်ယမ်းသန့်စင်)စက်ရုံ တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများကြောင့် (၆) လခန့် ရပ်နားရနိုင်ကြောင်း People’s Revolution Alliance မှ ယနေ့ထုတ်ပြန်ထားသည်။

    (more…)

  • အသက်အသေခံပြီး စစ်ကောင်စီတပ်သားများကို မိုင်းကွင်းခေါ်ခဲ့သည့် PDF ဇနီးမောင်နှံ

    အသက်အသေခံပြီး စစ်ကောင်စီတပ်သားများကို မိုင်းကွင်းခေါ်ခဲ့သည့် PDF ဇနီးမောင်နှံ

    RNA_ဖေဖော်ဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာတွင် စစ်ကောင်စီတပ်ဝင်စီးစဉ် ဖမ်းဆီးခံရသည့် ဇနီးမောင်နှံသည် အသက်အသေခံကာ စစ်ကောင်စီတပ်သားများကို မိုင်းကွင်းခေါ်ခဲ့ခြင်းဖြစ်သည်ဟု Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

    Urban Underground Revolution Force (UURF -YSO) တပ်ခွဲမှ PDF ရဲဘော် ကိုပေနှင့်မချိုတို့သည် ဖေဖော်ဝါရီ လ (၁၈) ရက်နေ့တွင် မင်္ဂလာဆောင်ကြမည်ဖြစ်ပြီး မိဘများရောက်ရှိလာသည့်အတွက် သဲတောကျေးရွာတွင် (၁) ညအိပ်စဉ် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ဖေဖော်ဝါရီလ (၁၇) ရက်နေ့က ခံခဲ့ရခြင်း ဖြစ်သည်။

    (more…)

  • ပုသိမ် – မုံရွာလမ်းမကြီး လမ်းပိုင်းနေရာတချို့ကို PDF များထိမ်းချုပ်ထား

    ပုသိမ် – မုံရွာလမ်းမကြီး လမ်းပိုင်းနေရာတချို့ကို PDF များထိမ်းချုပ်ထား

    RNA_ဖေဖော်ဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်းအတွင်းမှ ဖြတ်သန်းဖောက်လုပ်ထားသည့် ပုသိမ် – မုံရွာလမ်းမကြီး၏ တချို့သော လမ်းပိုင်းများကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် – PDF များက ထိမ်းချုပ်ထားကြောင်း သိရသည်။

    အနောက်ပိုင်းတပ်ရင်း(၇၀၃)မှ ရဲဘော်များသည် ပုသိမ် – မုံရွာ လမ်းမကြီးပေါ် သွားလာနေသည့် ပြည်သူများကိုတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့်နယ်မြေများ၌ ခရီးသွားလာရာတွင် အခက်အခဲများရှိပါက ကူညီနိုင်ပေးနိုင်ရန် ပြည်သူများကို မေးမြန်း ကူညီပေးမှုများ ပြုလုပ်ခဲ့ကြကြောင်း အသိပေးထားသည်။

    (more…)

  • ပုသိမ်-မုံရွာလမ်းအတိုင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၀) ကျော်သေဆုံး

    ပုသိမ်-မုံရွာလမ်းအတိုင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး (၂၀) ကျော်သေဆုံး

    RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းအတိုင်း၊ ကျေးရွာတရွာသို့ အင်အား (၄၀) ပါ စစ်ကောင်စီတပ် စစ်ကြောင်းထိုးအပြန် ပြည်သူ့စွမ်းအားတပ်ပေါင်းစု – PPC (ပခုက္ကူခရိုင်အမှတ် (၁၁) တပ်ရင်း)မှ မိုင်း (၉)လုံးဆွဲတိုက်ခိုက်မှုနှင့် အပြန် အလှန်ပစ်ခတ်မှု (၃၅) မိနစ်ခန့်အတွင်း စစ်ကောင်စီဘက်မှ (၂၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

    ပြည်သူ့စွမ်းအားတပ်ပေါင်းစု-PPC (ပခုက္ကူခရိုင် အမှတ် (၁၁) တပ်ရင်း)မှ ဖေဖော်ဝါရီ (၁၄) ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ပြီးပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် (၅) မိနစ်ဝန်းကျင်တွင် စစ်ကောင်စီတပ် အကူများ ရောက်ရှိလာခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက် အကျအဆုံးများခဲ့သော်လည်း ပြန်အဆုတ်တွင် PPC ဒုတပ်စိတ်မှူးရဲ‌ဘော်တဦး ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရပြီး၊ ရဲဘော်တဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    (more…)

  • စာသင်ကျောင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် စီးနင်းပစ်ခတ်ခံရ

    စာသင်ကျောင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် စီးနင်းပစ်ခတ်ခံရ

    RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ကြသည်။

    စခန်းသိမ်းတိုက်ပွဲအဖြစ် ပန်းတိုင်ခြုံကျေးရွာ စာသင် ကျောင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဖေဖော် ဝါရီလ (၁၃) ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရည်ရွယ်တိုက်ခိုက်ခဲ့သော်လည်း (၁၅) မိနစ်ဝန်းကျင်သာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း Young Force (UG)က ထုတ်ပြန်ထားသည်။

    (more…)

  • မကွေးတိုင်း PDF ရဲဘော်များ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ တောတွင်းတနေရာတွင် ပြုလုပ် 

    မကွေးတိုင်း PDF ရဲဘော်များ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ တောတွင်းတနေရာတွင် ပြုလုပ် 

    RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်အခြေစိုက်၊ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ် နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF (ချောက် -ပြူးကြီး) တို့ပူးပေါင်းပြီးလွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၈) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် တောတွင်းတနေရာတွင် ပြုလုပ်ခဲ့ကြသည်။

    (more…)

  • စစ်ကောင်စီတပ် ဝင်စီးခံရပြီး အရာရှိ (၂) ဦးအပါအဝင် (၇) ဦးသေ 

    စစ်ကောင်စီတပ် ဝင်စီးခံရပြီး အရာရှိ (၂) ဦးအပါအဝင် (၇) ဦးသေ 

    RNA_ဖေဖော်ဝါရီ(၁၁)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အခြေစိုက် စစ်ကောင်စီ မွေးမြူရေးတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့နံနက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ် အရာရှိ (၂) ဦးအပါအဝင် (၇) ဦးသေဆုံးခဲ့သည်ဟု မြိုင်ပကဖ Telegram တွင် အသိပေးထားသည်။

    ဓာတ်ပုံ – မြိုင်ပကဖ 

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိ (၂) ဦးအပါအဝင် (၇) ဦးသေဆုံးပြီး (၃) ဦးအရှင်ဖမ်းခံခဲ့ရကြောင်း၊ တပ်စခန်း ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း (၂)၊ တပ်ခွဲ (၁)၊ တပ်ခွဲ၂၊ တပ်ခွဲ (၃)၊ မြစ်ခြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – MCKCစသည့် မဟာမိတ်များ ပူးပေါင်းတိုက် ခိုက်ခဲ့ကြောင်း၊ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ – မြိုင်ပကဖ 

    (သေဆုံးနေသည့် စစ်ကောင်စီတပ်သားများပုံ ကြည့်လိုပါက https://t.me/rednewsagency/1520 နှိပ်ပါ)

    #RedNewsAgency

  • ငဖဲမြို့နယ် စစ်ကောင်စီတပ် ယမ်းချက်စက်ရုံကို RPG ဖြင့် ပစ်ခတ်

    ငဖဲမြို့နယ် စစ်ကောင်စီတပ် ယမ်းချက်စက်ရုံကို RPG ဖြင့် ပစ်ခတ်

    RNA_ဖေဖော်ဝါရီ(၉)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ငဖဲမြို့နယ်အခြေစိုက်၊အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ-၁၄)ရှိ ယမ်းချက်စက်ရုံကို People’s Revolution Alliance – PRA Magway က  RPG (၁)လုံး၊ ၁၀၇ မမ ရှော့တိုက်ဒုံး (၂) လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

    မင်းဘူးခရိုင် စစ်ဒေသအခြေစိုက် People’s Revolution Alliance – PRA Magway ဟောလုံစစ်ကြောင်းနှင့် မောလုံ စစ်ကြောင်းတို့ ပူးပေါင်းကာ ယနေ့ နံနက် (ဖေဖော်ဝါရီ (၉) ရက် ၀၀:၄၀ မိနစ်) စောစောက တိုက်ခိုက်ခဲ့ပြီးအဆောက်အအုံနှင့် ထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု မြေပြင်အတည်ချက်အရ သိရကြောင်း ထုတ်ပြန်ထားသည်။

    #RedNewsAgency

  • ပခုက္ကူ – ရေစကြို ကားလမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေ

    ပခုက္ကူ – ရေစကြို ကားလမ်းမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေ

    RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူ-ရေစကြို ကားလမ်းတနေရာရှိ ကိုရှိန်းဆီဆိုင်ရှေ့၌ အင်အား (၁၄)ဦးပါ ကား (၂) စီးနှင့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများကို ရေစကြို PDF တပ်ဖွဲ့ကာ တိုက်ခိုက်ရာ (၁၀) ဦးသေဆုံးခဲ့သည်။

    သေဆုံး ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများထံမှ Carbine ၆ လက်၊ Carbine ကျည်ဘောက် ၆ ဘောက်၊ ကာဘိုင်ကျည် ၁၄၆ တောင့်၊ MA4 တစ်လက်၊ MA4 ကျည်ဘောက် ၅ ဘောက်၊ ၅.၅၆ ကျည် ၉၄ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ 40 mm ဗုံးသီး ၄ လုံး၊ Phone ၃ လုံး၊ Power bank ၁ လုံး၊ Equipment ၁ ခု၊ ရေဗူး ၁ ဗူး၊ Super custom ကား ၁ စီး၊ ဗလာကျည် ၃ တောင့် သိမ်းဆည်းရမိခဲ့သည်။

    (more…)

  • ရန်သူကို ဘယ်တော့မှ ဒူးထောက်အညံ့ခံမည်မဟုတ်ကြောင်း YDF ရဲဘော်များ သစ္စာဆို 

    ရန်သူကို ဘယ်တော့မှ ဒူးထောက်အညံ့ခံမည်မဟုတ်ကြောင်း YDF ရဲဘော်များ သစ္စာဆို 

    RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောကာကွယ် ရေးတပ် – YDF ရဲဘော်များအနေဖြင့် စစ်အာဏာရှင်နှင့် လက်ပါးစေများဖြစ်သည့် ရန်သူကို ဘယ်တော့မှ ဒူးထောက်အညံ့ခံမည်မဟုတ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲတွင် သစ္စာဆိုခဲ့ကြကြောင်း သိရသည်။

    Photo : Myat Thu 

    (more…)